တစ်ထပ်လျှင်ခုနစ်ပေခွဲမြင့်သည့်သုံးထပ် အခန်းငယ်များကိုဗိမာန်တော်အပြင်နံရံ များနှင့်ကပ်၍ဆောက်လုပ်ပြီးလျှင် သစ်ကတိုး ယက်မများဖြင့်နံရံနှင့်ဆက်စပ်၍ထား လေသည်။
ယေရမိ 35:2 - Common Language Bible ``သင်သည်ရေခပ်သားချင်းစုအပေါင်းတို့ ထံသို့သွား၍စကားစမြည်ပြောပြီးလျှင် သူတို့အားဗိမာန်တော်အခန်းတစ်ခုသို့ ခေါ်ဆောင်ကာစပျစ်ရည်ကိုတိုက်လော့'' ဟုမိန့်တော်မူ၏။- Judson Bible သင်သည် ရေခပ်အမျိုးသားတို့အိမ်သို့သွား၍၊ သူတို့နှင့် နှုတ်ဆက်ပြီးမှ၊ ဗိမာန်တော် အခန်းတစ်ခန်းထဲသို့ ခေါ်သွင်း၍ စပျစ်ရည်ကို တိုက်ပေးလော့ဟု မိန့်တော်မူသည်အတိုင်း၊ မြန်မာ့စံမီသမ္မာကျမ်း “သင်သည် ရေခပ်အမျိုးသားတို့ထံ သွား၍စကားပြောလော့။ သူတို့ကို ထာဝရဘုရား၏အိမ်တော်အခန်းတစ်ခုသို့ ခေါ်လာ၍ စပျစ်ဝိုင်ကိုတိုက်လော့”ဟု မိန့်ဆို၏။ |
တစ်ထပ်လျှင်ခုနစ်ပေခွဲမြင့်သည့်သုံးထပ် အခန်းငယ်များကိုဗိမာန်တော်အပြင်နံရံ များနှင့်ကပ်၍ဆောက်လုပ်ပြီးလျှင် သစ်ကတိုး ယက်မများဖြင့်နံရံနှင့်ဆက်စပ်၍ထား လေသည်။
အောက်ဆုံးခန်းငယ်အဝင်ဝမှာဗိမာန်တော် ၏တောင်ဘက်တွင်ရှိ၏။ ဒုတိယနှင့်တတိယ ထပ်များသို့တက်ရန်လှေကားများတပ်ဆင် ထား၏။-
(စာချုပ်စာတမ်းများရေးမှတ်ကူးယူသည့် အတတ်တွင် အထူးကျွမ်းကျင်ကုန်သောတိ ရသိ၊ ရှိမသိနှင့် စုခသိသားချင်းစုတို့ သည်ယာဗက်မြို့တွင်နေထိုင်ကြ၏။ ထိုသူ တို့သည်ရေခပ်အမျိုးအနွယ်များနှင့် အပြန်အလှန်လက်ထပ်ထိမ်းမြားခဲ့ကြ သောကိနိအမျိုးသားများဖြစ်သတည်း။)
သူတို့၏အလုပ်ဝတ္တရားများမှာဗိမာန်တော် တွင် ဝတ်ပြုကိုးကွယ်မှု၌အာရုန်၏သားမြေး ယဇ်ပုရောဟိတ်တို့အားကူညီရန်၊ ဗိမာန် တော်ဝင်းနှင့်အခန်းများကိုကြည့်ရှုစောင့် ထိန်းရန်၊ အမွန်အမြတ်ထားသည့်အရာ ဟူသမျှကိုသန့်စင်စွာထားရှိရန်တို့ဖြစ်၏။-
မင်းကြီးသည်မိမိကြံစည်ထားတော်မူ သည့်အတိုင်း ဗိမာန်တော်တံတိုင်းများနှင့် တံတိုင်းပတ်လည်ရှိအခန်းများ၊ ဗိမာန် တော်ပစ္စည်းတန်ဆာများသိုမှီးရာနှင့် ထာဝရဘုရားအား ဆက်ကပ်ထားသည့် လှူဖွယ်ပစ္စည်းသိုလှောင်ခန်းတို့၏ပုံစံ များကိုလည်းပေးအပ်တော်မူ၏။-
တံခါးမှူးလေးယောက်တို့သည်လေဝိအနွယ် ဝင်များဖြစ်၍လုံးဝတာဝန်ယူရသည်။ ဗိမာန်တော်ရှိအခန်းများနှင့် ယင်းတို့တွင် သိုလှောင်ထားသောပစ္စည်းများကိုလည်း တာဝန်ယူ၍စောင့်ထိန်းရကြ၏။-
