အီဂျစ်ပြည်မှဣသရေလအမျိုးသားတို့ ထွက်ခွာလာသောအခါ သူတို့နှင့်ထာဝရ ဘုရားပဋိညာဉ်ပြုတော်မူရာသိနာတောင် ၌မောရှေထည့်ထားခဲ့သည့်ကျောက်ပြားနှစ် ချပ်မှလွဲ၍ အခြားအဘယ်အရာမျှ ပဋိညာဉ်သေတ္တာတော်ထဲတွင်မရှိ။
ယေရမိ 31:32 - Common Language Bible ထိုပဋိညာဉ်သည်သူတို့၏ဘိုးဘေးများ အားအီဂျစ်ပြည်မှထုတ်ဆောင်လာစဉ်အခါ က သူတို့နှင့်ငါဖွဲ့ခဲ့သည့်ပဋိညာဉ်နှင့်တူ လိမ့်မည်မဟုတ်။ ငါသည်သူတို့၏ခင်ပွန်း သဖွယ်ဖြစ်သော်လည်း သူတို့သည်မိမိတို့ နှင့်ငါပြုခဲ့သည့်ပဋိညာဉ်ကိုမစောင့်ထိန်း ခဲ့ကြ။- Garrad Bible ဘိုး ဘေး များ ကို အိ ဂျစ် ပြည် မှ၊ လက် ဆွဲ ထုတ် ဆောင် စဉ် ကာ လ၊ ခင် ပွန်း သ ဖွယ် ဖြစ် လျက် ငါ ဖွဲ့ ရာ၊ သူ တို့ ဖောက် ကျော် သော ပ ဋိ ညာဉ် အ တိုင်း မ ဟုတ် ဘဲ၊ Judson Bible ဤလူမျိုး၏ ဘိုးဘေးတို့ကိုလက်ဆွဲ၍ အဲဂုတ္တုပြည်မှ ဆောင်သွားသောအခါ၊ သူတို့၌ ငါပေးသောပဋိညာဉ်တရားနှင့် ခြားနားသော ပဋိညာဉ်တရားသစ်ကို ဣသရေလ အမျိုးသား၊ ယုဒအမျိုးသားတို့၌ ငါပေးသော အချိန်ကာလရောက်လိမ့်မည်။ အရင်ငါပေးဖူးသော ပဋိညာဉ်တရားကို သူတို့သည်ဖျက်၍၊ ငါသည်လည်း သူတို့ကို ရွံရှာ၏။ မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားက “ထိုပဋိညာဉ်သည် သူတို့၏ဘိုးဘေးတို့ကို အီဂျစ်ပြည်မှ လက်ဆွဲ၍ထုတ်ဆောင်လာခဲ့စဉ်က ဖွဲ့ခဲ့သောပဋိညာဉ်ကဲ့သို့မဟုတ်။ ငါသည် သူတို့၏ခင်ပွန်းဖြစ်သော်လည်း ငါ၏ပဋိညာဉ်ကို သူတို့ချိုးဖောက်ခဲ့ပြီ”ဟု မိန့်တော်မူ၏။ |
အီဂျစ်ပြည်မှဣသရေလအမျိုးသားတို့ ထွက်ခွာလာသောအခါ သူတို့နှင့်ထာဝရ ဘုရားပဋိညာဉ်ပြုတော်မူရာသိနာတောင် ၌မောရှေထည့်ထားခဲ့သည့်ကျောက်ပြားနှစ် ချပ်မှလွဲ၍ အခြားအဘယ်အရာမျှ ပဋိညာဉ်သေတ္တာတော်ထဲတွင်မရှိ။
သို့သော်လည်းကျွန်တော်မျိုးသည်ကိုယ်တော် ရှင်၏ ထံတော်ပါးတွင်အစဉ်အမြဲနေပါ၏။ ကိုယ်တော်ရှင်သည်လည်းကျွန်တော်မျိုး၏ လက်ကိုဆွဲကိုင်ထားတော်မူပါ၏။
သူတို့သည်ကိုယ်တော်အားသစ္စာမစောင့်ကြ။ ကိုယ်တော်နှင့်ပြုထားသည့်ပဋိညာဉ်ကိုလည်း မစောင့်မထိန်း။
