အကယ်၍အနန္တတန်ခိုးရှင်ထာဝရဘုရားသာလျှင် မြို့သူမြို့သားအချို့တို့အားအသက်မသေဘဲကျန်ရစ်စေတော်မမူပါလျှင်၊ ယေရုရှလင်မြို့သည် သောဒုံမြို့နှင့်ဂေါမောရမြို့တို့ကဲ့သို့လုံးဝပျက်သုဉ်း၍သွားမည်သာဖြစ်၏။
ယေရမိ 50:40 - Common Language Bible သောဒုံမြို့၊ ဂေါမောရမြို့နှင့်နီးနားဝန်းကျင် ကျေးရွာများသည် ငါ၏ဖျက်ဆီးခြင်းကိုခံခဲ့ ရသည့်နည်းတူ ဗာဗုလုန်မြို့သည်လည်းခံရ လိမ့်မည်။ ကာလအနည်းငယ်မျှပင်လျှင်ထို မြို့တွင်နေထိုင်သူတစ်ဦးတစ်ယောက်မျှရှိ လိမ့်မည်မဟုတ်။ ဤကားငါထာဝရဘုရား မြွက်ဟသည့်စကားဖြစ်၏။ Garrad Bible ငါ ဘု ရား သ ခင် ဖြို လှဲ ခဲ့ သော သော ဒုံ၊ ဂေါ မော ရ မှ စ၍၊ နီး စပ် သော မြို့ ရွာ များ နည်း တူ၊ ထို ပြည် တွင် နေ ထိုင် သူ လူ သ တ္တ ဝါ၊ တည်း ခို သူ လူ့ သား ရှိ တော့ မည် မ ဟုတ်။ Judson Bible သောဒုံမြို့နှင့် ဂေါမောရမြို့မှစ၍ နီးစပ်သော မြို့များကို ဘုရားသခင် ဖျက်ဆီးတော်မူသဖြင့် လူဆိတ်ညံသကဲ့သို့၊ ဗာဗုလုန်မြို့၌ အဘယ်သူမျှ မနေရ၊ လူသားတစ်စုံတစ်ယောက်မျှ နေရာမကျရဟု၊ ထာဝရဘုရား မိန့်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားက “ထိုပြည်သည် ဘုရားသခင်ဖျက်ဆီးပစ်သည့် သောဒုံမြို့၊ ဂေါမောရမြို့နှင့် အိမ်နီးချင်းမြို့တို့ကဲ့သို့ ဖြစ်မည်။ မည်သူမျှ ထိုပြည်၌ နေထိုင်တော့မည်မဟုတ်။ တည်းခိုသောသူ ရှိတော့မည်မဟုတ်။ |
အကယ်၍အနန္တတန်ခိုးရှင်ထာဝရဘုရားသာလျှင် မြို့သူမြို့သားအချို့တို့အားအသက်မသေဘဲကျန်ရစ်စေတော်မမူပါလျှင်၊ ယေရုရှလင်မြို့သည် သောဒုံမြို့နှင့်ဂေါမောရမြို့တို့ကဲ့သို့လုံးဝပျက်သုဉ်း၍သွားမည်သာဖြစ်၏။
သောဒုံမြို့၊ ဂေါမောရမြို့နှင့်နီးနားဝန်း ကျင်ကျေးရွာများသည် သုတ်သင်ဖျက်ဆီး ခြင်းကိုခံရသည့်နည်းတူဧဒုံပြည်သည် လည်းခံရလိမ့်မည်။ ကာလအနည်းငယ်မျှ ပင်လျှင်ထိုပြည်တွင်နေထိုင်မည့်သူတစ်ဦး တစ်ယောက်မျှရှိလိမ့်မည်မဟုတ်။ ဤကား ငါထာဝရဘုရားမြွက်ဆိုသည့်စကား ဖြစ်၏။-
သင်ယိုယွင်းပျက်စီးရာမှကျန်ရစ်သောကျောက် တုံးများကို အဆောက်အအုံတည်ဆောက်ရာတွင် နောင်အဘယ်အခါ၌မျှအသုံးပြုကြတော့ မည်မဟုတ်။ သင်သည်ထာဝစဉ်လူသူကင်းမဲ့ ရာဖြစ်၍နေလိမ့်မည်။ ဤကားငါထာဝရ ဘုရားမြွက်ဟသည့်စကားဖြစ်၏။
``ငါသည်သောဒုံနှင့်ဂေါမောရမြို့များ ကိုဖြိုဖျက်သကဲ့သို့ သင်တို့လူအချို့ကို လည်းဖျက်ပယ်ခဲ့ပြီ။ ကျန်ကြွင်းသူတို့မှာ လည်းမီးထဲမှပြန်၍ဆယ်ယူလိုက်သည့် ထင်းစသဖွယ်ဖြစ်ခဲ့ရ၏။ သို့သော်လည်း သင်တို့သည်ငါ့ထံသို့ပြန်မလာသေးဘဲ နေကြလေပြီ'' ဟုထာဝရဘုရားမိန့် တော်မူ၏။-
