တံခါးအနီးကွပ်လပ်တွင်မိုးလင်းခါစမှ မွန်းတည့်ချိန်တိုင်အောင်ဖတ်ပြ၏။ လူအပေါင်း တို့သည်အာရုံစိုက်၍နားထောင်ကြ၏။
ယေရမိ 36:8 - Common Language Bible ထို့ကြောင့်ဗာရုတ်သည်မိမိအားငါမှာကြား ထားသည့်အတိုင်း တိကျစွာထာဝရဘုရား ၏ဗျာဒိတ်စကားတော်တို့ကိုဗိမာန်တော် ထဲ၌ဖတ်ပြလေ၏။ Garrad Bible နေ ရိ သား ဗာ ရုတ် သည် နာ ယူ လျက် ထို ကျမ်း ပါ ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် ချက် များ ကို၊ ဗိ မာန် တော် တွင် ဖတ် ရွတ် လေ ၏။ Judson Bible ထိုသို့ ပရောဖက်ယေရမိ မှာထားသမျှအတိုင်း၊ နေရိသားဗာရုတ်သည် ပြု၍၊ ထာဝရဘုရား၏စကားတော်ပါသောစာကို ဗိမာန်တော်၌ ဖတ်လေ၏။ မြန်မာ့စံမီသမ္မာကျမ်း နေရိ၏သားဗာရုတ်သည် ပရောဖက်ယေရမိမှာထားသည့်အတိုင်း စာလိပ်ထဲ၌ရေးမှတ်ထားသော ထာဝရဘုရား၏စကားတော်များကို ထာဝရဘုရား၏အိမ်တော်၌ ဖတ်ပြလေ၏။ |
တံခါးအနီးကွပ်လပ်တွင်မိုးလင်းခါစမှ မွန်းတည့်ချိန်တိုင်အောင်ဖတ်ပြ၏။ လူအပေါင်း တို့သည်အာရုံစိုက်၍နားထောင်ကြ၏။
သင်သည်ရဲဝံ့စွာသွား၍ထိုသူတို့အား ငါမိန့် မှာတော်မူသမျှကိုပြောကြားလော့။ သူတို့ ကိုမကြောက်နှင့်။ အကယ်၍သင်သည်သူတို့ ကိုကြောက်လျက်နေပါမူ ငါသည်သင့်အား သူတို့ရှေ့တွင်ပို၍ပင်ကြောက်လန့်လာစေ လိမ့်မည်။
မာသေယ၏မြေး၊ နေရိ၏သားဗာရုတ်၏ လက်သို့ပေးအပ်လိုက်လေသည်။ ထိုစာချုပ် များကိုငါသည်သူ့အားယာနမေလ၏ ရှေ့၌လည်းကောင်း၊ အရောင်းအဝယ်ပြုရာ တွင်အသိသက်သေများအဖြစ်လက်မှတ် ရေးထိုးခဲ့သူများ၏ရှေ့၌လည်းကောင်း၊ အချုပ်ထောင်ဝင်းအတွင်းတွင်ထိုင်လျက် နေကြသောဟေဗြဲအမျိုးသား၏ရှေ့၌ လည်းကောင်းပေးအပ်ခြင်းဖြစ်သတည်း။-
သို့ဖြစ်၍ငါသည်နေရိ၏သားဗာရုတ်ကို ခေါ်ပြီးလျှင် မိမိအားထာဝရဘုရားမိန့် ကြားခဲ့သမျှသောစကားတို့ကိုရေးမှတ် ရန်နှုတ်တိုက်ချပေးလေသည်။ ဗာရုတ်သည် လည်းစာလိပ်တစ်ခုတွင်ရေးမှတ်၍ထား၏။-
သို့ရာတွင်နောက်တစ်ကြိမ်လူတို့အစာရှောင် ကြသောအခါ၌ ငါသည်သင့်အားဗိမာန် တော်သို့သွားစေလိုသည်။ ငါ့အားထာဝရ ဘုရားမိန့်ကြားသဖြင့်သင့်အားငါနှုတ် တိုက်ချပေးခဲ့သမျှသောစကားများကို လူတို့ကြားသိကြစေရန်သင်သည်ထိုစာ လိပ်ကိုကျယ်စွာဖတ်ပြရမည်။ မိမိတို့မြို့ ရွာများမှရောက်ရှိလာကြသောယုဒပြည် သားအပါအဝင်ရှိရှိသမျှသောလူတို့ ကြားသိကြစေရန်သင်သည်ဤစာလိပ် ကိုဖတ်ပြလော့။-
ထိုနောက်သခင်ယေရှုက ``ငါ့တပည့်ဖြစ်လိုသူ သည်ကိုယ်ကျိုးကိုစွန့်ရမည်။ ကိုယ့်လက်ဝါးကပ် တိုင်ကိုထမ်း၍ငါ့နောက်သို့လိုက်ရမည်။-
အကယ်၍သင်တို့ထံသို့တိမောသေရောက်ရှိလာ ပါလျှင် သူ့အားလှိုက်လှဲစွာကြိုဆိုဧည့်ခံကြလော့။ သူသည်ငါကဲ့သို့ပင်သခင်ဘုရား၏အမှုတော် ဆောင်ဖြစ်ပေသည်။-