ကမ္ဘာမြေကြီးသည်ခြောက်သွေ့နွမ်းနယ်လျက် ရှိ၏။ ချီးမြှောက်ခြင်းခံရသောကမ္ဘာသူကမ္ဘာ သားအပေါင်းတို့သည်ချည့်နဲ့၍နေကြ၏။ မိုးကောင်းကင်သည်လည်းကမ္ဘာမြေကြီး နှင့်အတူဆွေးမြေ့လျက်ရှိပေသည်။-
ယေရမိ 4:28 - Common Language Bible ကမ္ဘာမြေကြီးသည်ဝမ်းနည်းပူဆွေးလျက်နေ လိမ့်မည်။ မိုးကောင်းကင်သည်လည်းမှောင်မဲ၍လာလိမ့် မည်။ ထာဝရဘုရားသည်မိန့်မြွက်တော်မူပြီးနောက် မိမိ၏စိတ်ကိုပြောင်းလဲတော်မူလိမ့်မည်မဟုတ်။ စိတ်ပိုင်းဖြတ်တော်မူပြီးနောက်ကိုယ်တော်သည် နောက်ဆုတ်တော်မူလိမ့်မည်မဟုတ်။ Garrad Bible စိတ် တော် လည် ခြင်း၊ ပြောင်း လဲ ခြင်း ကင်း လျက်၊ မိန့် ဆို ပြ ဋ္ဌာန်း ပြီး ဖြစ် သည် နှင့် မြေ ပ ထ ဝီ သည်၊ မြည် တမ်း ရ လျက်၊ အ ထက် ကောင်း ကင် လည်း၊ မည်း နက် ရာ ရောက် လိမ့် မည် ဟု မိန့် တော် မူ သော ကြောင့် တည်း။ Judson Bible ထိုကြောင့်၊ မြေကြီးသည် ညည်းတွားလိမ့်မည်။ မိုးကောင်းကင်လည်း နက်လိမ့်မည်။ ငါသည်ပြောပြီးမှ နောင်တမရှိ။ ကြံပြီးမှ အကြံမပျက်ရ။ မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် မြေကြီးသည် ငိုကြွေးမြည်တမ်းလိမ့်မည်။ အထက်ကောင်းကင်သည် မှောင်မည်းလိမ့်မည်။ ငါမိန့်ဆိုခဲ့ပြီ။ ကြံစည်ခဲ့ပြီ။ စိတ်ပြောင်းလဲမည်မဟုတ်။ နောက်ပြန်လှည့်မည်မဟုတ်။ |
ကမ္ဘာမြေကြီးသည်ခြောက်သွေ့နွမ်းနယ်လျက် ရှိ၏။ ချီးမြှောက်ခြင်းခံရသောကမ္ဘာသူကမ္ဘာ သားအပေါင်းတို့သည်ချည့်နဲ့၍နေကြ၏။ မိုးကောင်းကင်သည်လည်းကမ္ဘာမြေကြီး နှင့်အတူဆွေးမြေ့လျက်ရှိပေသည်။-
နေလနက္ခတ်တို့သည်မြေသို့ကြွေကျလိမ့်မည်။ မိုးကောင်းကင်သည်လိပ်၍တင်လိုက်သည့်စာ လိပ်သဖွယ်ပျောက်ကွယ်သွားကာ ကြယ်တို့ သည်စပျစ်ပင်သို့မဟုတ်သင်္ဘောသဖန်းပင် မှအရွက်ကြွေသကဲ့သို့ကြွေကျကြလိမ့် မည်။
ထိုကာလ၌သူတို့သည်ပင်လယ်မြည်ဟည်းသံ ကဲ့သို့ ကျယ်စွာဣသရေလပြည်တွင်ကြွေးကြော် ကြလိမ့်မည်။ ထိုပြည်ကိုကြည့်ရှုကြလော့။ ယင်း သည်မှောင်အတိ၊ ဆင်းရဲဒုက္ခအတိဖြစ်၍နေလိမ့် မည်။ အလင်းကားအမှောင်တွင်ကွယ်ပျောက် သွားလေတော့သတည်း။
မိုးကောင်းကင်သည်သူသေအတွက် ဝမ်းနည်းပူဆွေးသည့်အမှတ်လက္ခဏာကို ပြသည့်အလား မှောင်မဲ၍လာအောင်ငါပြုနိုင်၏။''
သူတို့သည်ထိုပြည်ကိုမြေရိုင်းဖြစ်စေကြ လေပြီ။ ထိုပြည်သည်ငါ၏ရှေ့မှောက်၌လူသူ ကင်းမဲ့လျက်ရှိ၏။ တစ်ပြည်လုံးပင်စွန့်ပစ်ခြင်းခံရ၍အဘယ်သူမျှ ဂရုမစိုက်ကြ။
