သို့ရာတွင်ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့၏ အပြစ်များကိုဖြေလွှတ်တော်မူပါ၏။ ထို့ကြောင့်ကျွန်တော်မျိုးတို့သည်ကိုယ်တော်အား ရိုသေကျိုးနွံကြပါ၏။
ယေရမိ 31:12 - Common Language Bible သူတို့သည်လာ၍ဇိအုန်တောင်ပေါ်တွင် ဝမ်းမြောက်စွာသီချင်းဆိုကြလိမ့်မည်။ ငါချပေးသည့်ကျေးဇူးများဖြစ်သော ဂျုံ၊စပါး၊စပျစ်ရည်၊ဆီ၊သိုးငယ်များနှင့်ကျွဲနွား များဖြင့်၊ ရွှင်လန်းဝမ်းမြောက်လျက်နေကြလိမ့်မည်။ သူတို့သည်ရေကိုကောင်းစွာရရှိသည့် ဥယျာဉ်ကဲ့သို့ဖြစ်၍ နောင်အဘယ်အခါ၌မျှဝမ်းနည်းပူဆွေး ကြရလိမ့်မည်မဟုတ်။ Garrad Bible ထို လူ မျိုး သည်၊ ဇိ အုန် တောင် ထိပ် ပေါ် သို့ တက် လာ ကျူး ဧ လျက်၊ ဆန် စ ပါး၊ စ ပျစ် ရည်၊ ဆီ၊ နွား သိုး ဆိတ် တို့ ၏ သား ငယ် များ တည်း ဟူ သော၊ ထာ ဝ ရ ဘု ရား၏ ဆု ကျေး ဇူး များ သို့ ရောက်၍၊ ရေ သွင်း ပြီး ခြံ သ ဖွယ် စိတ် ဧ လျက်၊ မော ပန်း ကြ တော့ မည် မ ဟုတ်။ Judson Bible ထိုကြောင့် အမျိုးသားတို့သည်လာ၍၊ ဇိအုန်တောင်ထိပ်၌ သီချင်းဆိုကြလိမ့်မည်။ ထာဝရဘုရားပြုတော်မူခြင်း ကျေးဇူးတည်းဟူသော ဆန်စပါး၊ စပျစ်ရည်၊ ဆီ၊ သိုးသငယ်၊ နွားသငယ်တို့ကိုရအံ့သောငှာ စည်းဝေးကြလိမ့်မည်။ သူတို့စိတ်ဝိညာဉ်သည် ရေလောင်းသော ဥယျာဉ်ကဲ့သို့ဖြစ်၍၊ နောက်တစ်ဖန် ညှိုးငယ်ခြင်း မရှိရ။ မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် ဇိအုန်တောင်ထိပ်သို့လာ၍ ရွှင်လန်းစွာကြွေးကြော်ကြလိမ့်မည်။ ကောက်ပဲသီးနှံ၊ စပျစ်ဝိုင်အသစ်၊ ဆီ၊ သိုးသငယ်၊ နွားသငယ် စသည်တို့ဖြင့် ထာဝရဘုရား၏ကောင်းမြတ်ခြင်းကြောင့် ဝမ်းမြောက်ကြလိမ့်မည်။ သူတို့၏စိတ်ဝိညာဉ်သည် ရေဝသောဥယျာဉ်ကဲ့သို့ဖြစ်မည်။ ဝမ်းနည်းပူဆွေးရတော့မည်မဟုတ်။ |
သို့ရာတွင်ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့၏ အပြစ်များကိုဖြေလွှတ်တော်မူပါ၏။ ထို့ကြောင့်ကျွန်တော်မျိုးတို့သည်ကိုယ်တော်အား ရိုသေကျိုးနွံကြပါ၏။
သင်သည်သေအံ့ဆဲဆဲရှိသောဝက်သစ်ချပင်နှင့် ရေမလောင်းသည့်ဥယျာဉ်ကဲ့သို့ညှိုးနွမ်းခြောက်သွေ့၍သွားလိမ့်မည်။-
သူတို့သည်ဝမ်းမြောက်ပျော်ရွှင်စွာသီချင်း ဆိုလျက် ယေရုရှလင်မြို့သို့ရောက်ရှိလာကြလိမ့်မည်။ သူတို့သည်ထာဝစဉ်ရွှင်လန်းဝမ်းမြောက်ကြ လိမ့်မည်။ ဝမ်းနည်းပူဆွေးခြင်းနှင့်ထာဝစဉ်ကင်းလွတ် ကြလိမ့်မည်။
