ထာဝရဘုရားသည်မိမိ၏အစေခံပရော ဖက်များအားဖြင့် မိန့်တော်မူခဲ့သည့်အတိုင်း ယုဒပြည်ကိုဖျက်ဆီးရန် ဗာဗုလုန်၊ ရှုရိ၊ မောဘနှင့်အမ္မုန်တပ်သားများကိုစေလွှတ် တော်မူ၏။-
ယေရမိ 6:3 - Common Language Bible သိုးထိန်းများသည်မိမိတို့သိုးများနှင့်ထို အရပ်တွင်စခန်းချကြလိမ့်မည်။ သူတို့သည် မိမိတို့တဲရှင်များကိုသင်၏ပတ်လည်တွင် ထိုးပြီးလျှင် မိမိတို့အသီးသီးအလိုရှိ ရာတွင်စခန်းချကြလိမ့်မည်။- Garrad Bible သိုး ထိန်း တို့ သည် သိုး အုပ် များ ပါ ချီ လာ လျက်၊ ပတ် ဝန်း ကျင်၌ တဲ ရှင် များ ကို စိုက် ပြီး လျှင်၊ ခြေ ချ ရာ အ ရပ် တွင်၊ အ သီး အ သီး တို့ ထိန်း ကျောင်း နေ ကြ ရာ၊ Judson Bible သိုးထိန်းတို့သည် သိုးစုများပါလျက် သူ့ထံသို့လာ၍၊ သူ့တစ်ဖက်ပတ်လည်၌ တဲဆောက်၍၊ အသီးအသီး မိမိတို့နေရာမှာ ကျက်စားကြလိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း သိုးထိန်းတို့သည် မိမိတို့၏သိုးအုပ်များနှင့်အတူ လာ၍ ဇိအုန်မြို့ပတ်ပတ်လည်၌ တဲထိုးကြမည်။ အသီးသီး မိမိစားကျက်၌ ကျက်စားကြမည်”ဟု မိန့်တော်မူ၏။ |
ထာဝရဘုရားသည်မိမိ၏အစေခံပရော ဖက်များအားဖြင့် မိန့်တော်မူခဲ့သည့်အတိုင်း ယုဒပြည်ကိုဖျက်ဆီးရန် ဗာဗုလုန်၊ ရှုရိ၊ မောဘနှင့်အမ္မုန်တပ်သားများကိုစေလွှတ် တော်မူ၏။-
လူမျိုးခြားဘုရင်အများပင်ငါ၏ စပျစ် ဥယျာဉ်ကိုဖျက်ဆီးပစ်ကြလေပြီ။ သူတို့သည်ငါ၏လယ်ယာများကို နင်းချေပစ်ကြလေပြီ။ နှစ်သက်ဖွယ်ကောင်းသည့်ငါ့ပြည်တော် ကို သဲကန္တာရဖြစ်စေကြလေပြီ။
အို အာရှုရိဘုရင်သင်၏ဘုရင်ခံများသည် အိပ်ငိုက်ကြလေပြီ။ သင်၏မှူးမတ်များသည် လည်းထာဝရအိပ်ပျော်လျက်နေကုန်၏။ သင် ၏ပြည်သူတို့သည်တောင်များပေါ်တွင်ကွဲ လွင့်လျက်ရှိရာသူတို့အားမိမိတို့ပြည် သို့တစ်ဖန်ပြန်လည်ခေါ်ဆောင်ပေးမည့်သူ တစ်ဦးတစ်ယောက်မျှမရှိတော့ပေ။-
ရန်သူများသည်သင့်အားရင်တားဖြင့်ကာဆီး လျက် အဘက်ဘက်မှဝိုင်းရံပိတ်ဆို့နေသည့် အချိန်ကာလကျရောက်လာလိမ့်မည်။-