ထို့ကြောင့်သင်နှင့်ငါခွဲခွာကြပါစို့။ သင့်ရှေ့မှောက်တွင်မြေတစ်ပြင်လုံးရှိ၏။ သင်ကြိုက်နှစ်သက်ရာကိုရွေးယူလော့။ သင်ကတစ်ဘက်သို့သွားလျှင်ငါကတခြားတစ်ဘက်သို့သွားမည်'' ဟုပြောလေ၏။
ယေရမိ 40:4 - Common Language Bible ယခုသင်၏လက်ကောက်ဝတ်မှသံကြိုးများ ကိုငါဖြုတ်ပေးမည်။ သင်သည်ငါနှင့်အတူ ဗာဗုလုန်မြို့သို့လိုက်လိုကလိုက်ပါလော့။ သင့်အားကောင်းစွာငါကြည့်ရှုပါမည်။ သင် မလိုက်လိုလျှင်နေနိုင်ပါသည်။ တစ်ပြည် လုံးမှသင်ကြိုက်ရာအရပ်သို့သင်သွား နိုင်သည်'' ဟုပြော၏။ Garrad Bible ကိုယ် တော် မှာ မူ လက် ထိတ် သံ ကြိုး ကို ယ နေ့ ကျွန်ုပ် ချွတ် ပါ ၏။ ဗာ ဗု လုန် မြို့ သို့ လိုက် လို သော သ ဘော ရှိ လျှင်၊ လိုက် ပါ။ ကျွန်ုပ် သည် ဒိ ဋ္ဌ ကြည့် ရှု မည်။ လိုက် လို သော သ ဘော မ ရှိ လျှင်၊ မ လိုက် ပါ နှင့်။ ဤ ပြည် တစ် ဝှမ်း လုံး သည် ကိုယ် တော့် ရှေ့ တွင် ရှိ ပါ၏။ နှစ် သက် ၍ သ ဘော ရှိ ရာ သို့ ကြွ ပါ တော့ ဟု ဆို ပြီး နောက်၊ Judson Bible ယခုမှာ သင့်လက်၌ ချည်နှောင်လျက်ရှိသော သံကြိုးကို ငါချွတ်မည်။ ငါနှင့်အတူ ဗာဗုလုန်မြို့သို့ လိုက်လာခြင်းငှာ အလိုရှိလျှင် လိုက်လာပါ။ ငါသည် ကောင်းမွန်စွာကြည့်ရှုမည်။ ငါနှင့်အတူ ဗာဗုလုန်မြို့သို့လိုက်ခြင်းငှာ အလိုမရှိလျှင် မလိုက်နှင့်။ တစ်ပြည်လုံးသည် သင့်ရှေ့မှာရှိ၏။ အကြင်အရပ်သို့ သွားကောင်းသည်ဟု စိတ်ထင်လျှင်၊ ထိုအရပ်တည်းဟူသော စိတ်ရောက်ရာအရပ်သို့ သွားပါလော့ဟု ဆို၏။ မြန်မာ့စံမီသမ္မာကျမ်း ကြည့်ရှုလော့။ ယခုတွင် သင့်လက်၌ချည်နှောင်ထားသောကြိုးကို ဖြေပေးမည်။ ငါနှင့်အတူ ဘေဘီလုံမြို့သို့လိုက်လိုလျှင်လိုက်ပါ။ သင့်ကို ကောင်းစွာကြည့်ရှုပါမည်။ ဘေဘီလုံမြို့သို့ ငါနှင့်သင်မလိုက်လိုလျှင်လည်း မလိုက်ပါနှင့်။ တိုင်းပြည်တစ်ပြည်လုံး သင့်ရှေ့မှောက်တွင်ရှိ၏။ ကောင်းမည်၊ အဆင်ပြေမည်ဟု သင်ထင်သည့်နေရာများသို့ သင်သွားနိုင်၏”ဟု ဆိုလေ၏။ |
ထို့ကြောင့်သင်နှင့်ငါခွဲခွာကြပါစို့။ သင့်ရှေ့မှောက်တွင်မြေတစ်ပြင်လုံးရှိ၏။ သင်ကြိုက်နှစ်သက်ရာကိုရွေးယူလော့။ သင်ကတစ်ဘက်သို့သွားလျှင်ငါကတခြားတစ်ဘက်သို့သွားမည်'' ဟုပြောလေ၏။
အဘိမလက်က``ငါ၏တိုင်းပြည်တစ်ဝန်း လုံးတွင် သင်ကြိုက်ရာအရပ်၌နေလော့'' ဟု အာဗြဟံအားမိန့်ကြား၏။-
အရှင်က`ထိုသူငယ်ကိုခေါ်ဆောင်ခဲ့ကြ၊ ငါ တွေ့မြင်လိုသည်' ဟုမိန့်ကြားပါသည်။-
အီဂျစ်ပြည်တွင်အကောင်းဆုံးအရပ်ဖြစ် သောဂေါရှင်ဒေသ၌နေထိုင်ကြပါစေ။ သူ တို့အနက်သင့်တော်သောသူများရှိလျှင် ငါ၏သိုးနွားအုပ်အရာ၌ခန့်ထားလော့'' ဟုမိန့်ကြားလေ၏။
``သင့်သဘောအတိုင်းပြုရန်ထိုလူမျိုးနှင့် သူတို့၏ငွေကိုသင့်လက်သို့ငါပေးအပ်၏'' ဟုမိန့်တော်မူ၏။
ငါက``သင်ပြောသကဲ့သို့မဟုတ်။ ငါမထွက် ပြေးပါ'' ဟုပြန်ပြောသော်လည်းဣရိယ သည်ငါ၏စကားကိုနားမထောင်ဘဲ ငါ့ ကိုဖမ်းဆီးပြီးလျှင်မှူးမတ်များထံသို့ ခေါ်ဆောင်သွားလေသည်။-
ငါ့ကိုသံကြိုးများနှင့်ချည်နှောင်ထားတော်မူ ပါ၏။ ငါသည်အကျဉ်းသားဖြစ်၍ ငါလွတ်မြောက်ရန်လမ်းမရှိ။