အပြစ်နှင့်အလျောက် ဘုရားသခင် စစ်ဆေး တော်မူခြင်းကို ခံရသောသူသည် မင်္ဂလာရှိ၏။ ထိုကြောင့် အနန္တတန်ခိုးရှင် ဆုံးမတော်မူခြင်းကို မထီမဲ့မြင်မပြုပါနှင့်။
ယေရမိ 31:18 - Common Language Bible ``ဣသရေလပြည်သားတို့သည်ဝမ်းနည်းကြေ ကွဲလျက် လျှောက်ထားသည်ကိုငါကြား၏။ `အို ထာဝရဘုရား၊ကျွန်တော်မျိုးတို့သည် ရိုင်းသောနွားသူငယ်နှင့်တူပါ၏။ သို့ရာတွင်ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး တို့အား စကားတော်ကိုနားထောင်ရန်သွန်သင်တော်မူ ပါ၏။ ကျွန်တော်မျိုးတို့အားပြန်လည်ပို့ဆောင်တော်မူပါ။ အထံတော်သို့ကျွန်တော်မျိုးတို့ပြန်လာရန် အသင့်ရှိပါ၏။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့၏ဘုရားသခင် ထာဝရဘုရားဖြစ်တော်မူပါ၏။ Garrad Bible ကိုယ် တော် သည် အ ကျွန်ုပ် ကို ဆုံး မ တော် မူ သည့် အ လျောက်၊ မ ကျင့် သေး သော နွား ကဲ့ သို့ ဆုံး မ ခံ ပါ ပြီ။ အကျွန်ုပ် ၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ဖြစ် သည် နှင့် အ ညီ၊ ပြန် စေ တော် မူ လျှင် ပြန် လာ ပါ မည်။ Judson Bible ဧဖရိမ်က၊ ကိုယ်တော်သည် အကျွန်ုပ်ကို ဆုံးမတော်မူပြီ။ အကျွန်ုပ်သည် ရိုင်းသောနွားလားကဲ့သို့ ဆုံးမခြင်းကို ခံရပါပြီ။ အကျွန်ုပ်ကို သွေးဆောင်တော်မူပါ။ သို့ပြုလျှင်၊ အကျွန်ုပ်သည် ပြန်လာပါမည်။ အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်၏ ဘုရားသခင် ဖြစ်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ဧဖရိမ်က “ကိုယ်တော်သည် အကျွန်ုပ်ကိုပဲ့ပြင်တော်မူပြီ။ အကျွန်ုပ်သည် ရိုင်းသောနွားသငယ်ကဲ့သို့ ပဲ့ပြင်ခြင်းကိုခံရပါပြီ။ အကျွန်ုပ်ကို ပြန်ခေါ်ပါ။ အကျွန်ုပ် ပြန်လာပါရစေ။ ကိုယ်တော်သည် အကျွန်ုပ်၏ထာဝရအရှင်ဘုရားသခင် ဖြစ်တော်မူပါ၏။ |
အပြစ်နှင့်အလျောက် ဘုရားသခင် စစ်ဆေး တော်မူခြင်းကို ခံရသောသူသည် မင်္ဂလာရှိ၏။ ထိုကြောင့် အနန္တတန်ခိုးရှင် ဆုံးမတော်မူခြင်းကို မထီမဲ့မြင်မပြုပါနှင့်။
ကိုယ်တော်သည်ငါ့ကိုကြပ်တည်းစွာ ဆုံးမတော်မူသော်လည်းသေမင်း၏လက်သို့ အပ်တော်မမူ။
ကိုယ်တော်ရှင်ဒဏ်ခတ်တော်မမူမီအခါက ကွန်တော်မျိုးသည်လမ်းလွဲသော်လည်း ယခုမှာမူနှုတ်ကပတ်တော်အတိုင်းပြုကင့်ပါ၏။
