ကိုယ်တော်သည်သူတို့အားပြင်းထန်သော အမျက်တော်ထွက်တော်မူ၏။ အမျက်တော်သည်သေမင်း၏တမန်များသဖွယ် သူတို့အားဒဏ်ခတ်တော်မူ၏။
ယေရမိ 4:8 - Common Language Bible သို့ဖြစ်၍လျှော်တေကိုဝတ်၍ငိုကြွေးမြည် တမ်းကြလော့။ အဘယ်ကြောင့်ဆိုသော်၊ထာဝရဘုရား၏ ပြင်းထန်သောအမျက်တော်သည် ယုဒပြည်သို့ဦးတည်လျက်ရှိနေသေး သောကြောင့်ဖြစ်၏။ Garrad Bible ထို အ မှု ကို ထောက်၍ လျှော် တေ ဝတ် လျက်၊ အော် ဟစ် မြည် တမ်း ကြ လော့။ ထာ ဝ ရ ဘု ရား၏ အ မျက် တော် ရှိန် သည်၊ ငါ တို့ အ ပေါ် မှ မ လွှဲ သေး။ Judson Bible ထိုအကြောင်းကြောင့် လျှော်တေအဝတ်ကို ဝတ်စည်းလျက်၊ ငိုကြွေးမြည်တမ်း၍ အော်ဟစ်ကြလော့။ အကြောင်းမူကား၊ ထာဝရဘုရား၏ ပြင်းစွာသော အမျက်တော်သည် ငါတို့မှလွှဲရှောင်၍မသွားသေး။ မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် လျှော်တေအဝတ်ကိုဝတ်၍ ငိုကြွေးမြည်တမ်းကြလော့။ အကြောင်းမူကား ထာဝရဘုရား၏ပြင်းထန်သောအမျက်တော်သည် ငါတို့ထံမှ ပြန်လှည့်မသွားသေးပေ။ |
ကိုယ်တော်သည်သူတို့အားပြင်းထန်သော အမျက်တော်ထွက်တော်မူ၏။ အမျက်တော်သည်သေမင်း၏တမန်များသဖွယ် သူတို့အားဒဏ်ခတ်တော်မူ၏။
သင်တို့သည်တိုက်ပွဲတွင်ကျဆုံးရကြလိမ့် မည်။ သို့မဟုတ်လျှင်လည်းသုံ့ပန်းများအဖြစ် ဖြင့် ဆွဲသွားခြင်းကိုခံရကြလိမ့်မည်။ သို့နှင့် လည်းထာဝရဘုရားသည်အမျက်တော် မပြေဘဲအပြစ်ဒဏ်ခတ်တော်မူရန် လက် တော်ကိုချိန်ရွယ်လျက်ပင်ထားတော်မူ လိမ့်မည်။
အနန္တတန်ခိုးရှင်သည်ဘေးအန္တရာယ်ဆိုးကို သက်ရောက်စေတော်မူမည့်နေ့ရက်ကာလ တည်းဟူသော ထာဝရဘုရားတရားစီရင် တော်မူရာနေ့ရက်ကာလကျရောက်လာ ရဦးမည်။ ဝေဒနာခံစားလျက်ငိုကြွေး မြည်တမ်းကြလော့။-
ထိုစဉ်အခါကအနန္တတန်ခိုးရှင်ထာဝရ ဘုရားသည် သင့်အားငိုကြွေး၍၊ ဝမ်းနည်းသည့် အမှတ်လက္ခဏာပြရန်နှင့်ခေါင်းတုံးရိတ်၍ လျှော်တေကိုဝတ်ရန်စေခိုင်းတော်မူခဲ့၏။-
သင်တို့သည်ပူပင်သောကမရှိဘဲအေးဆေး စွာနေထိုင်လျက်ရှိကြ၏။ သို့ရာတွင်ယခု အခါထိတ်လန့်တုန်လှုပ်၍နေကြကုန်လော့။ သင်တို့၏အဝတ်များကိုချွတ်၍ခါးတွင် စောင်စုတ်များပတ်ထားကြလော့။-
