သို့ရာတွင်အာရှုရိဘုရင်သည်အကြမ်းဖက် လိုသဖြင့် မိမိကိုယ်ပိုင်အကြံအစည်များ ကိုပြုလုပ်ထားလေသည်။ သူသည်တိုင်းနိုင်ငံ အမြောက်အမြားကိုဖျက်ဆီးပစ်ရန်သန္နိ ဋ္ဌာန်ချကာ၊-
ယေရမိ 49:30 - Common Language Bible ``ဟာဇော်မြို့သားတို့၊ ရပ်ဝေးသို့ထွက်ပြေး ပုန်းအောင်းနေကြရန် သင်တို့အားငါထာဝရ ဘုရားသတိပေး၏။ ဗာဗုလုန်ဘုရင်နေဗုခဒ် နေဇာသည်သင်တို့ကိုလုပ်ကြံရန်ကြံစည် ထားလေပြီ။- Garrad Bible အို ဟာ ဇော် ပြည် သား တို့၊ ဗာ ဗု လုန် ဘု ရင် နေ ဗု ခဒ် နေ ဇာ မင်း သည်၊ သင် တို့ အ ပေါ် တွင် တိုင် ပင် ကြံ စည် ပြီး ဖြစ် သော ကြောင့်၊ ဝေး ကွာ စွာ ထွက် ပြေး လျက်၊ နက် ရှိုင်း စွာ အောင်း ကြ လော့ ဟု မိန့် တော် မူ၏။ Judson Bible ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဟာဇော်ပြည်သားတို့၊ ဝေးစွာပြေးသွားကြလော့။ နက်နဲသော အရပ်တို့၌ နေကြလော့။ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် သင်တို့ကိုရည်ဆောင်၍ စီရင်မည်ဟု သင်တို့တစ်ဖက်၌ ကြံစည်သောအကြံအစည် ရှိ၏။ မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားက “အို ဟာဇော်မြို့သူမြို့သားတို့၊ ပြေးကြ။ အဝေးသို့ ပြေးကြ။ ပုန်းအောင်းနေကြ။ ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးသည် သင်တို့ကိုဦးတည်၍ လျှို့ဝှက်ကြံစည်လေပြီ။ စစ်ပြင်လေပြီ”ဟု မိန့်တော်မူ၏။ |
သို့ရာတွင်အာရှုရိဘုရင်သည်အကြမ်းဖက် လိုသဖြင့် မိမိကိုယ်ပိုင်အကြံအစည်များ ကိုပြုလုပ်ထားလေသည်။ သူသည်တိုင်းနိုင်ငံ အမြောက်အမြားကိုဖျက်ဆီးပစ်ရန်သန္နိ ဋ္ဌာန်ချကာ၊-
`ငါသည်မြောက်အရပ်မှလူမျိုးများနှင့်ငါ ၏အစေခံဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာ ကိုဆင့်ခေါ်ကာ ဤပြည်သူပြည်သားအပေါင်း တို့နှင့်နီးနားပတ်ဝန်းကျင်ရှိပြည်သူများ မှလူမျိုးအပေါင်းတို့အားတိုက်ခိုက်စေမည်။ ငါသည်ယင်းတို့ကိုအကြွင်းမဲ့ဖျက်ဆီး၍ ထာဝစဉ်ယိုယွင်းပျက်စီးစေသဖြင့်ရှုမြင် ရသူတို့လန့်ဖျပ်တုန်လှုပ်ကြလိမ့်မည်။ ဤ ကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏။-
လူမျိုးတကာတို့အားငါ၏အစေခံနေ ဗုခဒ်နေဇာ၏လက်အောက်သို့ကျရောက်စေ သူမှာငါပင်ဖြစ်၏။ ငါသည်တောတိရစ္ဆာန် များကိုပင်လျှင်သူ၏အစေကိုခံစေလေ ပြီ။-