အို ထာဝရဘုရား" ကိုယ်တော်ရှင်၏စီရင်ဆုံးဖြတ်တော်မူခက် တို့သည် တရားမှတတော်မူကြောင်းကိုလည်းကောင်း" သစ္စာတော်နှင့်အညီကွန်တော်မျိုးအား ဒဏ်ခတ်တော်မူကြောင်းကိုလည်းကောင်း ကွန်တော်မျိုးသိပါ၏။
ကျွန်တော်မျိုး၏နေ့ရက်ကာလများသည် လက်တော်ထဲ၌ရှိပါ၏။ ကျွန်တော်မျိုးအားရန်သူများနှင့် နှိပ်စက်ညှဉ်းဆဲသူတို့၏လက်မှကယ်တော် မူပါ။
သင်သည်ဇက်နှင့်ဇက်ကြိုးဖြင့်ထိန်းရသော မြင်းသို့မဟုတ်လားကဲ့သို့ဉာဏ်မတုံးနှင့်'' ဟု မိန့်တော်မူ၏။
အနန္တတန်ခိုးရှင်ဘုရားသခင်ထာဝရဘုရား၊ ကျွန်တော်မျိုးတို့အားပြန်လာစေတော်မူပါ။ ကျွန်တော်မျိုးတို့အားကရုဏာတော်ကို ပြတော်မူပါ။ သို့ပြုတော်မူလျှင်ကျွန်တော်မျိုးတို့သည် ကယ်တင်ခြင်းခံရကြပါမည်။
အို ဘုရားသခင်၊ ကျွန်တော်မျိုးတို့အားပြန်လာစေတော်မူပါ။ ကျွန်တော်မျိုးတို့အားကရုဏာတော်ကို ပြတော်မူပါ။ သို့ပြုတော်မူလျှင်ကျွန်တော်မျိုးတို့သည် ကယ်တင်ခြင်း ခံရကြပါလိမ့်မည်။
အနန္တတန်ခိုးရှင်ဘုရားသခင်၊ကျွန်တော်မျိုးတို့အား ပြန်လာစေတော်မူပါ။ ကျွန်တော်မျိုးတို့အားကရုဏာတော်ကိုပြတော် မူပါ။ သို့ပြုတော်မူလျှင်ကျွန်တော်မျိုးတို့သည် ကယ်တင်ခြင်း ခံရကြပါမည်။
ကျွန်တော်မျိုးတို့၏ကယ်တင်ရှင်ဘုရားသခင်၊ ကျွန်တော်မျိုးတို့အားပြန်လာစေတော်မူပါ။ ကျွန်တော်မျိုးတို့အားမနှစ်သက်မှုရှိတော် မမူပါနှင့်။
အို ထာဝရဘုရား၊ ကိုယ်တော်၏ဆုံးမသွန်သင်မှုကိုခံရသော သူ၊ တရားတော်နှင့်ဆိုင်၍ကိုယ်တော်၏သွန်သင် မှုကို ခံရသောသူသည်မင်္ဂလာရှိပါ၏။
အထပ်ထပ်ဆုံးမခြင်းကို ခံသော်လည်း၊ မိမိ လည်ပင်းကို ခိုင်မာစေသောသူသည် ကိုးကွယ်ရာမရ၊ ရုတ်တရက် ပျက်စီးလိမ့်မည်။
ငါ့သား၊ ထာဝရဘုရားဆုံးမတော်မူခြင်းကို မမှတ်ဘဲမနေနှင့်။ သင်၏အပြစ်ကို စစ်ဆေးတော်မူသော အခါ စိတ်မပျက်စေနှင့်။
သင်တို့သည်အဘယ်ကြောင့်ဆက်လက်ပုန်ကန်လျက်နေကြပါသနည်း။ ယခုထက်ပင်ပိုမိုကြီးလေးသည့်အပြစ်ဒဏ်ကိုခံလိုကြပါသလော။ အချင်းဣသရေလပြည်သူတို့၊ သင်တို့၏ဦးခေါင်းသည်ဒဏ်ရာများဖြင့်ပြည့်လျက်ရှိ၏။ သင်တို့၏စိတ်နှလုံးသည်လည်းညှိုးနွမ်းလျက်နေ၏။-
အားအင်ချည့်နဲ့မှုကြောင့်သင်၏လူတို့သည်၊ လမ်းဆုံလမ်းခွတိုင်းတွင်လဲကျကြ၏။ သူတို့သည်မုဆိုး၏ပိုက်ကွန်တွင်ဖမ်းမိသည့် သမင်ကဲ့သို့ဖြစ်လိမ့်မည်။ သူတို့သည်ဘုရားသခင်၏အမျက်တော် အရှိန်ကိုခံကြလေပြီ။