ထာဝရဘုရားသည်မိမိ၏လူမျိုးတော် အားအမျက်ထွက်တော်မူ၍ အပြစ်ဒဏ်ခတ် တော်မူရန်လက်တော်ကိုဆန့်တော်မူသဖြင့် တောင်တို့သည်တုန်လှုပ်ကြလိမ့်မည်။ သေသော သူတို့၏အလောင်းများသည်လမ်းများပေါ် တွင်အမှိုက်သရိုက်ကဲ့သို့ကျန်ရစ်လိမ့်မည်။ ထိုအခါ၌ပင်ထာဝရဘုရား၏အမျက် တော်သည်ပြေငြိမ်းလိမ့်မည်မဟုတ်။ ကိုယ်တော် သည်အပြစ်ဒဏ်ခတ်တော်မူရန် လက်တော်ကို ဆန့်လျက်ပင်ထားရှိလိမ့်ဦးမည်။
အရှေ့ဘက်ရှိအာရှုရိပြည်နှင့်အနောက် ဘက်ရှိဖိလိတ္တိပြည်တို့သည် ဣသရေလ ပြည်ကိုဖျက်ဆီးချေမှုန်းရန်အသင့်ပြင် ဆင်ကြကုန်၏။ သို့နှင့်လည်းထာဝရဘုရား ၏အမျက်တော်သည်မပြေ။ သူတို့အားဆုံး မရန်ကိုယ်တော်သည်လက်တော်ကိုဆန့်လျက် ပင်ရှိထားတော်မူသေး၏။
သို့ဖြစ်၍ထာဝရဘုရားသည်အဘယ် လူငယ်လူရွယ်ကိုမျှ ချမ်းသာပေးတော်မူ လိမ့်မည်မဟုတ်။ မုဆိုးမများနှင့်မိဘမဲ့ သူများအားလည်းကရုဏာပြတော်မူ လိမ့်မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော်လူ အပေါင်းတို့သည်ဘုရားမဲ့လျက်ယုတ်မာ လျက်ရှိကြသည့်အပြင် ညစ်ညမ်းသည့် စကားကိုသာလျှင်ပြောဆိုကြသောကြောင့် ဖြစ်၏။ ထို့ကြောင့်ထာဝရဘုရားအမျက် တော်မပြေဘဲအပြစ်ဒဏ်ခတ်တော်မူရန် လက်တော်ကိုဆန့်တန်းချိန်ရွယ်လျက်ပင် ထားတော်မူ၏။
မနာရှေသားချင်းစုနှင့်ဧဖရိမ်သားချင်း စုသည်အပြန်အလှန်တိုက်ခိုက်ကြပြီးလျှင် သူတို့နှစ်ဦးပေါင်း၍ယုဒသားချင်းစုကို တိုက်ခိုက်ကြတော့၏။ သို့နှင့်လည်းထာဝရ ဘုရားသည်အမျက်တော်မပြေဘဲအပြစ် ဒဏ်ခတ်တော်မူရန်လက်တော်ကိုချိန်ရွယ် လျက်ပင်ထားတော်မူ၏။
အသင်ခေါင်းဆောင်တို့၊ အော်ဟစ်ငိုယိုကြလော့။ ငါ၏လူမျိုးတော်ကိုထိန်းသောသိုးထိန်းတို့၊ ကျယ်စွာအော်ဟစ်ကြလော့။ ဝမ်းနည်းပူဆွေး လျက်မြေမှုန့်တွင်လူးလှိမ့်ကြလော့။ အသတ် ခံရကြမည့်အချိန်ကျရောက်လာပြီဖြစ်၍ သင်တို့သည်သိုးထီးများကဲ့သို့အသတ်ခံ ရကြလိမ့်မည်။-
ထိုသူတို့က`မောဘပြည်ကျဆုံးလေပြီ။ ထိုပြည်အတွက်ငိုကြွေးကြလော့။ ယင်းသည်အရှက်ကွဲလေပြီ။ မောဘပြည်ပျက်သုဉ်း၍သွားကြောင်းကို အာနုန်မြစ်ရိုးတစ်လျှောက်တွင်ကြွေးကြော် ကြလော့' ဟုပြန်လည်ဖြေကြားကြလိမ့်မည်။
