ယောရှိသည်မိမိနန်းစံတစ်ဆယ့်ရှစ်နှစ်မြောက် ၌ မေရှုလံ၏မြေး၊ အာဇလိ၏သား၊ နန်းတော် အတွင်းဝန်ရှာဖန်ကို၊-
ယေရမိ 36:11 - Common Language Bible ဂေမရိ၏သားရှာဖန်၏မြေး၊ မိက္ခာယသည် ထိုစာလိပ်တွင်ပါရှိသည့်ထာဝရဘုရား ၏စကားတော်တို့ကိုကြားလျှင်၊- Garrad Bible ရှာ ဖန့် မြေး၊ ဂေ မ ရိ သား မိ က္ခာ ယ သည်၊ ထို ကျမ်း ပါ သ မျှ သော ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် ချက် ကို ကြား လျှင်၊ Judson Bible ထိုစာ၌ပါသမျှသော ထာဝရဘုရား၏ စကားတော်တို့ကို ရှာဖန်သားဖြစ်သော ဂေမရိ၏သားမိက္ခာယသည် ကြားလျှင်၊ မြန်မာ့စံမီသမ္မာကျမ်း ရှာဖန်၏မြေး၊ ဂေမရိ၏သားမိက္ခာယသည် စာလိပ်ပါထာဝရဘုရား၏စကားတော်အလုံးစုံတို့ကို ကြားသောအခါ |
ယောရှိသည်မိမိနန်းစံတစ်ဆယ့်ရှစ်နှစ်မြောက် ၌ မေရှုလံ၏မြေး၊ အာဇလိ၏သား၊ နန်းတော် အတွင်းဝန်ရှာဖန်ကို၊-
ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာသည်ရှာဖန် ၏မြေး၊ အဟိကံ၏သား၊ ဂေဒလိအားယုဒ ဘုရင်ခံအဖြစ်ခန့်ထားပြီးလျှင် ဗာဗုလုန် ပြည်သို့ဖမ်းသွားခြင်းမခံရကြသူတို့ အားအုပ်ချုပ်စေ၏။-
သူသည်ဟိလခိ၊ ရှာဖန်၏သားအဟိကံ၊ မိက္ခာ ၏သားအာဗဒုန်၊ စာရေးတော်ရှာဖန်နှင့်သက်တော်စောင့် အာသာယတို့ကိုခေါ်၍၊-
သို့ရာတွင်ငါသည်ရှာဖန်၏သား အဟိကံ ၏ထောက်ခံမှုကိုရရှိသဖြင့် လူတို့လက် သို့အပ်၍အသတ်မခံရခြင်းဖြစ်၏။
ထိုအခါဗာရုတ်သည်စာလိပ်ပါငါနှုတ် တိုက်ချပေးသမျှသောစကားတို့ကို ဗိမာန် တော်တွင်းရှိလူတို့ကြားနိုင်လောက်သောအရပ် မှဖတ်ပြလေသည်။ သူသည်ဂေမရိ၏သား ဘုရင်၏အတိုင်ပင်ခံအမတ်ရှာဖန်၏အခန်း မှနေ၍ထိုစာလိပ်ကိုဖတ်သတည်း။ ထိုအခန်း သည်ဗိမာန်တော်အဝင်ဝတံခါးသစ်အနီး အထက်တံတိုင်းအတွင်း၌တည်ရှိလေသည်။
မိက္ခာယသည်လူတို့အားဗာရုတ်ဖတ်ပြသည့် စကားများအနက်မိမိကြားသိခဲ့ရသမျှ ကိုထိုသူတို့အားပြောပြလေသည်။-