သူတို့သည်ယော်ဒန်မြစ်ကိုဖြတ်ကူးပြီး လျှင် ဂဒ်နယ်ချိုင့်ဝှမ်းအလယ်ရှိအာရော်မြို့ ၏တောင်ဘက်တွင်စခန်းချကြ၏။ ထိုနောက် ထိုအရပ်မှမြောက်ဘက်တွင်ရှိသောယာဇာ မြို့သို့လည်းကောင်း၊-
ယေရမိ 48:19 - Common Language Bible အာရော်မြို့တွင်နေထိုင်သူတို့၊လမ်းနံဘေး တွင်ရပ်၍ စောင့်နေပြီးလျှင် ထွက်ပြေးတိမ်းရှောင်ကြသူတို့အားဖြစ် ပျက်သည့် အချင်းအရာကိုမေးမြန်းလော့။ Garrad Bible အို အာ ရော် မြို့ သူ၊ လမ်း ခ ရီး ကို စောင့် ကြည့် လျက် ရပ် နေ ရာ၊ ထွက် ပြေး သော ယောက်ျား၊ ဘေး လွတ် သော မိန်း မ အား၊ အ ဘယ် နည်း ဟု မေး မြန်း လော့။ Judson Bible အို အာရော်မြို့သား၊ လမ်းနားမှာရပ်၍ ကြည့်ရှုလော့။ အဘယ်အမှုရှိသနည်းဟု၊ ပြေးသောယောက်ျားနှင့် အသက်လွတ်သော မိန်းမကို မေးမြန်းလော့။ မြန်မာ့စံမီသမ္မာကျမ်း အို အာရော်မြို့သားတို့၊ လမ်း၌ရပ်လျက် စောင့်ကြည့်ကြလော့။ ထွက်ပြေးလာသောယောက်ျား၊ လွတ်မြောက်လာသောမိန်းမတို့ကို ‘ဘာဖြစ်သနည်း’ဟု မေးမြန်းလော့။ |
သူတို့သည်ယော်ဒန်မြစ်ကိုဖြတ်ကူးပြီး လျှင် ဂဒ်နယ်ချိုင့်ဝှမ်းအလယ်ရှိအာရော်မြို့ ၏တောင်ဘက်တွင်စခန်းချကြ၏။ ထိုနောက် ထိုအရပ်မှမြောက်ဘက်တွင်ရှိသောယာဇာ မြို့သို့လည်းကောင်း၊-
ဗေလတို့ဖြစ်၏။ ဗေလသည်အာဇတ်၏သား ရှေမ၏မြေးဖြစ်၍ ယောလ၏သားချင်းစု ဝင်ဖြစ်ပေသည်။ ထိုသားချင်းစုသည်အာရော် မြို့တွင်လည်းကောင်း၊ ထိုမြို့မြောက်ဘက်နေ ဗောမြို့၊ ဗာလမောင်မြို့တို့တိုင်အောင်ရောက် ရှိသည့်နယ်မြေဒေသတွင်လည်းကောင်း နေထိုင်ကြလေသည်။-
ငါတို့၏ဘုရားသခင်ထာဝရဘုရားသည် အာနုန်ချိုင့်ကမ်းပေါ်ရှိအာရော်မြို့နှင့်ချိုင့်လယ် ရှိမြို့မှစ၍ ဂိလဒ်မြို့တိုင်အောင်မြို့ရှိသမျှကို ငါတို့အားသိမ်းပိုက်စေတော်မူ၏။ မည်သည့်မြို့ မှငါတို့ကိုမခုခံနိုင်။-
သူတို့သည်မင်းနှစ်ပါးကိုနှိမ်နင်းခဲ့သည်။ မင်းတစ်ပါးမှာဟေရှဘုန်မြို့တွင်စိုးစံ သောအာမောရိမင်းရှိဟုန်ဖြစ်သည်။ သူ၏ နိုင်ငံတွင်(အာနုန်မြစ်ဝှမ်းအနီးရှိ) အာရော် မြို့နှင့်ယင်းမြစ်ဝှမ်းအလယ်ရှိမြို့မှအမ္မုန် နယ်နိမိတ်ဖြစ်သော ယဗ္ဗုတ်မြစ်အထိကျယ် ပြန့်သည့်ဂိလဒ်ပြည်တစ်ဝက်ပါဝင်သည်။-
ဣသရေလအမျိုးသားတို့သည်ဟေရှဘုန် မြို့နှင့်အာရော်မြို့တို့ကိုလည်းကောင်း၊ ထိုမြို့ များအနီးတစ်ဝိုက်ရှိမြို့တို့နှင့်အာနုန်မြစ် ကမ်းပေါ်ရှိမြို့မှန်သမျှကိုလည်းကောင်း နှစ် ပေါင်းသုံးရာတိုင်တိုင်သိမ်းပိုက်ထားစဉ်က သင်သည်အဘယ်ကြောင့်ထိုမြို့တို့ကိုပြန် လည်မသိမ်းမယူခဲ့ပါသနည်း။-
ထိုလူက``အကျွန်ုပ်သည်ယနေ့ပင်စစ်မြေ ပြင်မှလွတ်မြောက်ကာ လမ်းတစ်လျှောက်လုံး အပြေးလာခဲ့ပါ၏'' ဟုလျှောက်၏။ ဧလိက``ငါ့သား၊ အရေးအခင်းကားမည် သို့နည်း'' ဟုမေး၏။-