ကိုယ်တော်ရှင်ကယ်ဆယ်တော်မူလိုက်သည့် သူတို့သည်အားရရွှင်လန်းစွာသီဆိုကြွေး ကြော်လျက်၊ ယေရုရှလင်မြို့သို့ရောက်ရှိလာကြပါလိမ့်မည်။ သူတို့သည်ထာဝစဉ်ဝမ်းမြောက်ရွှင်လန်းရကြ၍၊ ထာဝစဉ်ဝမ်းနည်းကြေကွဲမှုနှင့်ကင်းလွတ်ရကြ ပါလိမ့်မည်။
မြို့စောင့်တပ်သားများသည်အသံကျယ်စွာနှင့် အားရရွှင်လန်းစွာတညီတညွတ်တည်း ကြွေးကြော်လျက်နေကြ၏။ ဇိအုန်မြို့သို့ထာဝရဘုရားပြန်လည် ကြွလာတော်မူမည်ကို၊သူတို့ကိုယ်တိုင်ပင် တွေ့မြင်နိုင်ကြလေသည်။
ငါသည်လည်းသင်တို့ကိုထာဝစဉ်လမ်းပြ ပို့ဆောင်ကာ နေပူပြင်းလျက်ခြောက်သွေ့ရာ ဒေသ၌ကောင်းမြတ်သည့်အစားအစာ များအားဖြင့်ရောင့်ရဲစေမည်။ သင်တို့အား ကျန်းမာသန်စွမ်းစေမည်။ သင်တို့သည်ရေ အလုံအလောက်ရရှိသည့်ဥယျာဉ်ကဲ့သို့ လည်းကောင်း၊ အဘယ်အခါ၌မျှမခန်း မခြောက်သည့်စမ်းချောင်းကဲ့သို့လည်းကောင်း ဖြစ်လိမ့်မည်။-
ငါထာဝရဘုရားသည်သင်၏အတွက်နေလတို့ထက် ပိုမိုတည်တံ့သည့်ထာဝစဉ်အလင်းဖြစ်လိမ့်မည်။ ထို့ကြောင့်သင်ဝမ်းနည်းပူဆွေးရာနေ့ရက်များသည် ကုန်ဆုံး၍သွားလိမ့်မည်။
ငါကိုယ်တိုင်ပင်လျှင်ယေရုရှလင်မြို့အတွက် ကြောင့်လည်းကောင်း၊ ထိုမြို့ရှိမြို့သူမြို့သား တို့၏အတွက်ကြောင့်လည်းကောင်းဝမ်းမြောက် ရွှင်လန်းရလိမ့်မည်။ ထိုမြို့တွင်ငိုကြွေးမှုနှင့် ကူပါကယ်ပါဟုဆိုသောသူများရှိလိမ့် မည်မဟုတ်။-
ထာဝရဘုရားက``အို သစ္စာဖောက်သည့်လူမျိုး တို့၊ ပြန်၍လာကြလော့။ ငါသည်သင်၏ခင်ပွန်း ဖြစ်၏။ သင်တို့အားမြို့တစ်မြို့လျှင်တစ်ယောက် ကျ၊ သားချင်းစုတစ်စုလျှင်နှစ်ယောက်ကျ ရွေးချယ်၍ ဇိအုန်တောင်သို့ပြန်လည်ခေါ်ဆောင် မည်။-
လူတို့သည်ယုဒပြည်မြို့ရွာအပေါင်းတို့ တွင်နေထိုင်ကြလိမ့်မည်။ လယ်ယာလုပ်ကိုင် သူများ၊ သိုးအုပ်များကိုထိန်းကျောင်းသူ များလည်းရှိလိမ့်မည်။-
ငါသည်မောပန်းနွမ်းနယ်သူတို့ကိုလန်းဆန်း စေ၍ဆာလောင်မွတ်သိပ်သဖြင့် အားအင်ချိ နဲ့သူတို့ကိုဝပြောစွာကျွေးတော်မူမည်။-
သင်တို့အားတစ်ဖန်ငါပြန်လည်ထူထောင်ပေး မည်။ သင်တို့သည်ပတ်သာများကိုတစ်ဖန်တီး မှုတ်၍ ပျော်ရွှင်စွာကခုန်ရကြလိမ့်မည်။-
`လာကြ၊ ငါတို့၏ဘုရားသခင်ထာဝရ ဘုရားရှိတော်မူရာဇိအုန်တောင်တော်သို့ ငါတို့တက်ကြကုန်အံ့' ဟုဧဖရိမ်တောင် ကုန်းများမှကင်းစောင့်တို့ကြွေးကြော်ကြ မည့်နေ့ရက်ကာလသည် အမှန်ပင်ကျ ရောက်လာလိမ့်မည်'' ဟုမိန့်တော်မူ၏။