``သူသည်ညှဉ်းပန်းနှိပ်စက်မှုကိုခံရသော်လည်း သူသည်စကားတစ်ခွန်းမျှမပြော။ သတ်ရန်ယူဆောင်သွားသည့်သိုးသငယ် ကဲ့သို့လည်းကောင်း၊ အမွေးညှပ်ခံရအံ့ဆဲဆဲဖြစ်သော သိုးကဲ့သို့လည်းကောင်း၊ သူသည်စကားတစ်ခွန်းမျှမပြော။
ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့၏အဖ ဖြစ်တော်မူပါ၏။ ကျွန်တော်မျိုးတို့၏ဘိုးဘေး များဖြစ်သောအာဗြဟံနှင့်ယာကုပ်တို့ပင် လျှင် ကျွန်တော်မျိုးတို့အားအသိအမှတ်မ ပြုနိုင်ကြပါ။ သို့ရာတွင်ထာဝရဘုရား သည် ကျွန်တော်မျိုးတို့၏အဖဖြစ်တော်မူ ပါ၏။ ကျွန်တော်မျိုးတို့အားရှေးကာလ ထဲက အစဉ်အမြဲကယ်ဆယ်တော်မူခဲ့ သူမှာကိုယ်တော်ရှင်ပင်ဖြစ်ပါ၏။-
ဣသရေလအမျိုးသားတို့သည်နောင်တ မရကြ။ မိမိတို့အားအနန္တတန်ခိုးရှင် ထာဝရဘုရားသည် အပြစ်ဒဏ်ခတ်တော်မူ ပြီဖြစ်သော်လည်းသူတို့သည်အထံတော် သို့မပြန်ကြ။-
အို ထာဝရဘုရား၊ကိုယ်တော်ရှင်ကုသတော်မူ ပါမှ ကျွန်တော်မျိုး၏အနာရောဂါသည်လုံးဝ ပျောက်ကင်းပါလိမ့်မည်။ ကိုယ်တော်ရှင်ကယ်ဆယ်တော်မူပါလျှင် ကျွန်တော်မျိုးသည်လုံခြုံမှုအပြည့်အဝ ရရှိပါလိမ့်မည်။ ကိုယ်တော်ရှင်ကားကျွန်တော်မျိုးထောမနာပြုသည့် အရှင်ပင်ဖြစ်တော်မူပါ၏။
``ငါသည်သင်တို့ကိုဆုံးမပါသော်လည်း အကျိုးမရှိ။ သင်တို့သည်ပဲ့ပြင်သွန်သင်မှုကို လက်မခံလိုကြ။ အမျက်ပြင်းစွာထွက်သည့် ခြင်္သေ့သဖွယ် သင်တို့သည်မိမိတို့ပရောဖက် များကိုသတ်ဖြတ်ကြလေပြီ။-
အကျွန်ုပ်တို့သည်အရှက်တွင်လဲလျောင်းကာ အသရေပျက်မှုနှင့်လွှမ်းခြုံ၍နေသင့်ကြ ပါ၏။ အကျွန်ုပ်တို့ငယ်စဉ်အချိန်ကစ၍ ယနေ့ထိတိုင်အောင် အကျွန်ုပ်တို့နှင့်ဘိုးဘေး များသည်ကျွန်ုပ်တို့၏ဘုရားသခင်ထာဝရ ဘုရားအားပြစ်မှားခဲ့ကြပါပြီ။ ကိုယ်တော် ၏စကားကိုလည်းနားမထောင်ခဲ့ကြပါ'' ဟုဆိုကြ၏။
`လာကြ၊ ငါတို့၏ဘုရားသခင်ထာဝရ ဘုရားရှိတော်မူရာဇိအုန်တောင်တော်သို့ ငါတို့တက်ကြကုန်အံ့' ဟုဧဖရိမ်တောင် ကုန်းများမှကင်းစောင့်တို့ကြွေးကြော်ကြ မည့်နေ့ရက်ကာလသည် အမှန်ပင်ကျ ရောက်လာလိမ့်မည်'' ဟုမိန့်တော်မူ၏။