သင်တို့သည်ငါ၏စကားကိုနားထောင်၍၊ ငါ ၏ပဋိညာဉ်ကိုစောင့်ထိန်းလျှင်ငါပိုင်သော လူမျိုးဖြစ်ကြလိမ့်မည်။ ဤကမ္ဘာမြေကြီး အလုံးစုံကိုငါပိုင်တော်မူသည်။ သို့သော် သင်တို့သည်ငါရွေးကောက်တော်မူသော သူများဖြစ်ရကြမည်။-
သူတို့သည်ငါချမှတ်သောလမ်းစဉ်မှသွေဖည် သွားကြလေပြီ။ ရွှေနွားငယ်ရုပ်ကိုသွန်းလုပ် ပြီးလျှင်၊ ထိုရုပ်တုကိုယဇ်ပူဇော်ရှိခိုးကြ ပြီ။ ထိုဘုရားသည် သူတို့အားအီဂျစ်ပြည် မှထုတ်ဆောင်ခဲ့သောဘုရားဖြစ်ကြောင်း၊ ကြွေးကြော်နေကြပြီ။''-
ကျွန်မကို ကိုယ်တော်၏နှလုံးပေါ်မှာ တံဆိပ် ခတ်တော်မူပါ။ လက်ရုံးတော်ပေါ်မှာ တံဆိပ်ခတ်တော် မူပါ။ အကြောင်းမူကား၊ မေတ္တာသည် သေခြင်းနှင့်အမျှ တန်ခိုးကြီးပါ၏။ ခင်ပွန်းကို မယုံသော စိတ်သဘောသည် မရဏနိုင်ငံနှင့်အမျှ ခက်ထန်ပါ၏။ သူ၏အရှိန်သည် မီးအရှိန်၊ လျှပ်စစ်အရှိန်ဖြစ်ပါ၏။
လူတို့သည်ဘုရားသခင်၏ပညတ်တရား တော်ကိုပစ်ပယ်ခြင်းအားဖြင့်လည်းကောင်း၊ ကိုယ်တော်၏ထာဝရပဋိညာဉ်တော်ကို ချိုးဖောက်ခြင်းအားဖြင့်လည်းကောင်း ကမ္ဘာ မြေကြီးကိုညစ်ညမ်းစေကြ၏။-
ငါသည်သင်တို့၏ဘုရားသခင်ထာဝရဘုရား ဖြစ်တော်မူ၍ သင်တို့ကိုခွန်အားနှင့်ပြည့်ဝစေပါ၏။ `မကြောက်ကြနှင့်၊ငါကူမတော်မူမည်' ဟု သင်တို့အားပြောဆို၏'' ဟုမိန့်တော်မူ၏။
သင့်ကိုဖန်ဆင်းတော်မူသောအရှင်သည်၊ သင်၏ခင်ပွန်းပမာသင့်အားကြည့်ရှုစောင့်ရှောက် တော်မူလိမ့်မည်။ ထိုအရှင်၏နာမတော်ကား၊အနန္တတန်ခိုးရှင် ထာဝရဘုရားပင်ဖြစ်သတည်း။ ဣသရေလအမျိုးသားတို့၏သန့်ရှင်း မြင့်မြတ်သော ဘုရားသခင်သည်သင့်ကိုကယ်တင်တော်မူလိမ့်မည်။ ကိုယ်တော်သည်ကမ္ဘာလောကကို အစိုးရတော်မူပါသည်တကား။
ထိုပဋိညာဉ်သည်သူတို့၏ဘိုးဘေးများအား သံမီးဖိုကြီးနှင့်တူသောအီဂျစ်ပြည်မှ ငါ ထုတ်ဆောင်လာစဉ်အခါကချုပ်ဆိုခဲ့သည့် ပဋိညာဉ်ဖြစ်၏။ ငါသည်ထိုသူတို့အားငါ့ စကားကိုနားထောင်ကြရန်၊ ငါခိုင်းစေသမျှ သောအမှုတို့ကိုပြုလုပ်ကြရန်မှာကြားခဲ့ ၏။ အကယ်၍သူတို့သည်ငါ၏စကားကို နားထောင်ကြမည်ဆိုပါမူ ငါ၏လူမျိုး တော်ဖြစ်ရကြလျက်၊ ငါသည်လည်းသူတို့ ၏ဘုရားဖြစ်တော်မူမည်။-
