အာဗြံသည်ထာဝရဘုရားထံတော်သို့ထို တိရစ္ဆာန်များကိုယူခဲ့ပြီးလျှင် ၎င်းတို့ကိုထက် ဝက်စီခြမ်း၍တစ်ဘက်တစ်ခြမ်းစီနှစ်တန်းဆိုင် လျက်ချထား၏။ ငှက်များကိုမူကားမခြမ်း ဘဲထားသည်။-
ယေရမိ 34:18 - Common Language Bible ယုဒပြည်နှင့်ယေရုရှလင်မြို့မှခေါင်းဆောင် များသည် နန်းတွင်းအရာရှိများ၊ ယဇ်ပုရော ဟိတ်များ၊ ပြည်သူများနှင့်အတူမိမိတို့ နှစ်ခြမ်းခွဲထားသည့်နွားလား၏စပ်ကြား တွင်လျှောက်သွားကာ ငါနှင့်ပဋိညာဉ်ပြုခဲ့ ကြ၏။ သို့ရာတွင်သူတို့သည်ငါ၏ရှေ့မှောက် တွင် မိမိတို့ပြုခဲ့သည့်ပဋိညာဉ်ကိုချိုး ဖောက်ကြ၏။ ထို့ကြောင့်နွားလားကိုသူ တို့ပြုသကဲ့သို့သူတို့အားငါပြုမည်။- Garrad Bible ပ ဋိ ညာဉ် တော် ကို ဖောက် ကျော် သူ၊ နွား သား ငယ် ကို ထက် ခြမ်း ခွဲ ပြီး လျှင်၊ ခွဲ ခြမ်း ကြား တွင် လျှောက် သွား လျက်၊ ရှေ့ တော်၌ ဝန် ခံ သော ပ ဋိ ညာဉ် ချက် ကို အ တည် မ ပြု သူ တည်း ဟူ သော။ Judson Bible နွားသငယ်ကို ထက်ခြမ်းခွဲ၍၊ အလယ်သို့ လျှောက်သွားလျက်၊ ငါ့ရှေ့မှာပြုသော ဝန်ခံခြင်းပဋိညာဉ် စကားအတိုင်းမကျင့်၊ ငါ၏ပဋိညာဉ်ကို ဖျက်သောသူတည်းဟူသော၊ မြန်မာ့စံမီသမ္မာကျမ်း နွားသငယ်ကိုထက်ဝက်ခြမ်းပြီး အလယ်၌ ဖြတ်လျှောက်၍ ငါ့ရှေ့၌ပဋိညာဉ်ဖွဲ့ခဲ့ပြီးမှ ထိုပဋိညာဉ်ပါအချက်ကို မပြုကျင့်၊ ပဋိညာဉ်ကို ချိုးဖောက်သောသူဖြစ်သော |
အာဗြံသည်ထာဝရဘုရားထံတော်သို့ထို တိရစ္ဆာန်များကိုယူခဲ့ပြီးလျှင် ၎င်းတို့ကိုထက် ဝက်စီခြမ်း၍တစ်ဘက်တစ်ခြမ်းစီနှစ်တန်းဆိုင် လျက်ချထား၏။ ငှက်များကိုမူကားမခြမ်း ဘဲထားသည်။-
ထိုအခါအာဗြံက``အရှင်ထာဝရဘုရား၊ ဤ ပြည်ကိုအကျွန်ုပ်ပိုင်ရမည်ဖြစ်ကြောင်း မည်သို့ သိနိုင်ပါမည်နည်း'' ဟုမေးလျှောက်လေ၏။
အနန္တတန်ခိုးရှင်ဘုရားသခင်ဖြစ်တော်မူသော ထာဝရဘုရားသည်အရှေ့မှအနောက်သို့ တိုင်အောင် ကမ္ဘာတစ်ဝန်းလုံးအားမိန့်မြွက်ဆင့်ခေါ်တော် မူ၏။
``သို့ရာတွင်သူတို့သည်ပြည်တော်ထဲသို့ ဝင်ရောက်လျှင်ဝင်ရောက်ခြင်း ငါနှင့်ပြုလုပ် ခဲ့သောပဋိညာဉ်ကိုချိုးဖောက်ကြ၏။-
ထာဝရဘုရားက``တံပိုးခရာမှုတ်၍ သတိပေးလော့၊ ရန်သူများသည်သိမ်းငှက် သဖွယ် ငါ၏နိုင်ငံတော်ကိုထိုးသုတ်လျက် ရှိကြပြီ။ ငါ၏လူမျိုးတော်သည်ငါနှင့် ပြုလုပ်သောပဋိညာဉ်ကိုချိုးဖောက်၍ ငါ၏လူမျိုးတော်သည်ငါနှင့်ပညတ်ကို ပစ်ပယ်ကြပြီ။-
သို့ရာတွင်တစ်ကိုယ်ကောင်းသဘောရှိ၍ အမှန် တရားကိုပစ်ပယ်ကာအမှားဘက်သို့လိုက် ပါသူများသည် အမျက်တော်သင့်ကြလိမ့် မည်။-
``အကယ်၍သင်တို့၏မြို့ရွာများတွင် ယောကျာ်း သို့မဟုတ်မိန်းမတစ်ဦးဦးသည် ထာဝရ ဘုရား၏အမိန့်တော်ကိုဆန့်ကျင်လျက် အခြားသောဘုရားများနှင့်နေ၊ လ၊ ကြယ် များကိုဝတ်ပြုကိုးကွယ်သဖြင့် ထာဝရ ဘုရား၏ပဋိညာဉ်ကိုချိုးဖောက်၍ အပြစ် ကူးလွန်ကြောင်းသတင်းကြားမိလျှင်စေ့ စေ့စပ်စပ်စုံစမ်းလော့။ ဣသရေလအမျိုး သားတို့တွင်ထိုစက်ဆုပ်ဖွယ်သောအမှု ပြုသည်ကိုဧကန်သိရသောအခါ၊-
သင်တို့သည်ပဋိညာဉ်ကိုစောင့်ထိန်းရန်သင် တို့၏ဘုရားသခင်ထာဝရဘုရားမိန့်မှာ တော်မူသော်လည်း မစောင့်ထိန်းဘဲအခြား သောဘုရားများကိုဝတ်ပြုကိုးကွယ်ကြလျှင် ကိုယ်တော်သည်အမျက်ထွက်တော်မူသဖြင့် ပေးသနားတော်မူသောဤသာယာသော ပြည်တွင်သင်တို့တစ်ယောက်မကျန်သေကြေ ပျက်စီးသည်အထိ သင်တို့အားဒဏ်ခတ် တော်မူလိမ့်မည်'' ဟုမိန့်မှာလေ၏။
ဣသရေလအမျိုးသားတို့သည်အပြစ် ကူးလွန်ခဲ့ကြပြီ။ သူတို့သည်ငါပေးသော အမိန့်ကိုမလိုက်နာကြ။ သူတို့သည်ဖျက် ဆီးပစ်ရမည့်ပစ္စည်းအချို့ကိုသိမ်းယူထား ကြပြီ။ ထိုပစ္စည်းများကိုခိုးယူ၍မုသား ပြောဆိုလျက်မိမိတို့၏ပစ္စည်းများနှင့် ရောနှောထားကြပြီ။-