ရုဗင်သည်တွင်းသို့ပြန်လာပြီးလျှင်ယောသပ် ကိုရှာ၍မတွေ့ရသောအခါ အလွန်စိတ်မချမ်း မသာဖြစ်သဖြင့်မိမိအဝတ်များကိုဆုတ် ဖြဲလေ၏။-
ယေရမိ 48:37 - Common Language Bible လူတိုင်းပင်ဆံမုတ်ဆိတ်ပယ်ကြလေပြီ။ သူ တို့သည်မိမိတို့၏လက်များကိုထိရှ၍ လျှော်တေကိုဝတ်ဆင်ထားကြ၏။- Garrad Bible လူ ဟူ သ မျှ သည် ဆံ မုတ် ဆိတ် ပယ် ခြင်း၊ လက် ထိ ရှ ခြင်း၊ လျှော် တေ ဆည်း ခြင်း များ ကို ပြု ကြ လေ ပြီ။ Judson Bible လူတိုင်းဆံပင်တိုလျက်၊ မုတ်ဆိတ်ကိုရိတ်လျက်၊ လက်၌ရှနလျက်၊ ခါး၌ လျှော်တေအဝတ်ကို ဝတ်လျက် ရှိရ၏။ မြန်မာ့စံမီသမ္မာကျမ်း “သူတို့အားလုံး ခေါင်းတုံးတုံး၍ မုတ်ဆိတ်ရိတ်ကြ၏၊ လက်ကိုမွှမ်း၍ ခါး၌လျှော်တေအဝတ်ကိုဝတ်ပြီးလျှင် |
ရုဗင်သည်တွင်းသို့ပြန်လာပြီးလျှင်ယောသပ် ကိုရှာ၍မတွေ့ရသောအခါ အလွန်စိတ်မချမ်း မသာဖြစ်သဖြင့်မိမိအဝတ်များကိုဆုတ် ဖြဲလေ၏။-
ယာကုပ်သည်ဝမ်းနည်းကြေကွဲသဖြင့် မိမိ၏ အဝတ်အင်္ကျီကိုဆုတ်ဖြဲ၍လျှော်တေအဝတ်ကို ဝတ်လေ၏။ သူသည်သားအတွက်ကာလအတန် ကြာမျှပူဆွေးတမ်းတလျက်နေလေ၏။-
သို့ဖြစ်၍ဗာလပရောဖက်တို့သည်ပို၍အသံ ကျယ်စွာဆုတောင်းလျက် ဋ္ဌလေ့ထုံးစံရှိသည့် အတိုင်းဋ္ဌားနှင့်ဋ္ဌားမြှောင်များဖြင့်သွေးယို စီးလာသည့်တိုင်အောင်ကိုယ်ကိုရှစေကြ လေသည်။-
ဧလိယဆင့်ဆိုပြောကြားသောအခါ အာဟပ် သည်မိမိ၏အဝတ်များကိုဆုတ်ဖြဲပြီးလျှင် လျှော်တေကိုဝတ်၏။ သူသည်စားတော်မခေါ် ဘဲလျှော်တေဝတ်၍အိပ်၏။ သွားလာရာ၌ လည်းမှိုင်တွေလျက်နေ၏။
ဤအကြောင်းကိုကြားသောအခါမင်းကြီးသည် ဝမ်းနည်းစိတ်ပျက်လျက် မိမိ၏အဝတ်တော်ကို ဆုတ်သဖြင့် ထိုအဝတ်တော်အောက်တွင်ဝတ်ဆင် ထားသောလျှော်တေကိုမြို့ရိုးအနီးရှိလူတို့ တွေ့မြင်ရကြလေသည်။-
ဟာနုန်သည်ဒါဝိဒ်၏ စေတမန်တို့ကိုဖမ်း ဆီးကာမုတ်ဆိတ်များကိုရိတ်၍ အဝတ်များ ကိုတင်ပါးအထိဖြတ်ပြီးလျှင်သူတို့ အားပြန်၍လွှတ်လိုက်၏။-
လွန်ခဲ့သောသုံးနှစ်ကထာဝရဘုရားသည် အာမုတ်၏သားဟေရှာယအား မိမိဝတ်ဆင် ထားသည့်လျှော်တေအဝတ်နှင့်ဖိနပ်ကိုချွတ် ပစ်ရန်မိန့်တော်မူခဲ့သည့်အတိုင်း ဟေရှာယ သည်အဝတ်မဝတ်၊ ဖိနပ်မစီးဘဲသွားလာ လျက်နေခဲ့၏။-
