ကိုက်တစ်ရာခန့်အကွာသို့သွား၍ထိုင်၏။ သူ က``သူငယ်ရေငတ်၍သေသည်ကိုငါမမြင်လို'' ဟုဆို၏။ ထိုအခါသူမသည်ကျယ်လောင်စွာ ငိုလေ၏။
ယေရမိ 6:26 - Common Language Bible ထာဝရဘုရားက မိမိလူမျိုးတော်အား``သင် တို့သည်လျှော်တေကိုဝတ်၍ပြာထဲ၌လူးလှိမ့် ကြလော့။ တစ်ဦးတည်းသောသားအတွက် ငိုကြွေး မြည်တမ်းသကဲ့သို့ဝမ်းနည်းပက်လက်ငိုကြွေး ကြလော့။ အဘယ်ကြောင့်ဆိုသော်သင်တို့အား သုတ်သင်ဖျက်ဆီးရန်လာသူသည် ရုတ်တရက် ဝင်ရောက်တိုက်ခိုက်မည်ဖြစ်သောကြောင့်တည်း။- Judson Bible အို ငါ၏လူမျိုးသတို့သမီး၊ လျှော်တေအဝတ်ကို ဝတ်စည်း၍ ပြာ၌လူးလည်းလော့။ တစ်ယောက်တည်းသောသားသေသည်ကို ငိုကြွေးသကဲ့သို့၊ ငိုကြွေး၍ ပြင်းစွာမြည်တမ်းလော့။ လုယူဖျက်ဆီးသောသူသည် ငါတို့ကို ချက်ချင်းတိုက်လိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း အို ငါ့လူမျိုးသမီးပျို၊ ပျက်စီးခြင်းသည် ငါတို့ထံ ရုတ်တရက်ရောက်လာမည်ဖြစ်၍ လျှော်တေအဝတ်ကိုဝတ်ပြီး ပြာ၌လူးလော့။ တစ်ဦးတည်းသောသားအတွက် ငိုကြွေးမြည်တမ်းသကဲ့သို့ ခါးသီးစွာငိုကြွေးလော့။ |
ကိုက်တစ်ရာခန့်အကွာသို့သွား၍ထိုင်၏။ သူ က``သူငယ်ရေငတ်၍သေသည်ကိုငါမမြင်လို'' ဟုဆို၏။ ထိုအခါသူမသည်ကျယ်လောင်စွာ ငိုလေ၏။
သူသည် ကြောက်မက်ဘွယ်သောအသံကို ကြားလျက်နေရ၏။ စည်းစိမ်ကို ခံစားစဉ်တွင်၊ ဖျက်ဆီး သော သူသည် လာတတ်၏။
ထိုစဉ်အခါကအနန္တတန်ခိုးရှင်ထာဝရ ဘုရားသည် သင့်အားငိုကြွေး၍၊ ဝမ်းနည်းသည့် အမှတ်လက္ခဏာပြရန်နှင့်ခေါင်းတုံးရိတ်၍ လျှော်တေကိုဝတ်ရန်စေခိုင်းတော်မူခဲ့၏။-
ယခုငါ့အားတစ်ကိုယ်တည်းပြင်းပြစွာ ငိုကြွေးခွင့်ပြုပါလော့။ ငါ၏လူအမြောက် အမြားသေကြေပျက်စီးကြပြီဖြစ်၍ ငါ့အားနှစ်သိမ့်ရန်မကြိုးစားပါနှင့်။-
