လူသေကောင်တို့သည်လယ်ပြင်ရှိနောက်ချေး ပုံများ ကဲ့သို့လည်းကောင်း၊ ရိတ်သိမ်းသူစွန့်ပစ်ထားခဲ့သည့်ကောက်လှိုင်း များ၊ အဘယ်သူမျှမစုမသိမ်းသည့်ကောက်လှိုင်း များ ကဲ့သို့လည်းကောင်းပြန့်ကျဲလျက်နေလိမ့်မည်။ ဤကားငါပြန်ကြားပြောဆိုရန်အတွက် ထာဝရဘုရားမိန့်မှာတော်မူသောစကား ဖြစ်၏'' ဟုဆို၏။
လယ် ယာ ပြင် ရှိ မြေ ဩ ဇာ သ ဖွယ်၊ ရိတ် ပြီး စု သိမ်း မဲ့ ကောက် ဆုပ် သ ဖွယ်၊ အ သေ ကောင် တို့ လဲ ကျ လျက် နေ ကြ လိမ့် မည် ဟု၊ ထာ ဝ ရ ဘု ရား အ မိန့် တော် အ တိုင်း ဖွဲ့ ဆို ကြ လော့။
ထာဝရဘုရားမိန့်တော်မူသည်ကား၊ လူသေကောင်တို့သည် လယ်ပြင်၌ နောက်ချေးကဲ့သို့လည်းကောင်း၊ သိမ်းသူမရှိ၊ ရိတ်သောသူနောက်မှာ ကျန်ရစ်သောကောက်လှိုင်းကဲ့သို့လည်းကောင်း ကျနေကြလိမ့်မည်ဟု ကြားပြောလော့။
ထာဝရဘုရားက “လူသေကောင်တို့သည် လယ်ပြင်ရှိနောက်ချေးကဲ့သို့လည်းကောင်း၊ စုသိမ်းသူမရှိ၊ ရိတ်သိမ်းသူနောက်၌ပုံထားသော ကောက်လှိုင်းကဲ့သို့လည်းကောင်း ပြန့်ကျဲနေလိမ့်မည်”ဟု မိန့်တော်မူကြောင်း ပြောကြားလော့။
ဟေဇကိသည်စေတမန်တို့ကိုကြိုဆိုပြီး လျှင် မိမိ၏ဘဏ္ဍာတော်များဖြစ်သည့် ရွှေ၊ ငွေ၊ နံ့သာမျိုး၊ နံ့သာဆီနှင့်လက်နက်ရှိသမျှ ကိုပြ၏။ ပစ္စည်းသိုလှောင်ခန်းများနှင့်နိုင်ငံ တော်အရပ်ရပ်တွင်ရှိသမျှသောအရာများ ကို ထိုသူတို့အားမင်းကြီးပြလေ၏။-
ဟေရှာယက``သူတို့သည်နန်းတော်တွင်း၌ အဘယ်အရာများကိုတွေ့မြင်သွားကြ ပါသနည်း'' ဟုမေးပြန်၏။ ဟေဇကိက``သူတို့သည်နန်းတော်တွင်း၌ရှိ သမျှသောအရာတို့ကိုတွေ့မြင်ကြပါ၏။ ပစ္စည်းသိုလှောင်ခန်းများထဲမှသူတို့အား ငါ မပြသောအရာတစ်စုံတစ်ခုမျှမရှိ'' ဟု မိန့်တော်မူ၏။
သူ၏အလောင်းကိုခွဲခြား၍မသိနိုင်အောင် ထိုအရပ်တွင်နောက်ချေးကဲ့သို့ကြဲလျက်နေ လိမ့်မည်ဟု ပရောဖက်ဧလိယအားဖြင့် ထာဝရ ဘုရားမိန့်တော်မူချက်နှင့်အညီဖြစ်သည်'' ဟုဆို၏။
ပညာရှိတို့ကို သူတို့၏ပရိယာယ်အားဖြင့် ဘမ်းဆီးတော်မူ၏။ လှည့်စားတတ်သောသူတို့၏ တိုင်ပင်ခြင်း ကို အချည်းနှီးဖြစ်စေတော်မူ၏။
လူသည်အဘယ်အခါ၌မျှမိမိကိုယ်ကို မကယ်နိုင်၊ မိမိအသက်၏တန်ဖိုးကိုထာဝရဘုရား အား မပေးမဆပ်နိုင်။
ငွေရတတ်သောသူက၊ ငါ့စည်းစိမ်သည် ခိုင်ခံ့ သောမြို့ဖြစ်၏။ မြင့်သောမြို့ရိုးနှင့်တူသည်ဟု ထင်တတ် ၏။
ငွေရတတ် ခြင်းငှါ မကြိုးစားနှင့်။ ကိုယ်ဥာဏ်ကို အမှီမပြုနှင့်။