သူတို့သည်ရေမွှေးနံ့မရဘဲပုပ်စပ်နံစော် ၍နေလိမ့်မည်။ လှပသည့်ခါးပတ်များအစား ကြိုးကြမ်းများကိုအသုံးပြုရကြလိမ့်မည်။ ရှုချင်စဖွယ်ကောင်းသောဆံထုံးများအစား ဦးပြည်းခေါင်းတုံးထားရကြလိမ့်မည်။ တင့် တယ်လှပသောဝတ်စားတန်ဆာများအစား အဝတ်စုတ်များကိုဝတ်ဆင်ရကြလိမ့်မည်။ သူတို့၏နှစ်လိုဖွယ်ရာအဆင်းသည်လည်း ရှက်ဖွယ်ရာအဖြစ်သို့ပြောင်းလဲ၍သွား လိမ့်မည်။
ထိုသူတို့၏အစီရင်ခံချက်ကိုကြားလျှင် ကြားခြင်း၊ ဟေဇကိမင်းသည်ဝမ်းနည်းပူ ဆွေးလျက် မိမိ၏အဝတ်များဆုတ်ဖြဲပြီး လျှင်လျှော်တေကိုဝတ်၍ ထာဝရဘုရား ၏ဗိမာန်တော်သို့သွားတော်မူ၏။-
ဆင်းရဲချမ်းသာမရွေးပြည်သူတို့သည်သေ ကြလိမ့်မည်။ သို့ရာတွင်အဘယ်သူမျှသူ တို့အားသင်္ဂြိုဟ်ကြလိမ့်မည်မဟုတ်။ သူတို့ အတွက်လည်းငိုကြွေးမြည်တမ်းကြလိမ့် မည်မဟုတ်။ ဝမ်းနည်းမှုကိုပြသည့်အနေ နှင့်မည်သူမျှမိမိကိုယ်ကိုအနာတရ ဖြစ်စေခြင်း၊ ခေါင်းရိတ်ခြင်းပြုကြမည် မဟုတ်။-
ရှေခင်၊ ရှိလောနှင့်ရှမာရိမြို့တို့မှလူရှစ် ဆယ်တို့ရောက်ရှိလာကြ၏။ သူတို့သည်မုတ် ဆိတ်များကိုရိတ်ပြီးလျှင် မိမိတို့၏အဝတ် များကိုဆွဲဆုတ်ကာကိုယ်ခန္ဓာကိုလည်းထိရှ ၍ထားကြ၏။ သူတို့သည်ဗိမာန်တော်တွင် ပူဇော်ရန်ပူဇော်သကာနှင့်နံ့သာပေါင်း ကိုဆောင်ယူလာကြလေသည်။-
ဂါဇမြို့သူမြို့သားတို့သည်များစွာ ဝမ်းနည်းကြေကွဲရကြလေပြီ။ အာရှကေလုန်မြို့သူမြို့သားတို့သည်လည်း ဆိတ်ဆိတ်နေကြ၏။ ကြွင်းကျန်၍နေသောဖိလိတ္တိပြည်သူတို့ သည်အဘယ်မျှ ကြာကြာငိုကြွေးမြည်တမ်းလျက်နေကြ မည်နည်း။
ဟေရှဘုန်မြို့သားတို့ငိုကြွေးကြလော့။ သင်တို့၏အာဣမြို့သည်ပျက်စီးသွားလေ ပြီ။ ရဗ္ဗာမြို့သူတို့၊ ဝမ်းနည်းကြွေကွဲမှုကိုပြ ကြလော့။ လျှော်တေကိုဝတ်၍ဝမ်းနည်းကြေ ကွဲမှုကိုပြကြလော့။ ကယောင်ချောက်ချား ပြေးလွှားကြလော့။ သင်တို့၏မိလကုံဘုရား သည်သူ၏ယဇ်ပုရောဟိတ်များ၊ မင်းသား များနှင့်အတူပြည်နှင်ဒဏ်ခံရလိမ့်မည်။-
