ယေရမိ 32:12 - Common Language Bible မာသေယ၏မြေး၊ နေရိ၏သားဗာရုတ်၏ လက်သို့ပေးအပ်လိုက်လေသည်။ ထိုစာချုပ် များကိုငါသည်သူ့အားယာနမေလ၏ ရှေ့၌လည်းကောင်း၊ အရောင်းအဝယ်ပြုရာ တွင်အသိသက်သေများအဖြစ်လက်မှတ် ရေးထိုးခဲ့သူများ၏ရှေ့၌လည်းကောင်း၊ အချုပ်ထောင်ဝင်းအတွင်းတွင်ထိုင်လျက် နေကြသောဟေဗြဲအမျိုးသား၏ရှေ့၌ လည်းကောင်းပေးအပ်ခြင်းဖြစ်သတည်း။- Garrad Bible နှောင် အိမ် မြို့ ရိုး ငယ့် အ တွင်း ရှိ ယု ဒ လူ မျိုး တို့ ရှေ့၊ ဘ ထွေး ၏ သား ဟာ န မေ လ နှင့် စာ ချုပ် သူ သက် သေ တို့ မျက် မှောက် ၌ မာ သေ ယ မြေး၊ နေ ရိ သား ဗာ ရုတ် သို့ အပ် ပေး ပြီး နောက်၊ Judson Bible ဘထွေးသား ဟာနမေလ အစရှိသော၊ စာချုပ်၌ အမည်ပါသော သက်သေများ၊ ထောင်ဝင်းထဲမှာ ထိုင်နေသော ယုဒလူများအပေါင်းတို့ရှေ့တွင်၊ မာသေယသားဖြစ်သော နေရိ၏သားဗာရုတ်၌ အပ်လျက်၊ မြန်မာ့စံမီသမ္မာကျမ်း ငါ့ဘထွေး၏သား ဟာနမေလရှေ့၊ အဝယ်စာချုပ်၌ လက်မှတ်ရေးထိုးသောသက်သေများရှေ့၊ ထောင်ဝင်း၌ထိုင်နေကြသော ဂျူးလူမျိုးအားလုံးရှေ့တွင် မာသေယ၏မြေး၊ နေရိ၏သား ဗာရုတ်လက်သို့ အဝယ်စာချုပ်ကိုပေးအပ်၏။ |
ငါသည်မြေဝယ်စာချုပ်ကိုနေရိ၏သား ဗာရုတ်အားပေးအပ်လိုက်ပြီးနောက်၊ ထာဝရဘုရားထံဆုတောင်း၏။-
ထိုနောက်သူသည်အာဇရေလ၏သား၊ စရာယ၊ အာဗဒေလ၏သားရှေလမိတို့နှင့်အတူ သားတော်ယေရမေလအား ငါနှင့်ငါ၏စာ ရေးဗာရုတ်ကိုဖမ်းဆီးရန်အမိန့်ပေးလေ သည်။ သို့ရာတွင်ထာဝရဘုရားသည်ငါ တို့နှစ်ယောက်အားဝှက်ထားတော်မူ၏။
ထိုအခါယေရမိသည်အခြားစာလိပ်တစ် ခုကိုယူ၍မိမိ၏စာရေးဗာရုတ်အားပေး၏။ ဗာရုတ်သည်ယောယကိမ်မင်းမီးရှို့လိုက်သည့် စာလိပ်တွင်ပါရှိသမျှသောစကားတို့ကို ငါနှုတ်တိုက်ချပေးသည့်အတိုင်းရေးချလေ သည်။ ငါနှုတ်တိုက်ချပေးသည့်အလားတူ စကားများကိုထပ်လောင်းဖြည့်စွက်၍ ပေးလေသည်။
မာသေယ၏မြေး၊ နေရိ၏သားစရာယသည် ဇေဒကိမင်း၏အပါးတော်မြဲဖြစ်၏။ ယုဒ ဘုရင်ဇေဒကိနန်းစံစတုတ္ထနှစ်၌စရာယ သည်ဗာဗုလုန်မြို့သို့ရှင်ဘုရင်နှင့်အတူ သွားမည်ဖြစ်သဖြင့် ငါသည်သူ့အားအနည်း ငယ်ညွှန်ကြားလိုက်လေသည်။-
သခင်ဘုရား၏ရှေ့တော်၌သာမကလူ တို့၏ရှေ့၌လည်းလျောက်ပတ်မှန်ကန်သည့် အမှုကိုသာပြုရန်ရည်ရွယ်ချက်ရှိကြ၏။