သူတို့သည်ရေမွှေးနံ့မရဘဲပုပ်စပ်နံစော် ၍နေလိမ့်မည်။ လှပသည့်ခါးပတ်များအစား ကြိုးကြမ်းများကိုအသုံးပြုရကြလိမ့်မည်။ ရှုချင်စဖွယ်ကောင်းသောဆံထုံးများအစား ဦးပြည်းခေါင်းတုံးထားရကြလိမ့်မည်။ တင့် တယ်လှပသောဝတ်စားတန်ဆာများအစား အဝတ်စုတ်များကိုဝတ်ဆင်ရကြလိမ့်မည်။ သူတို့၏နှစ်လိုဖွယ်ရာအဆင်းသည်လည်း ရှက်ဖွယ်ရာအဖြစ်သို့ပြောင်းလဲ၍သွား လိမ့်မည်။
သင်တို့သည်အပြစ်ဒဏ်ခံထိုက်သူများသာ တည်း။ သင်တို့သည်တောက်လျှောက်ကွဲအက် လျက်နေသော အုတ်တံတိုင်းမြင့်ကြီးကဲ့သို့ ရုတ်တရက်လဲပြိုပျက်စီးကြလိမ့်မည်။-
သင်တို့သည်ပူပင်သောကမရှိဘဲအေးဆေး စွာနေထိုင်လျက်ရှိကြ၏။ သို့ရာတွင်ယခု အခါထိတ်လန့်တုန်လှုပ်၍နေကြကုန်လော့။ သင်တို့၏အဝတ်များကိုချွတ်၍ခါးတွင် စောင်စုတ်များပတ်ထားကြလော့။-
လူတို့သည်တိုက်ခိုက်လုယက်ရန်သဲကန္တာရရှိ ကုန်းမြင့်များကိုဖြတ်၍လာလေပြီ။ ဤပြည်တစ်ခုလုံးကိုဖျက်ဆီးချေမှုန်းပစ်ရန် ငါသည်စစ်ပွဲကိုဖြစ်ပွားစေလေပြီ။ အဘယ်သူမျှငြိမ်းချမ်းစွာမနေမထိုင် ရကြ။
အကယ်၍သင်တို့နားမထောင်ကြပါမူ ငါသည်သင်တို့၏မာန်မာနထောင်လွှားမှု အတွက် ကြိတ်၍ငိုကြွေးမည်။ ငါသည်ဝမ်းနည်းပက်လက်ငိုကြွေးမည်။ ထာဝရဘုရား၏သိုးစုတော်သည်ဖမ်းဆီး ခေါ်ဆောင် သွားခြင်းကိုခံရပြီဖြစ်၍ငါ့မျက်ရည်စီး ကျမည်။
ငါ၏ကြေကွဲမှုကိုပြည်သူတို့အားဤသို့ ပြောပြရန်ငါ့အားထာဝရဘုရားအမိန့် ပေးတော်မူ၏။ ``ငါ၏မျက်စိများသည်နေ့ညဥ့်မပြတ် မျက်ရည်ထွက်လျက်နေပါစေသော။ ငါ့အမျိုးသားတို့သည်ပြင်းစွာ ဒဏ်ရာရလျက် များစွာနာကျင်လျက်ရှိသဖြင့်၊ငါသည်အဘယ် အခါ၌မျှအငိုမတိတ်နိုင်ဘဲရှိပါစေသော။
ငါသည်သင်တို့၏အမျိုးသမီးများအား မုဆိုးမဖြစ်လျက် အရေအတွက်အားဖြင့်ပင်လယ်ကမ်းခြေ သဲလုံးမကများလေပြီ။ ငါသည်ငယ်ရွယ်သူတို့အားမွန်းတည့်ချိန်၌ သုတ်သင်ခြင်းဖြင့် သူတို့၏မိခင်များပူဆွေးရကြသည်။ သူတို့သည်ရုတ်တရက်ထိတ်လန့်တုန်လှုပ်ကာ ပူပင်သောကရောက်ရကြလေပြီ။
