ထာဝရဘုရားသည်နိုင်ငံတကာကို ရည်မှတ်၍ ငါ့အားဗျာဒိတ်ပေးတော်မူ၏။-
လူ မျိုး ခြား တို့ နှင့် စပ် လျဉ်း ၍၊ ပ ရော ဖက် ယေ ရ မိ သို့ ရောက် လာ သော၊ ထာ ဝ ရ ဘု ရား ၏ ဗျာ ဒိတ် တော် ကို ရေး ဦး အံ့။
တစ်ပါးအမျိုးကိုရည်မှတ်၍ ပရောဖက်ယေရမိသို့ရောက်လာသော ထာဝရဘုရား၏ နှုတ်ကပတ်တော်တည်းဟူသော၊
လူမျိုးခြားတို့နှင့်ပတ်သက်၍ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ပရောဖက်ယေရမိထံသို့ရောက်လာ၏။
ထိုသူအပေါင်းတို့သည်ပင်လယ်ကမ်းခြေတစ် လျှောက်နှင့် ကျွန်းများပေါ်တွင်အနှံ့အပြားနေ ထိုင်သူတို့၏ဖခင်များဖြစ်ကြ၏။ ဤလူမျိုး အားလုံးတို့သည်ယာဖက်မှပေါက်ဖွားဆင်း သက်လာသောသားစဉ်မြေးဆက်တို့ဖြစ်၍ လူ အမျိုးမျိုးကွဲပြားလျက်အပြည်ပြည်တို့ ၌နေထိုင်ပြီးလျှင် လူမျိုးစုအလိုက်သီးခြား ဘာသာစကားများကိုပြောဆိုကြ၏။
လူမျိုးတကာနှင့်နိုင်ငံတကာကိုဆွဲနုတ် ဖြိုချ၊ ဖျက်ဆီးဖြုတ်ချ၊ တည်ဆောက်စိုက်ပျိုး နိုင်သောအာဏာကိုယနေ့သင့်အားငါ ပေးပြီ'' ဟုမိန့်တော်မူ၏။
ခြင်္သေ့သဖွယ်ခိုအောင်းရာမှထွက်လာလေပြီ။ လူမျိုးတကာကိုဖျက်ဆီးမည့်သူသည် ထွက်ခွာလာလေပြီ။ သူသည်ယုဒပြည်ကိုဖျက်ဆီးရန်ထွက်ခွာလာ လေပြီ။ ယုဒမြို့တို့သည်ယိုယွင်းပျက်စီးလျက် လူသူဆိတ်ငြိမ်ရာဖြစ်လိမ့်မည်။
နေဗုခဒ်နေဇာသည်လာ၍အီဂျစ်ပြည်ကို နှိမ်နင်းအောင်မြင်လိမ့်မည်။ သူသည်အနာ ရောဂါဘေးဖြင့်သေရကြမည့်သူတို့အား အနာရောဂါဘေးဖြင့်သေစေလိမ့်မည်။ သုံ့ ပန်းများအဖြစ်နှင့်ခေါ်ဆောင်ခြင်းခံရကြ မည့်သူတို့အားသုံ့ပန်းများအဖြစ်ခေါ်ဆောင် သွားလိမ့်မည်။ စစ်ပွဲတွင်ကျဆုံးရကြမည့် သူတို့အားစစ်ပွဲတွင်ကျဆုံးစေလိမ့်မည်။-
ငါတို့ပြည်နှင်ဒဏ်ခံသောဆယ်နှစ်မြောက်၊ ဒသမလ၊ လဆန်းတစ်ဆယ့်နှစ်ရက်နေ့၌ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၏။-
တစ်ဖန်ထာဝရဘုရား၏နှုတ်ကပတ်တော် သည် ငါ့ထံသို့ရောက်လာ၏။-
ငါတို့ပြည်နှင်ဒဏ်ခံသော တစ်ဆယ့်တစ်နှစ် မြောက်၊ တတိယလ၊ လဆန်းတစ်ရက်နေ့၌ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၏။-
ငါတို့ပြည်နှင်ဒဏ်ခံသောတစ်ဆယ့်နှစ်နှစ် မြောက်၊ ဒွါဒသမလ၊ လဆန်းတစ်ရက်နေ့၌ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၏။-
သူတို့သည်မိမိတို့ဋ္ဌားကိုထာဝစဉ်အသုံးပြုလျက် လူမျိုးတကာတို့ကိုရက်စက်စွာသုတ်သင်ဖျက်ဆီးလျက်နေကြပါမည်လော။
သင်တို့အားထိပါးလာသူသည်ငါတန်ဘိုး အထားဆုံးသောအရာကိုထိပါးသူဖြစ် ၏'' ဟုမိန့်တော်မူ၏။ ကိုယ်တော်၏လူမျိုးတော်တို့အားတိုက်ခိုက် ချေမှုန်းသူတို့အား ဤကဲ့သို့သတင်းစကား ပြောကြားရန် ငါ့အားအနန္တတန်ခိုးရှင်ထာ ဝရဘုရားသည်စေလွှတ်တော်မူသည်။
ငါသည်ကျောက်တောင်များပေါ်မှသူတို့ကို မြင်ရ၏။ ငါသည်တောင်ကုန်းများပေါ်မှသူတို့ကိုရှု မြင်နိုင်၏။ သူတို့သည်လူမျိုးအပေါင်းတို့တွင်ထူးခြား သော လူမျိုးဖြစ်၏။ အခြားလူများထက်ကောင်းချီးပို၍ခံစား ရသူများ ဖြစ်ကြောင်းကိုသူတို့သိကြ၏။
ဘုရားသခင်သည်ယုဒအမျိုးသားတို့၏ ဘုရားသာဖြစ်သလော။ လူမျိုးခြားတို့၏ ဘုရားလည်းမဟုတ်လော။ ဟုတ်ပေ၏။-