ငါသည်ဧကန်အမှန်ဣသရေလအမျိုး သားတို့၏အသက်ရှင်တော်မူသောဘုရား ဖြစ်တော်မူသည်အတိုင်း မောဘပြည်နှင့် အမ္မုန်ပြည်သည်သောဒုံနှင့်ဂေါမောရမြို့ တို့ကဲ့သို့သုတ်သင်ဖျက်ဆီးခြင်းခံရလိမ့် မည်ဖြစ်ကြောင်းကျိန်ဆိုဖော်ပြပါ၏။ ထို ပြည်တို့သည်ဆားမြေတူးရာအရပ်ဖြစ် လျက် ထာဝရယိုယွင်းပျက်စီးကာပေါင်း ပင်များနှင့်ဖုံးလွှမ်း၍နေလိမ့်မည်။ ငါ၏ လူမျိုးတော်အနက်မှအသက်မသေဘဲ ကျန်ရှိနေသူတို့သည် ထိုသူတို့ကိုတိုက် ခိုက်လုယက်ကာသူတို့၏ပြည်ကိုသိမ်း ယူကြလိမ့်မည်။
ထို့အပြင် ``အနန္တတန်ခိုးရှင်ထာဝရဘုရား သည်ငါတို့လူမျိုးမပျောက်ကွယ်သွားစေရန် ငါတို့သားမြေးအချို့တို့ကိုချမ်းသာပေး တော်မမူခဲ့လျှင် ငါတို့သည်သောဒုံမြို့နှင့် ဂေါမောရမြို့တို့၏ကံကြမ္မာနှင့်တွေ့ကြုံ ကြလိမ့်မည်'' ဟုယခင်ကဟေရှာယဖော်ပြ ခဲ့သည့်အတိုင်းပင်ဖြစ်ပေသည်။
လယ်မြေများတွင်ကန့်နှင့်ဆားပေါက်စေ သဖြင့် တောကန္တာရအတိဖြစ်လိမ့်မည်။ မည် သည့်အပင်ကိုမျှစိုက်ပျိုး၍မရ။ ပေါင်း ပင်များပင်လျှင်မပေါက်နိုင်။ သင်တို့ပြည် သည်ထာဝရဘုရားပြင်းစွာအမျက် ထွက်၍ ဖျက်ဆီးခဲ့သောသောဒုံနှင့်ဂေါ မောရမြို့၊ အာဒမာမြို့နှင့်ဇေဘိုင်မြို့ များကဲ့သို့ပျက်စီးလိမ့်မည်။-
ဘုရားသခင်သည်သောဒုံနှင့်ဂေါမောရမြို့ တို့ကိုမီးလောင်ကျွမ်းစေသောအားဖြင့်အပြစ် ဒဏ်စီရင်တော်မူ၏။ ဤနည်းအားဖြင့်ကိုယ်တော် သည်နောင်အခါတွင် ဆိုးသွမ်းယုတ်မာသူတို့ မည်ကဲ့သို့အပြစ်ဒဏ်ခံရမည်ကိုနမူနာ အဖြစ်ပြတော်မူ၏။-
သောဒုံမြို့နှင့်ဂေါမောရမြို့တို့ကိုလည်း ကောင်း၊ ထိုမြို့များ၏ပတ်ဝန်းကျင်ရှိမြို့များ ကိုလည်းကောင်းသတိရကြလော့။ ထိုမြို့ တို့မှမြို့သူမြို့သားတို့သည်အဆိုပါ ကောင်းကင်တမန်များကဲ့သို့ ကာမဂုဏ် လိုက်စား၍သဘာဝနှင့်ဆန့်ကျင်သည့် အပျော်အပါးကိုလိုက်စားခဲ့ကြ၏။ လူ အပေါင်းတို့အားရှင်းလင်းပြတ်သားစွာ သတိပေးသည့်အနေဖြင့် သူတို့သည် ထာဝရတောက်လောင်သောမီးတွင်အပြစ် ဒဏ်ကိုခံရကြသည်။
သူတို့၏အလောင်းများသည်မြို့ကြီးများ ၏လမ်းပေါ်တွင်ကျန်ရစ်ကြလိမ့်မည်။ ထိုမြို့ ကားသူတို့၏အရှင်သခင်လက်ဝါးကပ်တိုင် တွင်တင်၍အသတ်ခံရာမြို့ဖြစ်၏။ ယင်းမြို့ သည် သောဒုံမြို့သို့မဟုတ်အီဂျစ်ပြည်ကို သရုပ်ဆောင်သောမြို့ဖြစ်သတည်း။-