လေဝိအိမ်ထောင်စုအချို့တို့သည်ဗိမာန် တော်တွင် ဂီတသီဆိုတီးမှုတ်မှုများကို တာဝန်ယူရကြ၏။ သူတို့၏အိမ်ထောင် ဦးစီးများသည်နေ့ရောညည့်ပါလုပ်ဆောင် ရန်လိုအပ်သဖြင့် ဗိမာန်တော်အဆောက် အအုံ အချို့တို့တွင်နေထိုင်ရကြ၍ အခြားတာဝန်ဝတ္တရားများမှကင်း လွတ်ခွင့်ရရှိကြ၏။
ရွှေသံမှိုများပြုလုပ်ရာတွင်ရွှေအောင်စနှစ် ဆယ်ကုန်လေသည်။ အထက်ခန်းများ၏နံရံ တို့ကိုလည်းရွှေဖြင့်မွမ်းမံထားသတည်း။
မင်းကြီး၏အမိန့်တော်အရဗိမာန်တော် အနီးတွင် ပစ္စည်းသိုလှောင်ခန်းများကိုပြင် ဆင်ပြီးလျှင်၊-
သင်တို့သည်ဗိမာန်တော်သို့မရောက်မချင်း ထိုပစ္စည်းများကိုစောင့်ထိန်းလျက် ဗိမာန်တော် ရှိယဇ်ပုရောဟိတ်တို့၏အခန်းများတွင် ချိန်တွယ်၍ ယဇ်ပုရောဟိတ်ခေါင်းဆောင်များ၊ လေဝိအနွယ်ဝင်ခေါင်းဆောင်များ၊ ယေရုရှလင် မြို့ရှိဣသရေလပြည်သူတို့၏ခေါင်းဆောင် များလက်သို့ပေးအပ်ကြလော့'' ဟုမှာ ထား၏။-
ဘောဇဉ်ပူဇော်သကာများ၊ နံ့သာပေါင်း၊ ဗိမာန်တော်အသုံးအဆောင်များမှစ၍ ယဇ်ပုရောဟိတ်များအတွက်လှူရသော အလှူများနှင့်လေဝိအနွယ်ဝင်များ၊ ဗိမာန်တော်ဂီတပညာသည်များ၊ ဗိမာန် တော်အစောင့်တပ်သားများအတွက် ဆယ် ဖို့တစ်ဖို့ပေးလှူသောဆန်စပါး၊ စပျစ် ရည်နှင့်သံလွင်ဆီကိုသိုလှောင်ရန်အတွက် သာလျှင် အသုံးပြုသောအခန်းကြီးကို တောဘိအားအသုံးပြုခွင့်ပေးထားလေ သည်။-
သို့ဖြစ်၍ငါသည်(အခြားယေရမိ၏သား၊ ဟာဗဇိညာ၏မြေး) ယာဇညာနှင့်သူ၏ ညီအစ်ကိုများ၊ သားများဖြစ်ကြသော ရေခပ်သားချင်းစုအပေါင်းတို့ကို၊-
ဗိမာန်တော်သို့ဖိတ်ကြားပြီးလျှင်ပရောဖက် ဟာနန်၏တပည့်များနေထိုင်ရာအခန်းသို့ ခေါ်သွား၏။ ဟာနန်ကားဣဂဒါလိ၏သား ဖြစ်သတည်း။ ထိုအခန်းသည်အရာရှိများ ၏အခန်းအနီးဗိမာန်တော်အရာရှိကြီး တစ်ဦးဖြစ်သောရှလ္လုံ၏သားမာသေယ၏ အခန်းအထက်၌ရှိလေသည်။-
အကျွန်ုပ်တို့သည်မိမိတို့ဘိုးဘေးရေခပ် ၏သားယောနဒပ်၏ညွှန်ကြားချက်များကို လိုက်နာကျင့်သုံးခဲ့ကြပါပြီ။ အကျွန်ုပ်တို့ ကိုယ်တိုင်နှင့်အကျွန်ုပ်တို့၏ဇနီး၊ သားသမီး များသည်စပျစ်ရည်ကိုအဘယ်အခါမျှ မသောက်ကြပါ။-
အခန်းအားလုံး၏အပြင်နံရံတိုင်း၊ အတွင်းနံရံတိုင်းတို့၌ပြူတင်းပေါက်ငယ်များရှိ၏။ လမ်းကြားသို့မျက်နှာမူလျက်နေသောအတွင်းနံရံများတွင် စွန်ပလွံပင်ပုံများကိုထွင်းထုထားလေသည်။