``သင်သည်ယေရုရှလင်မြို့သို့သွား၍ ထိုမြို့ တွင်နေထိုင်သူအပေါင်းတို့အားဤသတင်း စကားကိုပြန်ကြားလော့။'' သင်တို့သည်ငယ်ရွယ်စဉ်အခါကအဘယ်သို့ သစ္စာရှိခဲ့ကြသည်ကိုငါသတိရ၏။ သင်သည်သတို့သမီးကဲ့သို့ငါ့ကိုချစ်ခဲ့၏။ သင်တို့သည်စိုက်ပျိုးခြင်းမရှိသော တောကန္တာရတစ်လျှောက်လုံးကိုဖြတ်၍ ငါ၏အနောက်သို့လိုက်ခဲ့ကြ၏။
သင်တို့သည်မိမိတို့ဘုရားသခင်တည်းဟူ သော ငါနှင့်ပြုခဲ့သည့်ပဋိညာဉ်တော်ကိုစွန့် ပစ်၍ အခြားဘုရားများကိုဝတ်ပြုကိုး ကွယ်ကြသဖြင့် ဤသို့ဖြစ်ရကြောင်းကို လည်းအချင်းချင်းပြန်လည်ပြောကြား ကြလိမ့်မည်။
ထာဝရဘုရားက``အို သစ္စာဖောက်သည့်လူမျိုး တို့၊ ပြန်၍လာကြလော့။ ငါသည်သင်၏ခင်ပွန်း ဖြစ်၏။ သင်တို့အားမြို့တစ်မြို့လျှင်တစ်ယောက် ကျ၊ သားချင်းစုတစ်စုလျှင်နှစ်ယောက်ကျ ရွေးချယ်၍ ဇိအုန်တောင်သို့ပြန်လည်ခေါ်ဆောင် မည်။-
ထာဝရဘုရားက``ငါသည်ဣသရေလအနွယ် ဝင်အပေါင်း၏ဘုရားဖြစ်လျက်သူတို့သည် လည်း ငါ၏လူမျိုးတော်ဖြစ်လာကြမည့်နေ့ ရက်ကာလသည်ကျရောက်လာလိမ့်မည်။-
ငါ့အားပြည်သူတို့အားဆင့်ဆိုစေသည် မှာ``ငါသည်သင်၏ဘိုးဘေးများအား အီဂျစ်ပြည်မှကယ်ဆယ်ကာ ကျွန်ဘဝ မှလွတ်မြောက်စေခဲ့စဉ်အခါကသူတို့ နှင့်ပဋိညာဉ်ပြုခဲ့၏။-
သူတို့သည်မိမိဝယ်ယူထားသည့်ဟေဗြဲ ကျွန်မှန်သမျှကိုခြောက်နှစ်မျှစေစားပြီး နောက် ခုနစ်နှစ်မြောက်တွင်လွတ်လပ်ခွင့်ပေးရ ကြမည်ဖြစ်ကြောင်း သူတို့အားငါမှာကြား ခဲ့၏။ သို့ရာတွင်သင်၏ဘိုးဘေးတို့သည် ငါ့အားပမာဏမပြုကြ။ ငါပြောဆို သည့်စကားကိုလည်းနားမထောင်ကြ။-
``နောက်တစ်ဖန်ငါသည်သင်၏အနီးဖြတ်သန်း လာပြန်၏။ ထိုအခါသင်သည်ချစ်စိတ်ဝင်ရန် အရွယ်ရောက်ပြီဖြစ်ကြောင်းကိုငါတွေ့ရှိသ ဖြင့် ငါသည်အဝတ်ချည်းစည်းရှိသောသင်၏ ကိုယ်ကိုငါ၏အဝတ်ဖြင့်ဖုံးလွှမ်းပေးကာသင့် အားချစ်ပါမည်ဟုကတိထားပြီးလျှင် သင် နှင့်ပဋိညာဉ်ပြုသဖြင့်သင်သည်ငါ၏ ဇနီးဖြစ်လာ၏'' ဟူ၍တည်း။ ဤကားအရှင် ထာဝရဘုရားမိန့်တော်မူသောစကား ဖြစ်၏။
