ဧဝိလမေရောဒက်သည်ယေခေါနိအားကြင်နာ စွာဆက်ဆံ၍ ဗာဗုလုန်ပြည်တွင်ပြည်နှင်ဒဏ်သင့် လျက်နေသော အခြားဘုရင်များထက်ပို၍ချီး မြှင့်မြှောက်စားတော်မူ၏။-
ယေရမိ 52:32 - Common Language Bible ဧဝိလမရောဒက်သည်ယေခေါနိအား ကြင်နာစွာဆက်ဆံ၍ ဗာဗုလုန်ပြည်တွင် သူနှင့်အတူပြည်နှင်ဒဏ်သင့်သူအခြား ဘုရင်များထက်ပိုမိုချီးမြှင့်မြှောက်စား တော်မူ၏။- Garrad Bible ကောင်း မွန် စွာ နှုတ် ခွန်း ဆက် သ လျက်၊ လက် အောက် ခံ ဗာ ဗု လုန် မြို့ ရှိ ဘု ရင် တ ကာ တို့ ထက် နေ ရာ တော် မြင့် စေ လေ ၏။ Judson Bible ကောင်းမွန်စွာနှုတ်ဆက်၍ သူ၏ပလ္လင်ကို ဗာဗုလုန်မြို့မှ အထံတော်၌ရှိသော မင်းကြီးများထိုင်ရာ ပလ္လင်တို့ထက် ချီးမြှင့်လေ၏။ မြန်မာ့စံမီသမ္မာကျမ်း သူ့ကို ကောင်းမွန်စွာဆက်ဆံပြောဆိုပြီး သူ၏ပလ္လင်ကို ဘေဘီလုံမြို့ရှိ အခြားဘုရင်တို့၏ပလ္လင်ထက် ချီးမြှောက်ထား၏။ |
ဧဝိလမေရောဒက်သည်ယေခေါနိအားကြင်နာ စွာဆက်ဆံ၍ ဗာဗုလုန်ပြည်တွင်ပြည်နှင်ဒဏ်သင့် လျက်နေသော အခြားဘုရင်များထက်ပို၍ချီး မြှင့်မြှောက်စားတော်မူ၏။-
အရှင်ထာဝရဘုရားက``ဘုရင်တကာတို့ တွင် အကြီးမြတ်ဆုံးဖြစ်သည့်ဗာဗုလုန် ဘုရင်နေဗုခဒ်နေဇာအား တုရုမြို့ကို တိုက်ခိုက်ရန်ငါခေါ်ဆောင်ခဲ့မည်။ သူသည် ဘုရင်တကာတို့၏ဘုရင်ဖြစ်လျက်၊ မြင်း များစစ်မြင်းရထားများ၊ မြင်းစီးသူရဲ များနှင့်တကွကြီးမားသောစစ်သည် အလုံးအရင်းနှင့်မြောက်အရပ်မှချီ တက်လာလိမ့်မည်။-
အရှင်မင်းကြီး၊ အရှင်သည်ဘုရင်တကာ တို့တွင် အကြီးမြတ်ဆုံးဖြစ်တော်မူပါ၏။ ကောင်းကင်ဘုံရှင်ဘုရားသခင်သည်အရှင့် အား ထီးနန်းကိုအပ်နှင်းတော်မူ၍တန်ခိုး စွမ်းရည်၊ ဘုန်းအသရေတို့ဖြင့်ပြည့်စုံ စေတော်မူပါပြီ။-