သူတို့၏အိမ်ရာများကိုတိုက်ခိုက်လုယက် ရန်ရုန်းရင်းဆန်ခတ်လူအုပ်အားအမှတ်မ ထင်စေလွှတ်တော်မူပါ။ သူတို့သည်ကြောက် လန့်တုန်လှုပ်လျက်ဟစ်အော်ရကြပါစေ သော။ သူတို့သည်ကျွန်တော်မျိုးလိမ့်ကျစေ ရန်တွင်းကိုတူးကြပါပြီ။ ကျွန်ုပ်အတွက် ထောင်ချောက်ကိုဆင်ကြပါပြီ။-
ထာဝရဘုရားက``ငါသည်ထိတ်လန့်၍အော် ဟစ်သော အသံကိုကြားရ၏။ ထိုအသံသည်ငြိမ်းချမ်းသာယာသည့်အသံ မဟုတ်။ ကြောက်လန့်၍အော်ဟစ်သည့်အသံဖြစ်၏။
သဲကန္တာရမှလေပူကြီးသည် တိုက်ခတ်လာ လိမ့်မည်ဖြစ်ကြောင်းယေရုရှလင်မြို့သား တို့ကြားသိရမည့်နေ့ရက်ကာလသည်ကျ ရောက်လာလိမ့်မည်။ ထိုလေသည်သူတို့အား ဂျုံစပါးလှေ့ရန်တိုက်ခတ်လာခြင်းမဟုတ်။-
ဘေးအန္တရာယ်ဆိုးသည်တစ်ခုပြီးတစ်ခု ပေါ်ပေါက်၍လာ၏။ တစ်ပြည်လုံးပင်ယိုယွင်းပျက်စီး၍ကျန် ခဲ့၏။ ငါတို့၏တဲများသည်တစ်ခဏချင်း၌ဖြို ပျက်လျက် ၎င်းတို့၏ကန့်လန့်ကာတို့သည်စုတ်ပြတ်၍ သွားကြ၏။
သို့ဖြစ်၍လျှော်တေကိုဝတ်၍ငိုကြွေးမြည် တမ်းကြလော့။ အဘယ်ကြောင့်ဆိုသော်၊ထာဝရဘုရား၏ ပြင်းထန်သောအမျက်တော်သည် ယုဒပြည်သို့ဦးတည်လျက်ရှိနေသေး သောကြောင့်ဖြစ်၏။
ထိုသူတို့သည်ငါ့လူမျိုးတော်၏အနာများ ကိုပေါ့ပေါ့တန်တန်သဘောထား၍ကုသ ကြ၏။ `အစစအရာရာအဆင်မပြေချိန် ၌အစစအရာရာအဆင်ပြေပါသည်' ဟုဆိုကြ၏။-
နားထောင်ကြလော့။ အလွန်ဝေးသော တစ်တိုင်းတစ်ပြည်တွင်ငါ၏အမျိုးသား များ ဟစ်အော်နေသံကိုငါကြားရ၏။ ``ထာဝရဘုရားသည်ဇိအုန်မြို့တွင် ရှိတော်မမူတော့ပြီလော။ ဇိအုန်မြို့၏ဘုရင်သည်ထိုမြို့တွင်မရှိတော့ ပြီလော'' သူတို့၏ဘုရင်ထာဝရဘုရားက``သင်တို့သည် အဘယ်ကြောင့်ရုပ်တုများနှင့်၊ ငါ၏အမျက်တော်ကိုလှုံ့ဆော်ပေးကြသနည်း'' ဟုမိန့်တော်မူ၏။
ငါ၏အမျိုးသားတို့သည်အချေမှုန်းခံရ ကြသဖြင့် ငါ၏စိတ်နှလုံးသည်ကြေမွလျက်ရှိ၏။ ငါသည်ငိုကြွေးမြည်တမ်းလျက်၊အလွန့်အလွန် တုန်လှုပ်ချောက်ချားလျက်ရှိ၏။
ငါသည်အသတ်ခံကြသော မိမိအမျိုးသားများအတွက်နေ့ရောညဥ့်ပါ ငိုကြွေးနိုင်ရန်ငါ၏မျက်စိများသည် မျက်ရည်စမ်းကဲ့သို့လည်းကောင်း၊ ငါ၏ဦးခေါင်းသည်လည်းရေတွင်းကဲ့သို့ လည်းကောင်း ဖြစ်စေချင်စမ်းပါဘိ။
