ယေရမိ 52:14 - Common Language Bible သူ၏တပ်သားများကလည်းမြို့ရိုးများကို ဖြိုချကြ၏။- Garrad Bible ကိုယ် ရံ တော် မှူး နောက် ပါ ခါ လ ဒဲ ဗိုလ် ထု တို့ လည်း၊ ယေ ရု ရှ လင် ပတ် လည် မြို့ ရိုး ကို ဖြို ဖျက် ကြ ပြီး လျှင်၊ Judson Bible ကိုယ်ရံတော်မှူး၌ပါသော ခါလဒဲစစ်သူရဲအပေါင်းတို့သည် ယေရုရှလင်မြို့ရိုး ရှိသမျှတို့ကို ဖြိုဖျက်ကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ကိုယ်ရံတော်မှူးနှင့်ပါလာသော ခါလဒဲစစ်သည်အပေါင်းတို့သည် ဂျေရုဆလင်မြို့ပတ်ပတ်လည်ရှိ မြို့ရိုးတစ်လျှောက်လုံးကို ဖြိုဖျက်ကြ၏။ |
သူတို့ကအသက်မသေဘဲကျန်ရှိကာ မိမိတို့ပြည်သို့ပြန်လည်ရောက်ရှိလာ သူတို့သည် များစွာဒုက္ခဆင်းရဲရောက်လျက်အနီးအနား တွင်နေထိုင်သူလူမျိုးခြားတို့၏အထင် သေးမှုကိုခံနေကြရကြောင်းငါ့အား ပြောကြားကြသည်။ ထို့ပြင်ယေရုရှလင် မြို့ရိုးများသည်ပြိုကျလျက်ပင်ရှိနေ သေးကြောင်းကိုလည်းကောင်း၊ မြို့တံခါး များကိုလည်းမီးလောင်ကျွမ်းချိန်မှစ၍ ယနေ့တိုင်အောင်ပြန်လည်မပြင်ဆင်ရ သေးကြောင်းကိုလည်းကောင်းပြောကြား ကြ၏။-
ဤအတောအတွင်း၌ဗာဗုလုန်အမျိုး သားတို့သည် ဘုရင့်နန်းတော်နှင့်ပြည်သူ တို့၏အိမ်များကိုမီးရှို့ကာယေရုရှလင် မြို့ရိုးတို့ကိုဖြိုချကြ၏။-
ကိုယ်တော်အားငါတို့ဝတ်ပြုကိုးကွယ်ရာ ဗိမာန်တော်ကိုအစိတ်စိတ်အမြွှာမြွှာချိုးဖျက် တော်မူပြီ။ ကိုယ်တော်ရှင်သည်ဋ္ဌမ္မပွဲတော်နေ့များနှင့် ဥပုသ်နေ့များကိုအဆုံးသတ်စေတော်မူပြီ။ ရှင်ဘုရင်နှင့်ယဇ်ပုရောဟိတ်တို့သည်အတူတူပင် အမျက်တော်အရှိန်ကိုခံရကြပါ၏။
ရန်သူများသည်သင်၏ဥစ္စာဘဏ္ဍာနှင့်ကုန် ပစ္စည်းများကိုသိမ်းယူကြလိမ့်မည်။ အုတ် နံရံများကိုဖြိုချ၍ သင်၏လှပသော အိမ်များကိုဖြိုဖျက်ကြလိမ့်မည်။ သင်တို့ ၏ကျောက်များ၊ သစ်သားများနှင့်အိမ် အပျက်အစီးများကိုပင်လယ်ထဲသို့ ပစ်လိမ့်မည်။-
ထိုအခါဒံယေလသည်ကွပ်မျက်မှုကို တာဝန်ယူဆောင်ရွက်ရမည့်သူ ဘုရင့်ကိုယ်ရံ တော်တပ်မှူးအာရုတ်ထံသို့သွားရောက်၍၊ အာရုတ်အား``မင်းကြီးသည်အဘယ်ကြောင့် ဤသို့ပြင်းထန်သည့်အမိန့်ကိုထုတ်ဆင့် တော်မူပါသနည်း'' ဟုပါးနပ်လိမ္မာစွာ မေး၏။ အာရုတ်သည်လည်း ဖြစ်ပျက်သည့် အကြောင်းအရာကိုဒံယေလအားပြော ပြ၏။