ထိုနောက်ကောင်းကင်တမန်တစ်ပါးက``အသက်ဘေးမှလွတ်အောင်ပြေးကြလော့။ နောက်သို့လှည့်မကြည့်နှင့်။ ချိုင့်ဝှမ်းထဲ၌မရပ်နားနေနှင့်။ အသက်ချမ်းသာရာရရန်တောင်ပေါ်သို့ပြေးကြလော့'' ဟုမှာကြားလေသည်။
ယေရမိ 46:5 - Common Language Bible သို့ရာတွင်ထာဝရဘုရားက``ငါမြင်ရ သည်ကား အဘယ်သို့နည်း။ သူတို့သည်ကြောက်လန့်၍နောက်သို့ဆုတ်ခွာ နေကြ၏။ သူတို့၏စစ်သူရဲများသည်အရေးရှုံးနိမ့်ကြ လေပြီ။ သူတို့သည်ကြောက်အားကြီး၍၊ နောက်သို့လှည့်မကြည့်ဘဲအစွမ်းကုန်လျင် မြန်စွာ ပြေးကြလေကုန်၏'' ဟုမိန့်တော်မူ၏။ Garrad Bible ထို သူ ရဲ တို့ ပျက် ပြား ဆုတ် လန် ကြ သည် ကို၊ ငါ မြင် ရ သည် မှာ၊ အ သို့ နည်း။ သူ ရဲ ကောင်း တို့ ပင် ဖိ နင်း ခံ၍၊ မ လှည့် မ ကြည့် ဝံ့ ဘဲ ဆုတ် ပြေး ရ ကြ၏။ အ ဘက် ဘက် က ကြောက် လန့် ဖွယ် ဘေး သင့် ရောက် ပြီ ဟု ထာ ဝ ရ ဘု ရား မိန့် တော် မူ ၏။ Judson Bible သူတို့သည်ကြောက်ရွံ့၍ ဆုတ်သွားကြသည်ကို အဘယ်ကြောင့် ငါမြင်ရသနည်း။ အားကြီးသောသူတို့သည် ရှုံးသဖြင့် ပြန်၍မကြည့်ဝံ့။ အလျင်အမြန်ပြေးကြ၏။ ပတ်လည်အရပ်၌ ဘေးရှိသည်ဟု ထာဝရဘုရား မိန့်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ငါမြင်ရသောအရာကား အဘယ်နည်း။ သူတို့ ကြောက်၍ နောက်ပြန်ဆုတ်ကြပါသည်တကား။ သူတို့၏စစ်သူရဲတို့သည် ချေမှုန်းခြင်းခံရသဖြင့် နောက်ပြန်လှည့်မကြည့်ဘဲ ဘေးလွတ်ရာသို့ထွက်ပြေးကြပါသည်တကား။ ကြောက်လန့်စရာများ ဝိုင်းရံနေပါသည်တကား”ဟု မိန့်တော်မူ၏။ |
ထိုနောက်ကောင်းကင်တမန်တစ်ပါးက``အသက်ဘေးမှလွတ်အောင်ပြေးကြလော့။ နောက်သို့လှည့်မကြည့်နှင့်။ ချိုင့်ဝှမ်းထဲ၌မရပ်နားနေနှင့်။ အသက်ချမ်းသာရာရရန်တောင်ပေါ်သို့ပြေးကြလော့'' ဟုမှာကြားလေသည်။
သူတို့အားလုံးပင်ထိတ်လန့်တုန်လှုပ်လျက် သားဖွားသောအမျိုးသမီးကဲ့သို့ပြင်းပြ စွာဝေဒနာခံရကြလိမ့်မည်။ သူတို့သည် အချင်းချင်းတစ်ယောက်ကိုတစ်ယောက် ကြောက်စိတ်နှင့်ကြည့်ကြလိမ့်မည်။ သူတို့ ၏မျက်နှာများသည်လည်းရှက်သွေးသန်း လျက်နေလိမ့်မည်။-
