သို့ဖြစ်၍ယေရုရှလင်မြို့အားငါသင့်စေမည့် ဘေးကို သင်ကိုယ်တိုင်မြင်ရမည်မဟုတ်။ ငါသည် သင့်အားငြိမ်းချမ်းစွာစုတေခွင့်ကိုပေးတော် မူမည်၊ ထိုသူတို့သည်မင်းကြီးအားပြန် လျှောက်ကြ၏'' ဟုဆင့်ဆိုလေသည်။
ယေရမိ 34:5 - Common Language Bible အေးချမ်းစွာသေရလိမ့်မည်။ လူတို့သည် သင်၏ဘိုးဘေးများအတွက် နံ့သာပေါင်း ကိုမီးရှို့ခဲ့ကြသည့်နည်းတူ သင်၏အတွက် လည်းနံ့သာပေါင်းကိုမီးရှို့ကြလိမ့်မည်။ သူ တို့သည်`ငါတို့ဘုရင်ကွယ်လွန်ပြီ' ဟုဆို၍ သင်၏အတွက်ငိုကြွေးမြည်တမ်းကြလိမ့် မည်။ ဤကားငါထာဝရဘုရားမြွက်ဟ သည့်စကားဖြစ်၏'' ဟူ၍မိန့်တော်မူ၏။ Garrad Bible ချမ်း သာ စွာ ကွယ် လွန် ခွင့် ရ ၍ ယ မန် မင်း ပြု ခဲ့ သော သင် ၏ ဘိုး ဘေး တို့ ခံ ရ ကြ သည့် နည်း တူ၊ နံ သာ ပေါင်း ရှို့ ခြင်း၊ အို အ ရှင် ဘု ရား ဟူ ၍ မြည် တမ်း ခြင်း များ ကို ခံ ရ မည် ဟု၊ သင့် အား ရည် လျက် ထာ ဝ ရ ဘု ရား မိန့် တော် မူ ကြောင်း များ ကို ဆင့် ဆို ရန် အ မိန့် တော် အ တိုင်း၊ Judson Bible ငြိမ်ဝပ်စွာသေ၍ သင့်ရှေ့မှာ စိုးစံသော ဘိုးတော်ဘေးတော်တို့အဖို့ ပြုဖူးသည်နည်းတူ၊ သင့်အဖို့ နံ့သာပေါင်းကို မီးရှို့လျက်၊ ဩ သခင်ဟူ၍ ငိုကြွေးမြည်တမ်းကြလိမ့်မည်၊ ငါပြောထားပြီဟု ထာဝရဘုရား မိန့်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း သင်သည် ငြိမ်းချမ်းစွာသေရလိမ့်မည်။ ရှေးယခင် သင့်ဘိုးဘေးဘုရင်တို့ကို ပြုပေးသကဲ့သို့ နံ့သာပေါင်းကိုရှို့လျက် အလို သခင်ဟု ငိုကြွေးမြည်တမ်းကြလိမ့်မည်။ ငါကိုယ်တော်တိုင် သင့်အဖို့ မိန့်ဆိုထားခဲ့ပြီ’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။ |
သို့ဖြစ်၍ယေရုရှလင်မြို့အားငါသင့်စေမည့် ဘေးကို သင်ကိုယ်တိုင်မြင်ရမည်မဟုတ်။ ငါသည် သင့်အားငြိမ်းချမ်းစွာစုတေခွင့်ကိုပေးတော် မူမည်၊ ထိုသူတို့သည်မင်းကြီးအားပြန် လျှောက်ကြ၏'' ဟုဆင့်ဆိုလေသည်။