သူတို့သည်သင်၏အဖြစ်ကိုမြင်၍ ဦးခေါင်းများကိုရိတ်ကာဝမ်းနည်းပူဆွေး သည့် လက္ခဏာဖြင့်လျှော်တေကိုဝတ်ကြ၏။ သူတို့သည်ဝမ်းနည်းပက်လက်ဟစ်အော် ငိုကြွေးကြ၏။ သူတို့သည်ငိုကြွေးမြည်တမ်းလျက်သင်နှင့် ဆိုင်သော ငိုချင်းကိုသီဆိုကြလိမ့်မည်။
ကိုယ်တော်က``အချင်းလူသား၊ ဗာဗုလုန် ဘုရင်နေဗုခဒ်နေဇာသည်တုရုမြို့ကို တိုက်ခိုက်ခဲ့၏။ သူသည်မိမိ၏စစ်သူရဲ တို့အားအလွန်လေးလံသောဝန်တို့ကို ထမ်းစေသည်ဖြစ်၍ သူတို့၏ခေါင်းပြောင် ၍ပခုံးများသည်လည်းပေါက်ပြဲကုန်၏။ ယင်းသို့ဒုက္ခခံသော်လည်းစစ်သူရဲနှင့် ဘုရင်သည်အဘယ်အကျိုးကိုမျှ မခံစားရကြ။-
သူတို့သည်လျှော်တေအဝတ်ကိုဝတ်၍ တစ် ကိုယ်လုံးတုန်လှုပ်လျက်နေကြလိမ့်မည်။ ဦး ဆံပယ်၍ရှက်ကြောက်နေသောမျက်နှာများ တွေ့ရကြလိမ့်မည်။-
ကိုယ်ပေါ်တွင်ဆေးမင်လည်းမထိုးရ။ ကိုယ်ကို လည်းမလှီးမရှရ။ ငါသည်ထာဝရဘုရား ဖြစ်တော်မူ၏။
သင်တို့ပျော်ပွဲရွှင်ပွဲများကိုမသာပွဲအဖြစ် သို့ပြောင်းပစ်မည်။ သင်တို့တက်ကြွရွှင်မြူးသော တေးသံတို့ကိုငိုကြွေးသံများဖြစ်သွားစေ မည်။ သင်တို့သည်ဆံပင်များကိုရိတ်ပြီးလျှော် တေအဝတ်ကိုဝတ်ရလိမ့်မည်။ တစ်ဦးတည်း သောသားသေဆုံးသဖြင့်ရတက်ပွားရသည့် မိဘပမာဖြစ်ရကြမည်။ နေဝင်သည့်တိုင် ထိုနေ့တာသည်ဆိုးဝါးလှမည်။
ယုဒပြည်သားတို့၊ သင်တို့ချစ်သောသား သမီးများအတွက်ဝမ်းနည်းပူဆွေးကြောင်း ပြသည့်အနေဖြင့် သင်တို့၏ဆံပင်ကိုရိတ် ကြလော့။ သင်တို့၏သားသမီးများကို တိုင်းတစ်ပါးသို့သိမ်းယူသွားကြမည် ဖြစ်သောကြောင့် သင်တို့၏ဦးခေါင်းကို လင်းတငှက်ခေါင်းကဲ့သို့ပြောင်အောင် ရိတ်ကြလော့။
သူသည်သင်္ချိုင်းဂူများအကြားတွင်လည်းကောင်း၊ တောင်ကုန်းများအထက်တွင်လည်းကောင်းနေ့ည မပြတ်ဟစ်အော်လျက် မိမိကိုယ်ကိုကျောက်စောင်း များဖြင့်အနာတရဖြစ်စေ၏။
ငါ၏သက်သေခံနှစ်ပါးအားငါစေလွှတ် မည်။ သူတို့သည်လျှော်တေအဝတ်ကိုဝတ်၍ ရက်ပေါင်းတစ်ထောင်နှစ်ရာခြောက်ဆယ်တိုင် တိုင် ဗျာဒိတ်တော်ကိုဟောကြားကြလိမ့် မည်'' ဟုဆို၏။