ကျွန်တော်မျိုးတို့၏ပြည်သည်အဘယ်မျှ ကြာကြာ ခြောက်သွေ့လျက်၊ လယ်ကွင်းများရှိမြက်တို့သည်လည်း၊အဘယ်မျှ ကြာကြာညှိုးနွမ်းလျက်နေရပါမည်နည်း။ `ငါတို့ပြုကျင့်ပုံကိုဘုရားသခင်တွေ့မြင်တော် မမူ' ဟုပြောဆိုကြသည့် ဤပြည်သူတို့၏ယုတ်မာမှုကြောင့်ငှက်များ၊ တိရစ္ဆာန်များသည်သေကြေပျက်စီးလျက်ရှိ ပါ၏။''
``ယုဒပြည်သည်ငိုကြွေးလျက်နေ၏။ ယုဒမြို့တို့သည်နွမ်းလျလျက်နေ၏။ ယုဒပြည်အတွက်ဝမ်းနည်းကြေကွဲကြ၏။ ယေရုရှလင်မြို့သည်အော်ဟစ်လျက် အကူအညီတောင်းခံ၍နေ၏။
ငါတို့ပြည်သည်ထာဝရဘုရားအား သစ္စာမဲ့သူများနှင့်ပြည့်နှက်လျက်ရှိ၏။ သူတို့သည်မသမာသောအမှုများကို ပြုကျင့်လျက် မိမိတို့တန်ခိုးအာဏာကိုအလွဲသုံးစား ပြုကြ၏။ ငါတို့ပြည်သည်ထာဝရဘုရား၏ ကျိန်စာသင့်သဖြင့်ငိုကြွေးမြည်တမ်း လျက်၊တိရစ္ဆာန် စားကျက်သည်လည်းခြောက်သွေ့လျက်နေ၏။
ထိုအမျက်တော်သည်ကိုယ်တော်ကြံစည်တော် မူသမျှသောအမှုများမပြီးမချင်းပြေ ငြိမ်းလိမ့်မည်မဟုတ်။ ဤအချက်ကိုကိုယ် တော်၏လူမျိုးတော်သည် လာလတ္တံ့သောနေ့ ရက်များ၌သိရှိနားလည်လာကြလိမ့်မည်'' ဟုဆို၏။
ဗာဗုလုန်မြို့ရိုးတို့ကိုတိုက်ခိုက်ရန်အချက် ပေးကြလော့။ သင်တို့၏အစောင့်တပ်ကိုအား ဖြည့်ကြလော့။ ကင်းလုလင်တို့ကိုနေရာယူ စေကြလော့။ ခြုံခိုတိုက်ခိုက်မည့်တပ်သား တို့ကိုချထားကြလော့'' ဟုအမိန့်ပေး ကြ၏။ ထာဝရဘုရားသည်မိမိကြံစည်ထားတော် မူသည်အတိုင်း၊ ဗာဗုလုန်ပြည်သားတို့အား မိမိကြိမ်းမောင်းထားသည်နှင့်အညီပြု တော်မူလေပြီ။-
``အချင်းယေရမိ၊ ဤလူတို့အဖို့ဆုတောင်း ပတ္ထနာမပြုနှင့်။ သူတို့အတွက်တောင်းပန်မှု ကိုသော်လည်းကောင်း၊ အသနားခံမှုကို သော်လည်းကောင်းမပြုနှင့်။ ငါသည်သင် ၏စကားကိုနားထောင်လိမ့်မည်မဟုတ် သဖြင့်ငါ့အားမလျှောက်မလဲနှင့်။-
နောက်ဆုံး၌ထာဝရဘုရားသည်မိမိ ကြုံးဝါးတော်မူခဲ့သည့်အတိုင်းပြုတော် မူလေပြီ။ ကိုယ်တော်သည်ရှေးကာလ သတိပေးတော်မူခဲ့သည့်အတိုင်းငါတို့အား သနားကရုဏာကင်းမဲ့စွာသုတ်သင်ဖျက်ဆီး တော်မူလေပြီ။ ကိုယ်တော်သည်ငါတို့ရန်သူများအား အောင်ပွဲကိုပေးတော်မူ၍ ငါတို့ပြိုလဲမှုအတွက်ဝမ်းမြောက်စေတော်မူပါ၏။
ဤကားထာဝရဘုရားမိန့်တော်မူသော စကားဖြစ်၏။ ငါအရေးယူဆောင်ရွက်ရမည့် အချိန်ကျပြီ။ ငါသည်သင်၏အပြစ်များ ကိုလျစ်လူရှုလိမ့်မည်မဟုတ်။ သနားကြင် နာမည်မဟုတ်။ ကရုဏာထားမည်မဟုတ်။ သင်ပြုခဲ့သည့်အမှုအတွက်အပြစ်ဒဏ် ခံရမည်'' ဟူ၍တည်း။ ဤကားအရှင်ထာဝရ ဘုရားမိန့်တော်မူသောစကားဖြစ်၏။
ငါသည်ဤသူတို့ကိုမရဏာနိုင်ငံမှလည်း ကောင်း၊ သေမင်း၏အာဏာအတွင်းမှသော် လည်းကောင်းကယ်တင်မည်မဟုတ်။ အို သေမင်း သင်၏ကပ်ရောဂါဘေးကျရောက်စေလော့။ အို မရဏာနိုင်ငံသင်၏ပျက်စီးခြင်းဘေး ကျရောက်စေလော့။ ငါသည်ဤသူတို့ကို မသနားမကြင်နာတော့ပြီ။-