ထာဝရဘုရားက မိမိလူမျိုးတော်အား``သင် တို့သည်လျှော်တေကိုဝတ်၍ပြာထဲ၌လူးလှိမ့် ကြလော့။ တစ်ဦးတည်းသောသားအတွက် ငိုကြွေး မြည်တမ်းသကဲ့သို့ဝမ်းနည်းပက်လက်ငိုကြွေး ကြလော့။ အဘယ်ကြောင့်ဆိုသော်သင်တို့အား သုတ်သင်ဖျက်ဆီးရန်လာသူသည် ရုတ်တရက် ဝင်ရောက်တိုက်ခိုက်မည်ဖြစ်သောကြောင့်တည်း။-
သူသည်အနီးအနားမှဖြတ်သန်းသွားလာသူ အပေါင်းတို့အားအော်ပြောသည်မှာ ``ငါ့ကိုကြည့်ကြပါ။ ငါခံရသောဝေဒနာ မျိုးကို အဘယ်သူမျှမခံရဘူးပါ။ ဤကဲ့သို့သောဝေဒနာမျိုးရှိဖူးပါသလော။ ထိုဝေဒနာသည်ထာဝရဘုရား အမျက်တော်ထွက်၍ငါ့အားခံစားစေသည့် ဝေဒနာဖြစ်ပါ၏။''
အချင်းလူသား၊ဝမ်းနည်း၍အော်ဟစ်ငို ကြွေးလော့။ ဤဋ္ဌားသည်ငါ၏လူမျိုးတော်အတွက် ဣသရေလအမျိုးသားခေါင်းဆောင်အပေါင်းတို့ အတွက်ဖြစ်၏။ သူတို့သည်ကျန်ရှိနေသူငါ၏လူမျိုးတော်ဝင် အပေါင်းနှင့်အတူအသတ်ခံရကြအံ့။ စိတ်ပျက်လက်လျော့လျက်သင်၏ရင်ကိုတီး ခတ်လော့။
ကိုယ်တော်က``အချင်းလူသား၊ ငါအရှင် ထာဝရဘုရား၏အမိန့်တော်ကိုအသံ ကျယ်စွာဟောပြောရမည်မှာ ကြောက်ရွံ့ထိတ်လန့်ဖွယ်ကောင်းသောနေ့သည် ကျရောက်လတ္တံ့။
ယဇ်ပလ္လင်အမှုတော်ဆောင် အချင်းယဇ်ပုရောဟိတ်တို့၊လျှော်တေကိုဝတ်၍ငိုကြွေးကြလော့။ ငါ၏ဘုရားသခင်ရှေ့အမှုတော်ဆောင်တို့ဗိမာန်တော်သို့ဝင်၍ ညဥ့်လုံးပေါက်ငိုကြွေးမြည်တမ်းကြလော့။ သင်တို့၏ဘုရားသခင်အားပူဇော်ရန်ဂျုံဆန်နှင့်စပျစ်ရည်များမရှိတော့ပြီ။
သင်တို့ပျော်ပွဲရွှင်ပွဲများကိုမသာပွဲအဖြစ် သို့ပြောင်းပစ်မည်။ သင်တို့တက်ကြွရွှင်မြူးသော တေးသံတို့ကိုငိုကြွေးသံများဖြစ်သွားစေ မည်။ သင်တို့သည်ဆံပင်များကိုရိတ်ပြီးလျှော် တေအဝတ်ကိုဝတ်ရလိမ့်မည်။ တစ်ဦးတည်း သောသားသေဆုံးသဖြင့်ရတက်ပွားရသည့် မိဘပမာဖြစ်ရကြမည်။ နေဝင်သည့်တိုင် ထိုနေ့တာသည်ဆိုးဝါးလှမည်။
ယုဒပြည်သားတို့၊ သင်တို့ချစ်သောသား သမီးများအတွက်ဝမ်းနည်းပူဆွေးကြောင်း ပြသည့်အနေဖြင့် သင်တို့၏ဆံပင်ကိုရိတ် ကြလော့။ သင်တို့၏သားသမီးများကို တိုင်းတစ်ပါးသို့သိမ်းယူသွားကြမည် ဖြစ်သောကြောင့် သင်တို့၏ဦးခေါင်းကို လင်းတငှက်ခေါင်းကဲ့သို့ပြောင်အောင် ရိတ်ကြလော့။
မောရှေအား``ငါ၏အမျက်ပြေစေခြင်းငှာ ဣသရေလအမျိုးသားခေါင်းဆောင်အပေါင်း တို့ကိုထုတ်ဆောင်၍ လူပရိသတ်ရှေ့တွင်ကွပ် မျက်လော့'' ဟုမိန့်တော်မူ၏။-