ဒါဝိဒ်မြို့တွင်သူ၏အတွက်ပြုလုပ်ထား သည့်ကျောက်ဂူတွင်သင်္ဂြိုဟ်ကြ၏။ ပြည်သူတို့ သည်သင်္ဂြိုဟ်ရန်အတွက်မင်းကြီး၏အလောင်း ကို နံ့သာမျိုးများ၊ ဆီမွှေးများနှင့်မွမ်းမံ ပြင်ဆင်ကြပြီလျှင်ဝမ်းနည်းကြေကွဲသည့် အထိမ်းအမှတ်ဖြင့်မီးပုံပွဲကြီးကို ကျင်းပကြလေသည်။
ယေရုရှလင်မြို့အားပေးမည့်အပြစ်ဒဏ် ကိုသင်၏လက်ထက်တွင်တွေ့မြင်ရမည် မဟုတ်။ ငါသည်သင့်အားငြိမ်းချမ်းစွာ စုတေခွင့်ကိုပေးတော်မူမည်' ဟုမိန့်တော် မူသည်'' ဟူ၍ဖြစ်၏။ သူတို့သည်ဗျာဒိတ် တော်ကိုပြန်ကြားရန်မင်းကြီးထံသို့ ပြန်သွားကြ၏။
သို့ဖြစ်၍ယောရှိ၏သားယုဒဘုရင် ယောယကိမ်နှင့်ပတ်သက်၍ ထာဝရဘုရားကမိန့်တော်မူသည်မှာ ``သူကွယ်လွန်သောအခါ၌ဘယ်သူမျှ ဝမ်းနည်း ပူဆွေးမှုကိုပြုကြလိမ့်မည်မဟုတ်။ `အို ဖြစ်ရလေခြင်း၊အဆွေတော်၊ ဖြစ်မှဖြစ်ရလေခြင်း' ဟူ၍ အဘယ်သူမျှမြည်တမ်းကြလိမ့်မည်မဟုတ်။ သူ၏အတွက်အဘယ်သူမျှငိုကြွေးမှုကို သော်လည်းကောင်း၊ အို အကျွန်ုပ်၏သခင်၊အကျွန်ုပ်၏ဘုရင်ဟု မြည်တမ်းမှု ကိုသော်လည်းကောင်းပြုကြလိမ့်မည်မဟုတ်။
အို ဇေဒကိမင်း၊ သင့်ကိုရည်မှတ်၍ ငါမိန့် မှာသည့်စကားကိုနားထောင်လော့။ သင် သည်စစ်ပွဲတွင်ကျဆုံးရလိမ့်မည်မဟုတ်။-
သူတို့သည်ထာဝရဘုရားရွေးချယ်သည့်ဘုရင် ငါတို့၏အသက်သခင်ရန်သူအပေါင်းတို့၏ဘေးမှ ကွယ်ကာစောင့်ရှောက်ရန်ငါတို့ယုံကြည်ကိုးစားသည့် အရှင်ကိုဖမ်းဆီးကြပါ၏။
အရှင်ထာဝရဘုရားက``ငါသည်အသက် ရှင်တော်မူသောဘုရားဖြစ်တော်မူသည် နှင့်အညီ ဤမင်းသည်မိမိကျိန်ဆိုထား သည့်ကျမ်းသစ္စာကိုမလေးစားဘဲ၊ မိမိ အားနန်းတင်ခဲ့သည့်ဗာဗုလုန်မင်းနှင့် ချုပ်ဆိုထားသည့်ငြိမ်းချမ်းရေးစာချုပ် ကိုလည်းကောင်း ချိုးဖောက်သည့်အတွက် ဗာဗုလုန်မြို့တွင်သေရလိမ့်မည်။-
ထိုအခါနေဗုခဒ်နေဇာမင်းသည်ဒံယေလ ၏ရှေ့တွင်မြေသို့တိုင်အောင်ဦးညွှတ်တော်မူ ပြီးလျှင် ဒံယေလအားယဇ်နှင့်ပူဇော်သကာ များဆက်ကပ်ကြရန်အမိန့်ပေးတော်မူ၏။-
သူရဲကောင်းအချို့တို့သည် ဗက်ရှန်မြို့ကို တစ်ညလုံးချီတက်သွားကြ၏။ သူတို့သည် ရှောလုနှင့်သားတော်တို့၏အလောင်းများ ကိုမြို့ရိုးမှဖြုတ်ယူပြီးလျှင် ယာဗက်မြို့ သို့သယ်ဆောင်၍မီးသင်္ဂြိုဟ်လိုက်ကြ၏။-