ထာဝရဘုရားသည်မိမိ၏လူမျိုးတော် အားအမျက်ထွက်တော်မူ၍ အပြစ်ဒဏ်ခတ် တော်မူရန်လက်တော်ကိုဆန့်တော်မူသဖြင့် တောင်တို့သည်တုန်လှုပ်ကြလိမ့်မည်။ သေသော သူတို့၏အလောင်းများသည်လမ်းများပေါ် တွင်အမှိုက်သရိုက်ကဲ့သို့ကျန်ရစ်လိမ့်မည်။ ထိုအခါ၌ပင်ထာဝရဘုရား၏အမျက် တော်သည်ပြေငြိမ်းလိမ့်မည်မဟုတ်။ ကိုယ်တော် သည်အပြစ်ဒဏ်ခတ်တော်မူရန် လက်တော်ကို ဆန့်လျက်ပင်ထားရှိလိမ့်ဦးမည်။
ထိုသူတို့သည်ကြောက်မက်ဖွယ်ကောင်းသည့် အနာရောဂါဘေးသင့်၍သေရကြလိမ့်မည်။ အဘယ်သူမျှသူတို့အတွက်ငိုကြွေးမြည် တမ်းကြလိမ့်မည်မဟုတ်။ သူတို့၏အလောင်း များကိုလည်းသင်္ဂြိုဟ်ကြလိမ့်မည်မဟုတ်။ ထို အလောင်းတို့သည်မြေပေါ်တွင်နောက်ချေးပုံ များကဲ့သို့ရှိနေကြလိမ့်မည်။ ထိုသူတို့သည် စစ်ပွဲတွင်ကျဆုံးရကြလိမ့်မည်။ သို့မဟုတ် လျှင်လည်းအစာငတ်မွတ်ခေါင်းပါးခြင်းဘေး သင့်၍သေရကြလျက် သူတို့၏အလောင်း များသည်ငှက်များနှင့်တောသားရဲများ ၏အစာဖြစ်လိမ့်မည်။''
ထိုနေ့ရက်ကျရောက်လာသောအခါထာဝရ ဘုရားကွပ်မျက်တော်မူသောသူတို့၏အလောင်း များသည် ကမ္ဘာမြေပြင်တစ်လျှောက်လုံးတွင်ပျံ့နှံ့ လျက်နေလိမ့်မည်။ သူတို့အတွက်အဘယ်သူမျှ ဝမ်းနည်းပူဆွေးမှုပြုလိမ့်မည်မဟုတ်။ အလောင်း များကိုလည်းယူ၍သင်္ဂြိုဟ်ကြလိမ့်မည်မဟုတ်။ ယင်းတို့သည်နောက်ချေးပုံများကဲ့သို့မြေ ပေါ်တွင်ရှိနေလိမ့်မည်။
သို့ဖြစ်၍ငါသည်ဤလူတို့ရှေ့တွင်ခလုတ် များချထားသဖြင့် ခြေချော်၍လဲစေမည်။ ဖခင်များနှင့်သားများသည်လည်းကောင်း မိတ်ဆွေများနှင့်အိမ်နီးချင်းများသည် လည်းကောင်းသေရကြလိမ့်မည်'' ဟု မိန့်တော်မူ၏။
လူသေအလောင်းတို့သည်ငှက်များနှင့်တော သားရဲတို့၏အစာဖြစ်ကြလိမ့်မည်။ ထို တိရစ္ဆာန်များအားခြောက်လှန့်နှင်ထုတ်မည့် သူတစ်စုံတစ်ယောက်မျှရှိလိမ့်မည်မဟုတ်။-
သူတို့သည်မိမိတို့နှစ်သက်ကြည်ညို၊ ဝတ် ပြုရှိခိုး၊ နှီးနှောတိုင်ပင်ခဲ့ကြသည့်နေ၊ လ၊ ကြယ်များအောက်တွင်ထိုအရိုးတို့ကိုဖြန့် ကြဲထားလိမ့်မည်။ ယင်းတို့ကိုစုသိမ်းသင်္ဂြိုဟ် မည့်အစားမြေသြဇာသဖွယ်မြေပေါ်မှာ ခင်းကြလိမ့်မည်။-
ထိုနောက်မိမိတို့၏တန်ခိုးအာဏာကို ဘုရားအမှတ်ဖြင့်ကိုးကွယ်ကြကုန်သောထိုသူတို့သည် လေကဲ့သို့တဟုန်တည်းပြင်းစွာဖြတ်ကျော်ထွက်ခွာသွားကြ၏'' ဟုမိန့်တော်မူ၏။
ထာဝရဘုရားက``ငါသည်လူသားတို့ အပေါ်သို့ဘေးအန္တရာယ်ဆိုးကိုသက် ရောက်စေမည်ဖြစ်၍ လူတိုင်းပင်မျက်မမြင် ကဲ့သို့အမှောင်တွင်စမ်း၍သွားလာရကြ လိမ့်မည်။ သူတို့သည်ငါ့ကိုပြစ်မှားကြ လေပြီ။ ထို့ကြောင့်ငါတို့သည်သူတို့၏ သွေးကိုရေကဲ့သို့သွန်းလောင်းမည်။ သူတို့ ၏အလောင်းများသည်လည်းမြေပေါ်တွင် ပုပ်ပျက်၍နေလိမ့်မည်'' ဟုမိန့်တော်မူ၏။
ထို့ကြောင့်သင်တို့၏အစွမ်းသတ္တိဖြင့်ပစ္စည်းဥစ္စာ ကြွယ်ဝချမ်းသာလာသည်ဟူ၍မထင်မမှတ် နှင့်။-