သို့ဖြစ်၍ဤပြည်သည်ခြောက်သွေ့လျက် သက်ရှိသတ္တဝါအပေါင်းတို့သည်သေကြေ ပျက်စီးကြလိမ့်မည်။ တိရစ္ဆာန်များ၊ ငှက်များ နှင့်ပင်လယ်ထဲရှိငါးများပင်သေကြေ ပျက်စီးကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
လယ်ယာများသည်ကောက်ပင်ကင်းလျက်နေ၏။ ဂျုံဆန်များသည်ပျက်စီး၍စပျစ်သီးများမှာခြောက်သွေ့ကုန်လျက်၊ သံလွင်ပင်များသည်ညှိုးနွမ်းသွားကြ၏။ ထို့ကြောင့်မြေကြီးသည်ငိုကြွေးမြည်တမ်းလေတော့၏။
အနန္တတန်ခိုးရှင်ထာဝရဘုရားက``သင် တို့၏ဘိုးဘေးများငါ့အားအမျက်ထွက် စေကြသောအခါ ငါသည်သူတို့ကိုဆိုး ကျိုးပေးရန်ကြံစည်ခဲ့၏။ ထိုနောက်စိတ် သဘောမပြောင်းမလဲဘဲယင်းသို့ကြံ စည်သည့်အတိုင်းငါပြုခဲ့၏။-
ဘုရားသခင်သည်လူကဲ့သို့မုသားစကား ကိုမပြော။ လူကဲ့သို့စိတ်ပြောင်းလဲတော်မမူ။ ကတိတော်အတိုင်းပြုတော်မူ၏။ အမိန့်တော်အတိုင်းဖြစ်ပျက်တတ်၏။
မွန်းတည့်ချိန်မှအစပြု၍မွန်းလွဲသုံးနာရီတိုင် အောင် မြေတစ်ပြင်လုံးတွင်မှောင်အတိကျလေ၏။-
မွန်းတည့်ချိန်မှစ၍မွန်းလွဲသုံးနာရီတိုင် အောင် မြေတစ်ပြင်လုံးတွင်မှောင်အတိကျ လေ၏။-
အချိန်ကားမွန်းတည့်ချိန်လောက်ဖြစ်၏။ ထို အချိန်မှစ၍မွန်းလွဲသုံးနာရီအထိ မြေတစ် ပြင်လုံးတွင်နေရောင်အလင်းကွယ်၍မှောင် အတိကျလေ၏။-
ခပ်သိမ်းသောအရာတို့သည်ဘုရားသခင်၏ အကြံအစည်တော်နှင့်အညီကိုယ်တော်စီရင် ဆုံးဖြတ်တော်မူသည်အတိုင်းဖြစ်ပျက်ကြ ရ၏။ ဘုရားသခင်သည်မိမိအလိုတော် အရရှေးမဆွက ပြုတော်မူသည့်စီရင် ဆုံးဖြတ်ချက်ကိုအခြေခံ၍ ငါတို့အား ခရစ်တော်နှင့်တစ်လုံးတစ်ဝတည်းဖြစ်စေ လျက် မိမိ၏လူစုတော်အဖြစ်ဖြင့်ရွေး ချယ်တော်မူပေသည်။-
မိမိရည်ရွယ်ချက်အတိုင်းပြုတော်မူ၏။ ခရစ်တော်အားဖြင့်နက်နဲသောအကြံ အစည်တော်ကိုငါတို့အားသိစေတော်မူပြီ။-
သို့ရာတွင်သခင်ယေရှုအားယဇ်ပုရောဟိတ် အဖြစ် ခန့်ထားတော်မူသောအခါ၌မူကား `` `သင်သည်ထာဝရယဇ်ပုရောဟိတ် ဖြစ်ရလိမ့်မည်' ဟု ထာဝရဘုရားကျိန်ဆိုတော်မူပြီ။ ကိုယ်တော်သည်မိမိ၏စိတ်ကိုပြောင်းလဲ တော်မူလိမ့်မည်မဟုတ်'' ဟူ၍ကိုယ်တော်အားမိန့်မြွက်တော်မူ၏။-
ထိုနောက်သိုးသူငယ်တော်သည်ဆဋ္ဌမချိပ် တံဆိပ်တော်ကိုဖွင့်လေလျှင် မြေငလျင်ပြင်း စွာလှုပ်လေ၏။ နေသည်ဂုံအိတ်ထည်မည်းကဲ့ သို့မည်းနက်လာ၏။ လတစ်ဝန်းလုံးသည် လည်းသွေးကဲ့သို့နီလာ၏။-
ဣသရေလအမျိုးသားတို့၏မြင့်မြတ်သော ဘုရားသည်မုသားကိုသုံးတော်မမူ။ စိတ်တော် ကိုလည်းပြောင်းလဲတော်မမူ။ ကိုယ်တော်သည် လူကဲ့သို့မိမိ၏စိတ်တော်ကိုပြောင်းလဲတော် မူသည်မဟုတ်'' ဟုဆို၏။