အီဂျစ်အမျိုးသားတို့သည်မိန်းမကဲ့သို့ သဝန်ကြောင်ကြမည့်အချိန်ကာလ ကျရောက် လာလိမ့်မည်။ အနန္တတန်ခိုးရှင်ထာဝရဘုရား သည်သူတို့အားအပြစ်ဒဏ်ခတ်တော်မူရန် လက်တော်ကိုချိန်ရွယ်လျက်ထားတော်မူ သည်ကိုတွေ့မြင်ကြသောအခါ၊ သူတို့ သည်ကြောက်လန့်တုန်လှုပ်ကြလိမ့်မည်။-
ရုပ်တုများကိုယုံကြည်ကိုးစားကြသူတို့သည် လည်းကောင်း၊ ရုပ်တုများကိုမိမိတို့၏ဘုရားဟုခေါ်ဝေါ်ကြ သူတို့သည်လည်းကောင်း ရှုတ်ချခြင်းကိုခံရ၍အသရေပျက်ကြလိမ့် မည်။''
ထာဝရဘုရားသည်မိမိ၏လူမျိုးတော် အားအမျက်ထွက်တော်မူ၍ အပြစ်ဒဏ်ခတ် တော်မူရန်လက်တော်ကိုဆန့်တော်မူသဖြင့် တောင်တို့သည်တုန်လှုပ်ကြလိမ့်မည်။ သေသော သူတို့၏အလောင်းများသည်လမ်းများပေါ် တွင်အမှိုက်သရိုက်ကဲ့သို့ကျန်ရစ်လိမ့်မည်။ ထိုအခါ၌ပင်ထာဝရဘုရား၏အမျက် တော်သည်ပြေငြိမ်းလိမ့်မည်မဟုတ်။ ကိုယ်တော် သည်အပြစ်ဒဏ်ခတ်တော်မူရန် လက်တော်ကို ဆန့်လျက်ပင်ထားရှိလိမ့်ဦးမည်။
ကျွန်တော်မျိုးသည်လူတို့တီးတိုးပြောဆိုနေသံကို ကြားရပါ၏။ သူတို့သည်ကျွန်တော်မျိုးအား``နေရာတိုင်းတွင် ထိတ်လန့်ကြောက်ရွံ့ဖွယ်ကောင်းသူ'' ဟု နာမည်ပေးပြီးလျှင်``သူ့အကြောင်းကို အာဏာပိုင်တို့အားသတင်းပေးကြကုန်အံ့၊'' ဟုဆိုကြပါ၏။ ကျွန်တော်မျိုး၏ရင်းနှီးသောမိတ်ဆွေများပင်လျှင် ကျွန်တော်မျိုးပြိုလဲသည်ကိုစောင့်မျှော်နေကြ ပါ၏။ သူတို့က``သူ့အားငါတို့လှည့်စား၍ ရကောင်းရပေလိမ့်မည်။ အငိုက်ဖမ်း၍လက်စားချေနိုင်လိမ့်မည်'' ဟု ဆိုကြပါ၏။
သင်တို့၏တန်ခိုးကြီးသောဘုရားအာပိ သည် အဘယ်ကြောင့်ပြိုလဲရသနည်း။ သူ့အားထာဝရဘုရားတွန်းချတော်မူလေပြီ။
အငှားစစ်သည်များပင်လျှင်နွားသငယ်များ သဖွယ် ခိုကိုးရာမဲ့ဖြစ်ကြ၏။ သူတို့သည်ခုခံတိုက်ခိုက်မှုကိုမပြုဘဲ အားလုံးလှည့်၍ပြေးကြလေသည်။ အဘယ်ကြောင့်ဆိုသော်သူတို့ဆုံးပါးပျက်စီး ရမည့်နေ့၊ ကံကြမ္မာဆိုးကြုံတွေ့ရမည့်နေ့ရက်ကာလသည် ကျရောက်လာပြီဖြစ်သောကြောင့်တည်း။