``ငါသည်သင်တို့ကိုပိုင်ပိုင်နိုင်နိုင်အုပ် ထိန်း၍ ပဋိညာဉ်တော်အတိုင်းလိုက်နာ စေမည်။-
အစ်မဖြစ်သူသည်အဟောလ၊ ညီမကား အဟောလိဗဟုနာမည်တွင်၏။ (အဟောလ သည်ရှမာရိမြို့ကိုသရုပ်ဆောင်၍အဟော လိဗကယေရုရှလင်မြို့ကိုသရုပ်ဆောင်၏။) ငါသည်သူတို့နှစ်ဦးစလုံးနှင့်ထိမ်းမြား မင်္ဂလာပြု၍သူတို့နှင့်သားသမီးများကို ရ၏။-
ထာဝရဘုရားက၊ ``ဣသရေလငယ်စဉ်ကငါသည်သူ့ကိုချစ်၍၊ ငါသည်သူ့ကိုသားအဖြစ်နှင့်အီဂျစ်ပြည်မှ ခေါ်ဆောင်ခဲ့၏။
ငါ၏သားသမီးတို့သင်တို့၏မိခင်အားမေတ္တာ ရပ်ခံလော့။ သူသည်ငါ၏ဇနီးမဟုတ်တော့ ပြီ။ ငါသည်လည်းသူ၏ခင်ပွန်းမဟုတ်တော့ ပြီ၊ သို့ရာတွင်မျောက်မထားသောအကျင့် နှင့်ပြည့်တန်ဆာအလုပ်ကိုစွန့်ရန် သင်တို့ ၏မိခင်အားမေတ္တာရပ်ခံလော့။-
တစ်ဖန်ထာဝရဘုရားကငါ့အား``သင်သွား ၍လင်ငယ်နှင့်ဖောက်ပြန်နေသောမိန်းမကိုချစ် လော့၊ ဣသရေလပြည်သားတို့သည်အခြား ဘုရားများကိုကိုးကွယ်၍ ရုပ်ပွားဆင်းတုတို့ အားစပျစ်သီးခြောက်များကိုပူဇော်ဆက်သ ကြသော်လည်း၊ ငါသည်သူတို့ကိုချစ်တော်မူ သည်နည်းတူသင်သည်ထိုမိန်းမကိုချစ်ရ မည်'' ဟုမိန့်တော်မူ၏။
သင်တို့သည်ငါ၏ပညတ်နှင့်အမိန့်တော်များ ကိုမနာခံဘဲ သင်တို့နှင့်ငါပြုသောပဋိညာဉ် ကိုချိုးဖောက်လျှင်၊-
ကိုယ်တော်သည်မျက်မမြင်ကိုလက်ဆွဲကာရွာ အပြင်သို့ခေါ်သွားတော်မူ၏။ သူ၏မျက်စိများ ကိုတံတွေးနှင့်ထွေး၍ သူ၏အပေါ်မှာလက်တော် ကိုတင်တော်မူ၏။ ထိုနောက် ``သင်ယခုမျက်စိ မြင်ပြီလော'' ဟုမေးတော်မူ၏။
မင်္ဂလာဆောင်သတို့သမီးကိုသိမ်းပိုက်ရ သူသည် မင်္ဂလာဆောင်သတို့သားဖြစ်၏။ သတို့ သား၏မိတ်ဆွေသည်ကားအဆင်သင့်စောင့် ဆိုင်းကာ သတို့သား၏အသံကိုနားထောင် လျက်နေ၏။ သူသည်သတို့သား၏အသံကို ကြားသော် လွန်စွာအားရဝမ်းမြောက်သကဲ့ သို့ ငါသည်လည်းအပြည့်အဝဝမ်းမြောက်ရ လေပြီ။-
တပ်မှူးသည်နှစ်ယောက်ချင်းပြောဆိုနိုင်ရန် ထို လူငယ်ကိုလက်ဆွဲ၍ဆိတ်ကွယ်ရာအရပ်တစ် ခုသို့ခေါ်သွား၏။ ထိုနောက် ``ငါ့အားသင်အဘယ် အရာကိုပြောလိုပါသနည်း'' ဟုမေး၏။
