အကျွန်ုပ်တို့သည်မိမိတို့နေထိုင်ရန်အိမ်များ ကိုမဆောက်မလုပ်ကြပါ။ စပျစ်ဥယျာဉ်များ၊ လယ်ယာများသို့မဟုတ်ဂျုံစပါးများကို လည်းမပိုင်ကြပါ။-
နေစရာဖို့အိမ်ကိုလည်း မဆောက်။ စပျစ်ဥယျာဉ် မရှိ။ လယ်ယာမရှိ၊ မျိုးစေ့မရှိ။
အကျွန်ုပ်တို့နေထိုင်ရန် အိမ်ကိုလည်း မဆောက်ကြပါ။ အကျွန်ုပ်တို့၌ စပျစ်ခြံ၊ လယ်၊ မျိုးစေ့တို့လည်း မရှိပါ။
သို့ရာတွင်ဧလိရှဲက``သင်နှင့်တွေ့ဆုံရန်ထိုသူ ရထားပေါ်မှဆင်းရာအရပ်သို့ ငါ၏စိတ်ဝိညာဉ် သည်ရောက်ရှိခဲ့သည်မဟုတ်လော။ ဤအချိန်သည် ငွေ၊ အထည်၊ သံလွင်ဥယျာဉ်၊ စပျစ်ဥယျာဉ်၊ သိုး၊ နွား၊ အစေခံများကိုခံယူရန်အချိန်မဟုတ်။-
သူတော်ကောင်းတစ်ယောက်၏ဥစ္စာပစ္စည်း အနည်းငယ်သည် သူယုတ်မာအပေါင်းတို့၏စည်းစိမ်ချမ်းသာ ထက် ပို၍တန်ဖိုးရှိ၏။
သူသည်အကျွန်ုပ်တို့အားအိမ်များကိုမ ဆောက်ကြရန်နှင့် လယ်များကိုမလုပ်ကြ ရန်သော်လည်းကောင်း၊ စပျစ်ဥယျာဉ်များ ကိုမစိုက်မပျိုး၊ မဝယ်မယူကြရန်သော် လည်းကောင်းမှာကြားထားပါသေး၏။ အ ကျွန်ုပ်တို့သည်သူစိမ်းတစ်ရံဆံအဖြစ်နှင့် နေထိုင်ရာပြည်တွင် ဆက်လက်နေထိုင်နိုင် ကြမည့်အကြောင်းတဲရှင်များတွင်သာ နေကြရန်ကိုလည်းမိန့်မှာခဲ့ပါ၏။-
သင်သည်ငါတို့ကိုအစာရေစာပေါကြွယ် ဝသောပြည်သို့မပို့ဆောင်နိုင်သေးသည်သာ မက ငါတို့ပိုင်ဆိုင်ရန်လယ်ယာမြေနှင့်စပျစ် ဥယျာဉ်များကိုလည်းမပေးနိုင်။ သင်သည် ငါတို့အားလှည့်စားဦးမည်ကြံသလော။ ငါတို့သင့်ထံသို့မလာ'' ဟုဆိုကြ၏။
ငါတို့သည်ရှိသမျှဖြင့်တင်းတိမ်ရောင့်ရဲ တတ်ကြပါမူ ဘာသာရေးမှကြီးမားသော အမြတ်အစွန်းကိုအမှန်ပင်ရရှိနိုင်ကြ ပေသည်။-