သူတို့၏တဲရှင်များနှင့်သိုးအုပ်များကို လည်းကောင်း၊ တဲကန့်လန့်ကာများနှင့်တဲတွင်း ရှိပစ္စည်းမှန်သမျှကိုလည်းကောင်းသိမ်းယူ ကြလော့။ သူတို့၏ကုလားအုတ်များကိုသိမ်း ယူပြီးလျှင်လူတို့အား`သင်တို့၏ပတ်လည် သို့ကြောက်မက်ဖွယ်ကောင်းသည့်ဘေးအန္တရာယ် ရောက်ရှိလာလေပြီ' ဟုပြောကြားကြလော့။
ငါသည်ပတ်ဝန်းကျင်ရှိလူတို့အားသင်တို့ ကိုတိုက်ခိုက်စေမည်ဖြစ်၍သင်တို့သည်ထွက် ပြေးရကြလိမ့်မည်။ လူတိုင်းပင်မိမိတို့ အသက်ဘေးအတွက်ထွက်ပြေးကြမည် ဖြစ်သဖြင့်သင်တို့၏တပ်သားများကို ပြန်လည်စုရုံးပေးမည့်သူတစ်စုံတစ် ယောက်မျှရှိလိမ့်မည်မဟုတ်။
ရန်သူတို့သည်လက်နက်များကိုစွဲကိုင်လျက် ငါတို့အားဘေးအန္တရာယ်ဝိုင်း၍နေသဖြင့် ငါ တို့သည်ကျေးလက်များသို့မထွက်ဝံ့။ လမ်း များပေါ်တွင်လည်းမလျှောက်ဝံ့'' ဟုဆိုကြ၏။
သင့်အားငါပြုသောအမှုကြောင့်သူတို့ သည်အံ့အားသင့်ကြလိမ့်မည်။ ငါသည်ဋ္ဌား ကိုဝှေ့ယမ်းလိုက်သောအခါရှင်ဘုရင် များသည်ထိတ်လန့်တုန်လှုပ်ကြလိမ့်မည်။ သင်ပြိုလဲသောနေ့၌သူတို့အားလုံးပင် မိမိတို့၏အသက်အန္တရာယ်အတွက်စိုး ရိမ်ပူပန်ကာ ထိတ်လန့်တုန်လှုပ်ကြလိမ့် မည်'' ဟုမိန့်တော်မူ၏။
ထိုပွဲသည်ကြီးကျယ်သောစားသောက်ပွဲ ဖြစ်၍သူတို့သည် စစ်သူရဲတို့၏အသား ကိုစား၍ပြည်ရှင်မင်းတို့၏သွေးကိုသောက် ရကြလိမ့်မည်။ ထိုစစ်သူရဲများနှင့်ပြည် ရှင်မင်းတို့သည်ဘာရှန်ပြည်မှဆူဖြိုးသော တိရစ္ဆာန်များဖြစ်သည့် သိုးထီး၊ သိုးငယ်၊ ဆိတ် များ၊ နွားများကဲ့သို့အသတ်ခံရကြ လိမ့်မည်။-
တာကျိုးမှစီးထွက်သည့်ရေကဲ့သို့လူတို့သည် နိနေဝေမြို့မှတစ်ဟုန်တည်းထွက်ပြေးကြ၏။ သူတို့အား`ရပ်တန့်လော့၊ရပ်တန့်လော့' ဟု ဟစ်အော်ပြောဆိုပါသော်လည်း၊အဘယ်သူမျှ လှည့်၍မကြည့်ကြ။
ငွေတို့ကိုလုယူကြလော့။ ရွှေတို့ကိုလုယူ ကြလော့။ ဤမြို့သည်ဥစ္စာရတနာပေါများကြွယ်ဝ သောမြို့ ဖြစ်ပါသည်တကား။
ထာဝရဘုရားတရားစီရင်တော်မူရာ နေ့ကြီးသည်နီးကပ်၍အလွန်နီးကပ်၍ လာလေပြီ။ ထိုနေ့ရက်ကာလသည်လျင် မြန်စွာသက်ရောက်လာတော့အံ့။ ထိုနေ့ရက် သည်ခါးသီးလွန်းသောကြောင့်ရဲစွမ်းသတ္တိ အရှိဆုံးစစ်သူရဲပင်လျှင်စိတ်ပျက်စွာ အော်ဟစ်လိမ့်မည်။