ဇေဒကိမင်းသည်လည်း``ယခုငါတို့ပြော ဆိုကြသည့်စကားများကိုအဘယ်သူမျှ မသိစေနှင့်။ သို့မှသာလျှင်သင်သည် အသက်ဘေးနှင့်ကင်းဝေးရလိမ့်မည်။-
ဇေ ဒ ကိ မင်း က၊ ဤ စ ကား များ ကို မည် သူ မျှ မ သိ စေ လင့်၊ သင် လည်း သေ ဒဏ် မ ခံ ရ။
ဇေဒကိကလည်း၊ ဤစကားကို အဘယ်သူမျှမကြားမသိစေနှင့်။ သို့ပြုလျှင်၊ သင်သည်မသေရ။
ဇေဒကိမင်းကြီးကလည်း ယေရမိအား “ဤစကားများကို မည်သူမျှမသိစေနှင့်။ သိစေလျှင် သင်အသတ်ခံရလိမ့်မည်။
ဇေဒကိမင်းသည် ငါ့အားနန်းတော်သို့ခေါ်ယူ ပြီးလျှင် ``ထာဝရဘုရား၏ထံတော်မှဗျာ ဒိတ်တော်တစ်စုံတစ်ရာရရှိပါသလော'' ဟုတိတ်တဆိတ်မေးမြန်းတော်မူ၏။ ငါက``ရှိပါသည်။ အရှင်သည်ဗာဗုလုန်ဘုရင် ၏လက်တွင်းသို့ရောက်ရှိရပါလိမ့်မည်'' ဟု ပြန်လည်လျှောက်ထား၏။-
ထိုနောက်ငါက``ဗာဗုလုန်အမျိုးသားတို့ သည် အရှင်၏မိဖုရားများနှင့်သားသမီး အပေါင်းကိုထုတ်ဆောင်သွားလိမ့်မည်။ အရှင် ကိုယ်တိုင်ပင်လျှင်သူတို့၏ဘေးမှလွတ် မြောက်လိမ့်မည်မဟုတ်ပါ။ ဗာဗုလုန်ဘုရင် ၏ဖမ်းဆီးခြင်းကိုခံရပါလိမ့်မည်။ ဤ မြို့သည်လည်းမီးကျွမ်းလောင်၍သွားလိမ့် မည်'' ဟုလျှောက်ထားပြန်၏။
ငါသည်သင်နှင့်စကားပြောဆိုခဲ့ကြောင်း မှူးမတ်များကြားသိကြသောအခါ သူတို့ သည်သင့်၏ထံသို့လာ၍ ငါတို့ပြောဆိုကြ သည့်ကိစ္စကိုမေးမြန်းကြလိမ့်မည်။ သူတို့ က`ငါတို့အားပြောပြလျှင်သင့်ကိုငါ တို့မသတ်ပါ' ဟုကတိပြုကြလိမ့်မည်။-