သို့ဖြစ်၍အနန္တတန်ခိုးရှင်ထာဝရဘုရား က``ငါသည်သူတို့အားအပြစ်ဒဏ်ခတ်မည်။ သူတို့၏လူငယ်လူရွယ်များသည်စစ်ပွဲတွင် ကျဆုံးကြလိမ့်မည်။ သူတို့၏ကလေးသူငယ် များသည်လည်း အစာရေစာငတ်၍သေကြ လိမ့်မည်။-
ယေရမိ 49:26 - Common Language Bible သို့ဖြစ်၍ထိုနေ့ရက်ကာလကျရောက်သော အခါ လူငယ်လူရွယ်များနှင့်စစ်သူရဲအ ပေါင်းတို့သည်မြို့လမ်းများအပေါ်တွင် အသတ်ခံရကြလိမ့်မည်။- Garrad Bible လက် ရွေး သူ တို့ သည်၊ လမ်း ဆုံ များ ၌ ကျ ဆုံး ခြင်း၊ စစ် သူ ရဲ အ ပေါင်း တို့ လည်း၊ ပယ် ရှား ခြင်း ကို၊ Judson Bible သို့ဖြစ်၍၊ ထိုမြို့သားလုလင်တို့သည် လမ်းမတို့၌လဲ၍၊ ထိုနေ့တွင် စစ်သူရဲအပေါင်းတို့သည် ဆုံးရှုံးကြလိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် လူပျိုတို့သည် မြို့လမ်းမများ၌ လဲကျကြလိမ့်မည်။ ထိုနေ့ရက်၌ စစ်သူရဲအပေါင်းတို့သည် ကျဆုံးကြလိမ့်မည်။ |
သို့ဖြစ်၍အနန္တတန်ခိုးရှင်ထာဝရဘုရား က``ငါသည်သူတို့အားအပြစ်ဒဏ်ခတ်မည်။ သူတို့၏လူငယ်လူရွယ်များသည်စစ်ပွဲတွင် ကျဆုံးကြလိမ့်မည်။ သူတို့၏ကလေးသူငယ် များသည်လည်း အစာရေစာငတ်၍သေကြ လိမ့်မည်။-
သူတို့၏လူငယ်လူရွယ်များသည်မြို့လမ်း များပေါ်တွင်အသတ်ခံရကြလိမ့်မည်။ သူ တို့၏စစ်သည်တပ်သားအပေါင်းတို့သည် လည်းထိုနေ့၌သုတ်သင်ပယ်ရှင်းခြင်းကို ခံရကြလိမ့်မည်။ ဤကားငါထာဝရ ဘုရားမြွက်ဟသည့်စကားဖြစ်၏။
သေမင်းသည်ငါတို့၏ပြူတင်းပေါက်အားဖြင့် ငါတို့ဘုံဗိမာန်များသို့ဝင်ရောက်လာလေပြီ။ သူသည်လမ်းများပေါ်ရှိကလေးသူငယ် တို့နှင့်၊ စျေးရပ်ကွက်များရှိလူငယ်လူရွယ်တို့ကို သတ်ဖြတ်လေပြီ။
လူကြီးလူငယ်တို့သည်လမ်းများပေါ်တွင် လဲ၍သေရကြပါ၏။ ပျိုရွယ်သူအမျိုးသားအမျိုးသမီးများသည် ရန်သူ၏ဋ္ဌားဘေးသင့်၍သေရကြပါ၏။ ကိုယ်တော်ရှင်သည်အမျက်ထွက်တော်မူသောနေ့၌ သနားညှာတာခြင်းမရှိဘဲ သူတို့ကိုကွပ်မျက်တော်မူပါ၏။
သင်ချမ်းသာသမျှကုန်စည်များ၊ သင်၏သင်္ဘောသားအားလုံး၊သင်္ဘောပြုပြင်သူ လက်သမားဆရာများနှင့်ကုန်သည်များ၊ သင်္ဘောပေါ်ရှိစစ်သူရဲများနှင့်ရှိရှိသမျှ သော လူတို့သည် သင်၏သင်္ဘောပျက်သောအခါပင်လယ်ထဲ တွင် နစ်မြုပ်သေဆုံးကြကုန်၏။
``အီဂျစ်ပြည်၌ဖြစ်စေသောကပ်ဆိုးကိုသင် တို့၌လည်းဖြစ်စေခဲ့ပြီ။ သင်တို့လူငယ်များ ကိုစစ်တလင်း၌ငါသတ်ခဲ့ပြီ။ သင်တို့မြင်း များကိုလည်းသိမ်းသွားခဲ့ပြီ။ သင်တို့တပ် စခန်းများကိုသင်တို့ဘက်သား အလောင်း ကောင်များ၏အပုပ်နံ့ဖြင့်နံစော်စေခဲ့ပြီ။ သို့သော်လည်းသင်တို့သည်ငါ့ထံသို့ပြန် မလာသေးဘဲနေကြလေပြီ။