သူတို့အားငါပြန်လည်ခေါ်ဆောင်လာစဉ် ငါ၏လူမျိုးတော်သည်ငိုကြွေးလျက်ဆုတောင်း ပတ္ထနာပြုလျက်ပြန်လာကြလိမ့်မည်။ ငါသည်သူတို့အားစမ်းရေရှိရာအရပ်များ သို့လည်းကောင်း၊ သူတို့ခြေချော်၍မလဲစေရန် လမ်းကောင်းများဖြင့်လည်းကောင်းခေါ်ဆောင်မည်။ ငါသည်ဣသရေလလူမျိုး၏အဘသဖွယ် ဖြစ်၍ ဧဖရိမ်အနွယ်သည်ငါ၏သားဦးဖြစ်၏။''
ထာဝရဘုရားသည်သစ္စာရှိမှုကိုအမှန်ပင်လိုလားတော်မူ၏။ ကိုယ်တော်သည်သင်တို့အားဒဏ်ခတ်တော်မူသော်လည်းသင်တို့သည်ဂရုမစိုက်ကြ။ ဖျက်ဆီးချေမှုန်းတော်မူသော်လည်းပဲ့ပြင်ဆုံးမမှုကိုသင်တို့မခံမယူလိုကြ။ သင်တို့သည်ကျောက်ခဲထက်ခေါင်းမာလျက်နောင်တမရဘဲနေကြ၏။
အို ထာဝရဘုရားအထံတော်သို့ ပြန်လာခွင့်ပြုတော်မူပါ။ ကျွန်တော်မျိုးတို့အားပြန်လာစေတော်မူပါ။ ရှေးကာလမှာကဲ့သို့ကျွန်တော်မျိုးတို့အား ဘုန်းကြီးစေတော်မူပါ။
ထိုအခါသင်တို့သည်မိမိတို့ပြုခဲ့သော စက်ဆုပ်ဖွယ်ရာအမှုများကြောင့်မိမိကိုယ် ကိုရွံရှာ၍ မိမိတို့ကိုယ်ကိုအဘယ်သို့ ညစ်ညမ်းစေခဲ့ကြကြောင်းတို့ကိုပြန်လည် သတိရကြလိမ့်မည်။ ထိုအခါသင့်ကိုယ် သင်ရွံရှာလိမ့်မည်။-
အကျွန်ုပ်တို့သည်မောရှေ၏ပညတ်တရား တွင် ဖော်ပြပါရှိသမျှသောအပြစ်ဒဏ် များကိုခံရကြပါ၏။ သို့ရာတွင်အကျွန်ုပ် တို့၏ဘုရားသခင်ထာဝရဘုရား၊ ယခု အခါ၌ပင်လျှင်အကျွန်ုပ်တို့သည်ကိုယ် တော်နှစ်သက်တော်မူစေရန်ကြိုးစား၍ အပြစ်ဒုစရိုက်ကိုရှောင်ခြင်း၊ သမ္မာတရား တော်ကိုလိုက်လျှောက်ကျင့်သုံးခြင်းအမှု တို့ကိုမပြုမလုပ်ကြသေးပါ။-
``ယခင်ကဣသရေလအမျိုးသားတို့သည် ကျင့်သားရပြီး၍ စပါးနယ်ရန်အသင့်ရှိနေ သောနွားမတမ်းနှင့်တူ၏။ သို့ရာတွင်ငါသည် သူ၏လှပသောလည်ကုပ်တွင် ထမ်းပိုးတင်၍ အလုပ်ကြမ်းကိုလုပ်စေမည်။ ငါသည်ယုဒ အမျိုးသားတို့ကိုထွန်ယက်စေ၍ဣသ ရေလအမျိုးသားတို့ကိုထယ်ထိုးစေမည်။-
ဣသရေလပြည်သားတို့သည်ထိန်း ကျောင်းရခက်သောနွားမတမ်းကဲ့သို့ပေ ကပ်ကပ်နိုင်လှ၏။ ငါသည်သူတို့အား သိုးကလေးများသဖွယ်စားကျက်တွင် မည်ကဲ့သို့ထိန်းကျောင်းနိုင်ပါအံ့နည်း။-
``ငါ၏လူမျိုးတော်သည်မိမိတို့၏အပြစ် ကိုသိ၍ ငါ့ထံသို့ပြန်လာမည့်အချိန်ရောက် သည်အထိငါသည်သူတို့ကိုစွန့်ပစ်ထား မည်။ သူတို့သည်ဆင်းရဲဒုက္ခခံနေရစဉ် ငါ့အားကြိုးစား၍ရှာကြလိမ့်မည်။''
ဘုရားသခင်သည်ထိုသူတို့၏ပြုမူပုံ ကိုလည်းကောင်း၊ မကောင်းမှုများကိုစွန့် ပယ်လိုက်ပုံကိုလည်းကောင်းမြင်တော်မူ သောအခါ စိတ်တော်ပြောင်းလဲလျက်မိန့် မြွက်တော်မူသည့်အတိုင်းသူတို့အား ဒဏ်ခတ်တော်မမူတော့ပေ။