ယေရမိက``တောင်ရိုးများအတွက်ငါမြည် တမ်းမည်။ မြက်ခင်းများအတွက်ငါငိုကြွေးမည်။ အဘယ်ကြောင့်ဆိုသော်စားကျက်တို့သည် ခြောက်သွေ့သွား၍ ဖြတ်သန်းသွားလာမည့်သူကင်းမဲ့လျက် နေသောကြောင့်ဖြစ်၏။ သိုးနွားမြည်သံကိုမကြားရကြတော့ပေ။ ငှက်များ၊တောတိရစ္ဆာန်များသည်လည်း ထွက်ပြေးကြလေပြီ'' ဟုဆို၏။
``ထို့ကြောင့်ငါ၏မျက်စိများမှမျက်ရည်တို့သည် ယိုစီး၍နေပေသည်။ ငါ့အားအဘယ်သူမျှနှစ်သိမ့်မှုကိုမပေးနိုင်။ အဘယ်သူမျှစိတ်အားတက်ကြွလာအောင် မပြုနိုင်။ ရန်သူများသည်ငါတို့ကိုအနိုင်ရကြလေပြီ။ ငါ၏လူတို့တွင်လည်းအဘယ်ဥစ္စာပစ္စည်းမျှ မကျန်မရှိတော့ပါ။''
သူသည်တစ်ညဥ့်လုံးငိုကြွေးလျက်နေ၏။ မျက်ရည်များသည်သူ၏ပါးပြင်ပေါ်သို့ စီးဆင်းလာ၏။ သူ၏ယခင်ကမိတ်ဆွေအပေါင်းတို့တွင်သူ့အား နှစ်သိမ့်မှုပေးမည့်သူတစ်စုံတစ်ယောက်မျှ မရှိတော့ပေ။ သူ၏မဟာမိတ်တို့သည်သူ့အားသစ္စာဖောက် ကြလေပြီ။ ယခုအခါသူတို့ကပင်သူ့ကိုရန်ဘက်ပြု၍ နေကြ၏။
ငါ၏မျက်စိများသည်ငိုရလွန်းသဖြင့် နွမ်းနယ်လျက်နေပါ၏။ ငါ၏စိတ်ဝိညာဉ်သည်လည်းပူဆွေးလျက်ရှိပါ၏။ ငါသည်မိမိအမျိုးသားတို့ဆုံးပါးပျက်စီး ကြသည့်အတွက်ဝမ်းနည်းကြေကွဲမှုဖြင့် အားအင်ကုန်ခန်းလျက်နေပေသည်။ သူငယ်နှင့်နို့စို့ကလေးတို့သည်မြို့တွင်းရှိ လမ်းများပေါ်တွင်မေ့မြော၍နေကြ၏။
ကိုယ်တော်သည်ငါ၏မျက်နှာကိုမြေပြင်နှင့် ပွတ်တိုက်တော်မူ၍ ငါ၏သွားတို့ကိုကျောက်ပေါ်တွင်ချိုးတော်မူပါ၏။
ကျွန်တော်မျိုးတို့၏အမျိုးသားများဆုံးပါး ပျက်စီးမှုကြောင့် ကျွန်တော်မျိုး၏မျက်စိများမှမျက်ရည်တို့သည် မြစ်များသဖွယ်စီးဆင်း၍လာပါ၏။
ငါ၏အမျိုးသားတို့ကြုံတွေ့ရသည့် ဘေးအန္တရာယ်ဆိုးသည် ကြောက်မက်ဖွယ်ကောင်းလှ၏။ ချစ်ခင်ကြင်နာတတ်သောမိခင်များပင်လျှင် မိမိတို့သားသမီးများကိုပြုတ်၍စားကြ၏။
