ကိုယ်တော်သည်သူယုတ်မာတို့အပေါ်သို့ မီးကျီးခဲများကိုလည်းကောင်း၊ပူလောင်လှသည့် မီးလျှံကိုလည်းကောင်းကျစေတော်မူ၏။ သူတို့အားပူလောင်လှသောလေပူဖြင့် အပြစ်ဒဏ်ခတ်တော်မူ၏။
ယေရမိ 4:12 - Common Language Bible ထာဝရဘုရား၏အမိန့်တော်အရတိုက်ခတ် သည့်လေသည် ထိုထက်များစွာပိုမိုပြင်းထန် ပေလိမ့်မည်။ ကိုယ်တော်၏လူမျိုးတော်အပေါ် သို့ ယခုစီရင်ချက်ချမှတ်တော်မူသည့်အရှင် ကား ထာဝရဘုရားကိုယ်တော်တိုင်ပင်ဖြစ် သတည်း။ Judson Bible ထိုလေထက်ပြင်းသော လေသည် ငါ့အလိုကို ပြည့်စုံစေခြင်းငှာ လာလိမ့်မည်။ ယခုပင် သူတို့ကို ငါ့ကိုယ်တိုင် စစ်ကြောစီရင်မည်။ မြန်မာ့စံမီသမ္မာကျမ်း ထိုထက်အားကောင်းသောလေသည် ငါ့ထံမှလာလိမ့်မည်။ ယခု ငါကိုယ်တိုင် သူတို့ကို စစ်ကြောစီရင်မည်”ဟု မိန့်ဆိုပြီ။ |
ကိုယ်တော်သည်သူယုတ်မာတို့အပေါ်သို့ မီးကျီးခဲများကိုလည်းကောင်း၊ပူလောင်လှသည့် မီးလျှံကိုလည်းကောင်းကျစေတော်မူ၏။ သူတို့အားပူလောင်လှသောလေပူဖြင့် အပြစ်ဒဏ်ခတ်တော်မူ၏။
ဤနည်းအားဖြင့်ငါသည်အပြစ်ကူးလွန် သူများ၊ ငါ့ကိုစွန့်ပစ်သူများ၊ အခြားဘုရား တို့အားနံ့သာပေါင်းဖြင့်မီးရှို့ပူဇော်သူ များနှင့် မိမိတို့သွန်းလုပ်သည့်ရုပ်တုများ ကိုဝတ်ပြုကိုးကွယ်သူတို့အားအပြစ် ပေးတော်မူမည်။-
သဲကန္တာရမှလေပူကြီးသည် တိုက်ခတ်လာ လိမ့်မည်ဖြစ်ကြောင်းယေရုရှလင်မြို့သား တို့ကြားသိရမည့်နေ့ရက်ကာလသည်ကျ ရောက်လာလိမ့်မည်။ ထိုလေသည်သူတို့အား ဂျုံစပါးလှေ့ရန်တိုက်ခတ်လာခြင်းမဟုတ်။-
ကြည့်ရှုကြလော့။ ရန်သူသည်မိုးတိမ်သဖွယ် လာလိမ့်မည်။ သူ၏စစ်ရထားများသည်လေပွေ နှင့်တူ၍ သူ၏မြင်းတို့သည်လင်းယုန်ငှက်များ ထက်လျင်မြန်ကြ၏။ ငါတို့အရေးရှုံးနိမ့်ကြ လေပြီ။ ငါတို့သည်အမင်္ဂလာရှိပါသည် တကား။-
ထာဝရဘုရားက``ငါသည်ဗာဗုလုန်မြို့နှင့် မြို့သူမြို့သားတို့ကိုဖျက်ဆီးချေမှုန်းရန် လေပြင်းထစေမည်။-
သို့ဖြစ်၍ငါအရှင်ထာဝရဘုရားမိန့် တော်မူသည်ကား ယေရုရှလင်မြို့၊ ငါသည် သင့်ရန်သူဖြစ်၍လူမျိုးတကာတို့ရှေ့ တွင်သင့်အားအပြစ်ဒဏ်စီရင်မည်။-
ဣသရေလအမျိုးသားတို့သည်ပေါင်း ပင်ကဲ့သို့သန်စွမ်းသော်လည်း၊ ငါသည်သဲ ကန္တာရထဲမှပူပြင်းသောအရှေ့လေကို တိုက်ခတ်စေသဖြင့် သူတို့၏စမ်းချောင်း များနှင့်ရေတွင်းများကိုခန်းခြောက်စေ ပြီးလျှင်အဖိုးတန်ပစ္စည်းမှန်သမျှ ဆုံးရှုံးရလိမ့်မည်။-
ထိုနောက်မိမိတို့၏တန်ခိုးအာဏာကို ဘုရားအမှတ်ဖြင့်ကိုးကွယ်ကြကုန်သောထိုသူတို့သည် လေကဲ့သို့တဟုန်တည်းပြင်းစွာဖြတ်ကျော်ထွက်ခွာသွားကြ၏'' ဟုမိန့်တော်မူ၏။