ထိုမြို့သည်ထာဝရဘုရား၏ဗျာဒိတ်တော် ကိုနားမထောင်။ ကိုယ်တော်၏စည်းကမ်းကို မလိုက်နာ။ ကိုယ်တော်ကိုယုံကြည်ကိုးစား မှုမပြု။ ကိုယ်တော်၏ကူမမှုကိုလည်းမ တောင်းခံခဲ့။-
ထိုအခါမိမိအားကြောက်ရွံ့ရိုသေသော သူတို့အချင်းချင်းပြောဆိုနေကြသည့် စကားများကို ထာဝရဘုရားသည်နား ထောင်လျက်နေတော်မူသဖြင့်ကြားတော် မူ၏။ ထာဝရဘုရားအားကြောက်ရွံ့ရိုသေ သူများ၏စားရင်းကို ရှေ့တော်တွင်စာစောင် တစ်ခု၌ရေးမှတ်ထားရှိ၏။-
ငါလာ၍ထိုဒေသအားကျိန်စာမသင့် စေရန် သူသည်အဖများနှင့်သားသမီး တို့ကိုပြန်လည်စည်းရုံး၍ပေးလိမ့်မည်'' ဟုမိန့်တော်မူ၏။ ဋ္ဌမ္မဟောင်းကျမ်းတို့တွင်နောက်ဆုံးကျမ်း တည်းဟူသော၊ ပရောဖက်မာလခိစီရင်ရေး ထားသောအနာဂတ္တိကျမ်းပြီး၏။
အနောက်ဘက်မျက်နှာတွင်ဧဖရိမ်တပ်နှင့်ဆိုင်သောအလံအနီးတွင် အောက်ဖော်ပြပါအတိုင်းအစုလိုက်မိမိတို့၏ခေါင်းဆောင်များနှင့်စခန်းချရမည်။ အနွယ် ခေါင်းဆောင် ဦးရေ ဧဖရိမ် အမိဟုဒ်၏သားဧလိရှမာ ၄၀၅၀၀ မနာရှေ ပေဒါဇုရ၏သားဂါမလျေလ ၃၂၂၀၀ ဗင်္ယာမိန် ဂိဒေါနိ၏သားအဘိဒန် ၃၅၄၀၀ စုစုပေါင်း ၁၀၈၁၀၀ ဧဖရိမ်တပ်သည်တတိယနေရာမှလိုက်၍ချီတက်ရမည်။-
ကိုယ်တော်၏ရှေ့တော်ပြေးဖြစ်၍ဧလိယကဲ့ သို့ခွန်အားတန်ခိုးကြီးလိမ့်မည်။ သူသည်အဖ တို့ကိုသားတို့နှင့်ပြန်လည်သင့်မြတ်စေလိမ့် မည်။ မနာခံသောသူတို့အားသူတော်ကောင်း တို့၏အသိပညာကိုပြန်လည်ရရှိစေလိမ့် မည်။ ထာဝရဘုရားအတွက်အဆင်သင့် ဖြစ်စေရန် ကိုယ်တော်၏လူစုတော်ကိုပြင် ဆင်ပေးလိမ့်မည်'' ဟုဇာခရိအားပြော၏။
ထိုနောက်သူသည်ထ၍ဖခင်ထံသို့ပြန်သွားလေ၏။ ``အဝေး၌ပင်ရှိနေစဉ်ဖခင်သည်သူ့ကိုမြင် သော်သနားသဖြင့် ပြေး၍ဖက်ပြီးလျှင်နမ်းရှုပ် လေ၏။-
သို့ဖြစ်၍သင်တို့သည်ဆိုးညစ်သောအမှုတို့ ကိုစွန့်ပယ်ခြင်းအားဖြင့် ကောင်းချီးခံစားကြရ စေရန်ဘုရားသခင်သည် မိမိ၏အစေခံကို သင်တို့ထံသို့ဦးစွာစေလွှတ်တော်မူ၏'' ဟု ပေတရုဟောပြောလေသည်။
ကျမ်းစာတော်တွင်ဘုရားသခင်က၊ ``ငါ့သား၊ထာဝရဘုရားပဲ့ပြင်တော်မူသည်ကို ဂရုပြုလော့။ ဆုံးမတော်မူသောအခါစိတ် မပျက်နှင့်။
ငါသည်မိမိချစ်သောသူအပေါင်းတို့အား ဆုံးမ၍အပြစ်ဒဏ်ပေးတတ်၏။ ထိုကြောင့် သင်သည်စိတ်အားထက်သန်လော့။ နောင်တ ရလော့။-