ဖွဲများကိုလွင့်စဉ်အောင်တိုက်ခတ်သည့်လေ ကဲ့သို့ ဗာဗုလုန်မြို့ကိုဖျက်ဆီးရန်လူမျိုး ခြားတို့ကိုငါစေလွှတ်မည်။ ယင်းသို့ဆုံးပါး ဖျက်ဆီးရာနေ့ရက်ကာလကျရောက်လာ သောအခါ သူတို့သည်အဘက်ဘက်မှနေ၍ တိုက်ခိုက်ကာထိုမြို့ကိုအကုန်အစင်ပယ် ရှင်းလိမ့်မည်။-
ဗာ ဗု လုန် မြို့ ကို ဝန်း ဝိုင်း လှေ့ ယပ်၍၊ တိုင်း ပြည် ကို လွတ် လပ် စေ မည့် လှေ့ ယပ် သူ တို့ ကို၊ ငါ လွှတ် မည် ဟု ထာ ဝ ရ ဘု ရား မိန့် တော် မူ ၏။
ဆန်ကောနှင့် ပြာတတ်သော သူတို့ကို ဗာဗုလုန်မြို့သို့ ငါစေလွှတ်သဖြင့်၊ သူတို့သည် တစ်ပြည်လုံးကိုပြာ၍ ရှင်းလင်းကြလိမ့်မည်။ အမှုရောက်သောကာလ၊ သူတို့သည် မြို့ပတ်ဝန်းကျင်တို့၌ ရန်ဘက်ပြုလျက် နေကြလိမ့်မည်။
ဘေဘီလုံမြို့သို့ ခြွေလှေ့သူတို့ကို စေလွှတ်မည်။ သူတို့သည် ထိုမြို့ကို လှေ့၍ သုတ်သင်ရှင်းလင်းလိမ့်မည်။ ဘေးအန္တရာယ်ကျရောက်မည့်နေ့၌ အဘက်ဘက်မှတိုက်ခိုက်ကြလိမ့်မည်”ဟု မိန့်တော်မူ၏။
ယင်းတို့ကိုသင်တို့သည်လှေ့ကြလျက် လေများကတိုက်ခတ်ဆောင်ယူပြီးလျှင် မုန်တိုင်းများကလွင့်စင်သွားစေလိမ့်မည်။ သို့ရာတွင်ငါသည်သင်တို့၏ဘုရားဖြစ် တော်မူရကား၊ သင်တို့သည်ဝမ်းမြောက်ရွှင်လန်းရကြလိမ့် မည်။ သင်တို့သည်လည်းဣသရေလအမျိုးသားတို့၏ သန့်ရှင်းမြင့်မြတ်တော်မူသည့်ဘုရားသခင် တည်း ဟူသောငါ့အားထောမနာပြုကြလိမ့်မည်။
ဣသရေလအမျိုးသားတို့အားသန့်ရှင်းမြင့် မြတ်သည့် ဘုရားသခင်၊ သင်တို့ကိုကယ်တော်မူသောထာဝရဘုရားက ``ငါသည်သင်တို့အားကယ်ရန်စစ်သည်ဗိုလ်ခြေ တို့ကို ဗာဗုလုန်ပြည်သို့စေလွှတ်မည်။ မြို့တံခါးများကိုငါဖျက်ချမည်။ မြို့သူမြို့သားတို့၏ကြွေးကြော်သံသည် ငိုကြွေးသံအဖြစ်သို့ပြောင်းလဲသွားလိမ့်မည်။
``လေတွင်လွင့်ပါသွားသည့်ဖွဲကဲ့သို့သင်တို့ အား ဤပြည်ရှိအမြို့မြို့တို့၌ကွဲလွင့်သွားစေလေပြီ။ ငါ၏လူမျိုးတော်၊ သင်တို့သည်မိမိတို့၏ ဆိုးညစ်သည့် လမ်းစဉ်ကိုမစွန့်ကြသဖြင့်၊ သင်တို့အားဝမ်းနည်းကြေကွဲစေ၍ ငါသုတ်သင်ပယ်ရှင်းခဲ့လေပြီ။
``ဗာဗုလုန်မြို့ကိုတိုက်ခိုက်ရန်လေးသမား တို့အားပြောကြားကြလော့။ လေးနှင့်မြား ကိုအသုံးပြုတတ်သူမှန်သမျှကိုစေလွှတ် ကြလော့။ မြို့ကိုဝိုင်းရံထားကြလော့။ အဘယ် သူမျှထွက်မပြေးစေနှင့်။ ထိုမြို့သားတို့အား လက်စားချေကြလော့။ သူတို့သည် သူတစ်ပါး တို့အားပြုကျင့်ခဲ့ကြသည့်အတိုင်းသူတို့ အားပြုကျင့်ကြလော့။ အဘယ်ကြောင့်ဆို သော်သူတို့သည်ဣသရေလအမျိုးသားတို့ ၏သန့်ရှင်းမြင့်မြတ်တော်မူသောအရှင် ဖြစ်သူငါ့ကိုမာနထောင်လွှားစွာဆန့် ကျင်ခဲ့ကြပြီ။-
မာန်မာနထောင်လွှားသည့်သင်တို့နိုင်ငံသည် ခြေချော်၍လဲလိမ့်မည်။ သင့်အားပြန်ထရန် အဘယ်သူမျှကူမလိမ့်မည်မဟုတ်။ ငါ သည်သင်တို့၏မြို့များကိုမီးလောင်ကျွမ်း စေမည်ဖြစ်၍ သင်တို့ပတ်လည်တွင်ရှိသမျှ သောအရာတို့သည်ပျက်စီးလိမ့်မည်'' ဟု မိန့်တော်မူ၏။
သင်တို့အနက်သုံးပုံတစ်ပုံသောလူတို့ မြို့တွင်း၌အနာရောဂါဘေး၊ ငတ်မွတ်ခြင်း ဘေးတို့ဖြင့်သေကြလိမ့်မည်။ အခြားသုံး ပုံတစ်ပုံမှာမြို့ပြင်၌ဋ္ဌားဘေးသင့်၍သေ ကြလိမ့်မည်။ ကျန်သုံးပုံတစ်ပုံကိုမူလေ တွင်လွင့်စင်သွားစေလျက်ငါသည်ဋ္ဌားဖြင့် လိုက်လံတိုက်ခိုက်မည်။
လက်တော်တွင်စပါးလှေ့ရန်ဆန်ကောကိုကိုင်၍ ထားတော်မူ၏။ မိမိ၏ကောက်နယ်တလင်းကို ရှင်းလင်းပြီးနောက် ဂျုံစပါးကိုကျီတွင်စုသိမ်း ထားတော်မူလိမ့်မည်။ အဖျင်းများကိုမူငြိမ်း သတ်၍မရနိုင်သောမီးနှင့်ရှို့တော်မူလိမ့်မည်'' ဟုဟောပြော၏။