ဘုရားသခင်သည်သင်တို့ကိုမနာလိုစိတ်ရှိ တော်မူသကဲ့သို့ ငါသည်သင်တို့ကိုမနာလို စိတ်ရှိ၏။ သင်တို့သည်ခရစ်တော်တစ်ဦးတည်း နှင့်စုံဖက်ထိမ်းမြားရန် ငါကတိပြုထားသည့် အပျိုစင်နှင့်တူကြ၏။-
သိနာတောင်ပေါ်တွင်ထာဝရဘုရားသည် ဣသရေလအမျိုးသားတို့နှင့်ပဋိညာဉ် ပြုပြီးသည့်အပြင် ယခုတစ်ဖန်မောဘပြည် ၌မောရှေအားဖြင့် ဣသရေလအမျိုးသား တို့နှင့်ပဋိညာဉ်ပြုတော်မူသည်။
ဤပညတ်တွင်ရေးထားသောပဋိညာဉ်အ မင်္ဂလာများနှင့်အညီသူသည်ဘေးဒဏ် သင့်သဖြင့် ဣသရေလအနွယ်အပေါင်း တို့အတွက်သင်ခန်းစာယူစရာဖြစ် တော်မူလိမ့်မည်။
ထိုအခါအပြည်ပြည်ရှိလူမျိုးအပေါင်း တို့က `ထာဝရဘုရားသည်သူတို့၏ပြည် ကိုအဘယ်ကြောင့်ဖျက်ဆီးပစ်တော်မူ သနည်း။ အဘယ်ကြောင့်ဤမျှကြောက်မက် ဖွယ်အမျက်ထွက်တော်မူသနည်း' ဟုမေး ကြလိမ့်မည်။-
ထာဝရဘုရားသည်မိုးတိမ်တိုင်ထဲက မောရှေအား``သင်သည်မကြာမီစုတေရမည်။ သင်အနိစ္စရောက်ပြီးနောက်ဣသရေလအမျိုး သားတို့သည် သစ္စာဖောက်၍သူတို့နှင့်ငါပြု ထားသောပဋိညာဉ်ကိုချိုးဖောက်ကြလိမ့်မည်။ သူတို့သည်ငါ့ကိုစွန့်ပယ်၍ သူတို့ဝင်ရောက် မည့်ပြည်ရှိအခြားသောဘုရားများကို ကိုးကွယ်ကြလိမ့်မည်။-
ငါသည်သူတို့၏ဘိုးဘေးတို့အားကတိထား သည့်အတိုင်း သူတို့ကိုအစာရေစာပေါကြွယ် ဝသောပြည်သို့ပို့ဆောင်မည်။ ထိုပြည်တွင်သူ တို့သည်အစားအစာကိုဝစွာစားရ၍ အေး ချမ်းသာယာစွာနေထိုင်ကြလိမ့်မည်။ သို့ရာ တွင်သူတို့သည်ဖောက်ပြန်၍ အခြားသော ဘုရားများကိုကိုးကွယ်ကြလိမ့်မည်။ သူ တို့သည်ငါ့ကိုစွန့်ပစ်၍ငါ၏ပဋိညာဉ် ကိုချိုးဖောက်သဖြင့်၊-
ငါတို့၏ဘုရားသခင်ထာဝရဘုရားသည် သိနာတောင်ပေါ်တွင်ငါတို့နှင့်ပဋိညာဉ် ပြုတော်မူ၏။-
ထာဝရဘုရားသည်ငါတို့၏ဘိုးဘေး တို့နှင့်သာလျှင် ပဋိညာဉ်ပြုသည်မဟုတ်။ ယနေ့အသက်ရှင်လျက်ရှိသော ငါတို့အား လုံးနှင့်လည်းပဋိညာဉ်ပြုတော်မူ၏။-
ဤပဋိညာဉ်သည်သူတို့၏ဘိုးဘေးများအား လက်ဆွဲ၍ အီဂျစ်ပြည်မှ၊ငါထုတ်ဆောင်လာစဉ်အခါက သူတို့နှင့်ပြုခဲ့သည့်ပဋိညာဉ်နှင့်တူလိမ့်မည် မဟုတ်။ ထိုအခါကငါနှင့်ပြုခဲ့သည့်ပဋိညာဉ်ကို သူတို့ချိုးဖောက်ကြသဖြင့်၊ငါသည်သူတို့အား ဂရုမစိုက်ဘဲနေခဲ့၏။