ဝံပုလွေမပင်လျှင်မိမိသားငယ်ကိုနို့တိုက် ပြုစုတတ်သော်လည်း ငါ၏အမျိုးသားများမူကား ငှက်ကုလားအုတ်များသဖွယ်မိမိတို့ သားငယ်များ အပေါ်တွင်ရက်စက်ကြပေသည်။
ငါ၏လူမျိုးသည်ထာဝရဘုရား၏လက် တော်ဖြင့် ရုတ်တရက်ပြိုလဲပျက်စီးရသည့် သောဒုံမြို့ထက်အပြစ်ဒဏ်ပို၍ခံရ ပါ၏။
သင်တို့ပျော်ပွဲရွှင်ပွဲများကိုမသာပွဲအဖြစ် သို့ပြောင်းပစ်မည်။ သင်တို့တက်ကြွရွှင်မြူးသော တေးသံတို့ကိုငိုကြွေးသံများဖြစ်သွားစေ မည်။ သင်တို့သည်ဆံပင်များကိုရိတ်ပြီးလျှော် တေအဝတ်ကိုဝတ်ရလိမ့်မည်။ တစ်ဦးတည်း သောသားသေဆုံးသဖြင့်ရတက်ပွားရသည့် မိဘပမာဖြစ်ရကြမည်။ နေဝင်သည့်တိုင် ထိုနေ့တာသည်ဆိုးဝါးလှမည်။
ထိုကြေညာချက်ကိုနိနေဝေမင်းကြား တော်မူသောအခါ ရာဇပလ္လင်ပေါ်မှထ၍ ဝတ်လဲတော်ကိုချွတ်ပြီးလျှင်လျှော်တေကို ဝတ်တော်မူ၏။ ထိုနောက်ပြာထဲတွင်ထိုင် နေတော်မူ၏။-
``ငါသည်ဒါဝိဒ်၏သားစဉ်မြေးဆက်များ နှင့် အခြားယေရုရှလင်မြို့သူမြို့သား တို့အားကရုဏာထားတတ်သောသဘော၊ ဆုတောင်းပတ္ထနာပြုတတ်သောသဘော နှင့်ပြည့်ဝစေမည်။ သူတို့သည်မိမိတို့ဋ္ဌား နှင့်ထိုး၍သတ်ခဲ့သူကိုကြည့်ပြီးလျှင် တစ် ဦးတည်းသောသား၏အတွက်ငိုကြွေးမြည် တမ်းဘိသကဲ့သို့ ထိုသူ၏အတွက်ငိုကြွေး မြည်တမ်းကြလိမ့်မည်။ သူတို့သည်သားဦး သေဆုံးရသူများကဲ့သို့ဝမ်းနည်းပက် လက်ငိုကြွေးမြည်တမ်းကြလိမ့်မည်။-
မြို့တံခါးအနီးသို့ကိုယ်တော်ရောက်ချိန်၌ လူတို့ သည်မုဆိုးမတစ်ယောက်၏တစ်ဦးတည်းသော သား၏အလောင်းကိုသင်္ဂြိုဟ်ရန် မြို့ပြင်သို့ထုတ် ဆောင်လာကြ၏။ ထိုမုဆိုးမနှင့်အတူမြို့သူ မြို့သားတို့သည်လိုက်ပို့ကြ၏။-
ဝမ်းနည်းကြေကွဲကြလော့။ ငိုကြွေးမြည်တမ်း ကြလော့။ သင်တို့၏ရယ်မောခြင်းကိုငိုကြွေး ခြင်းဖြစ်စေကြလော့။ သင်တို့၏ဝမ်းမြောက် ခြင်းကိုစိတ်ညှိုးငယ်စေခြင်းဖြစ်စေကြလော့။-
ချမ်းသာကြွယ်ဝသူတို့၊ ငါ့စကားကိုနားထောင် ကြလော့။ သင်တို့သည်မိမိတို့တွေ့ကြုံရမည့် ဆင်းရဲဒုက္ခများအတွက်ငိုကြွေးမြည်တမ်း ကြလော့။-