ထာဝရဘုရားက၊ ``လူမျိုးတကာတို့တွင်အထွတ်အထိပ် ဖြစ်သည့် ဣသရေလအမျိုးသားတို့အတွက်ဝမ်းမြောက် စွာ ကြွေးကြော်ကြလော့။ `ထာဝရဘုရားသည်မိမိ၏လူမျိုးတော်အား ကယ်တင်တော်မူပြီ။ ဣသရေလအမျိုးမှကြွင်းကျန်သူအပေါင်း တို့အား ကယ်ဆယ်တော်မူပြီ' ဟူသော ထောမနာသီချင်းကိုသီဆိုကြလော့။
ဣသရေလအမျိုးသားတို့၏ဘုရားသခင် အနန္တတန်ခိုးရှင်ထာဝရဘုရားက ဤပြည် တွင်အိမ်များလယ်ယာများနှင့်စပျစ်ဥယျာဉ် များကိုနောက်တစ်ဖန်အရောင်းအဝယ်ပြု လုပ်ကြလိမ့်ဦးမည်ဟုမိန့်တော်မူလေပြီ'' ဟုမှာကြား၏။
အနန္တတန်ခိုးရှင်ထာဝရဘုရားက``လူနှင့် တိရစ္ဆာန်ကင်းမဲ့၍သဲကန္တာရနှင့်တူသော ဤ ပြည်တွင်သိုးကျောင်းသားတို့သိုးများကို ထိန်းကျောင်းရာစားကျက်များရှိလာလိမ့် ဦးမည်။-
တောင်ပေါ်ဒေသ၊ တောင်ခြေဒေသနှင့်ယုဒ ပြည်တောင်ဘက်ဒေသတို့၌ရှိသောမြို့များ နှင့်ဗင်္ယာမိန်နယ်မြေတွင်လည်းကောင်း၊ ယေရု ရှလင်မြို့နီးနားပတ်ဝန်းကျင်မှကျေးရွာ များနှင့်ယုဒမြို့များ၌လည်းကောင်း သိုး ထိန်းတို့သည်မိမိတို့သိုးများကိုတစ်ဖန် ရေတွက်လျက်နေကြလိမ့်ဦးမည်။ ဤကား ငါထာဝရဘုရားမြွက်ဟသည့်စကား ဖြစ်၏'' ဟုမိန့်တော်မူ၏။
အမြင့်ဆုံးသောဣသရေလတောင်ပေါ်မှာ စိုက်မည်။ ထိုအပင်သည်အကိုင်းအခက်များထွက်၍ အသီးသီးကာ လှပတင့်တယ်သောအာရစ်ပင်ဖြစ်လာလိမ့်မည်။ ထိုအပင်၌ငှက်အမျိုးမျိုးတို့အသိုက် လုပ်ကြလိမ့်မည်။ အပင်ရိပ်တွင်လည်းခိုလှုံကြလိမ့်မည်။
ငါ၏သန့်ရှင်းမြင့်မြတ်သောတောင်တော်တည်း ဟူသောဣသရေလတောင်မြင့်ပေါ်တွင် သင်တို့ အားလုံးပင်ငါ့အားဝတ်ပြုကိုးကွယ်ကြလိမ့် မည်ဟုငါအရှင်ထာဝရဘုရားမိန့်ဆို၏။ ငါ သည်သင်တို့အားနှစ်သက်လက်ခံမည်။ သင်တို့ ပူဇော်သောယဇ်များ၊ အကောင်းမြတ်ဆုံးသော ပူဇော်သကာများနှင့်သီးသန့်ဆက်ကပ်ထား သည့်အလှူဝတ္ထုများကိုငါတောင်းဆိုမည်။-
တောင်ပေါ်မြက်ခင်းများ၊ ဣသရေလပြည် စိမ်းလန်းသောစားကျက်များတွင်ကျက်စား စေမည်။ ကောင်းသောစားကျက်များတွင်လဲ လျောင်းစေ၍ စိမ်းလန်းသောစားကျက်များ တွင်ကျက်စားစေမည်။-
ငါသည်သစ်သီးဝလံများနှင့်ကောက်ပဲ သီးနှံများကိုအထွက်တိုးစေမည်။ ဤ နည်းအားဖြင့်လူမျိုးတကာတို့တွင်သင် တို့ကိုအသရေပျက်စေသည့်အစာငတ် မွတ်ခေါင်းပါးခြင်းကပ်သင့်တော့မည် မဟုတ်။-
သို့ရာတွင်ဣသရေလပြည်သားတို့သည် သူတို့၏ဘုရားသခင်ထာဝရဘုရား ထံတော်သို့လည်းကောင်း၊ သူတို့၏ဘုရင် ဒါဝိဒ်မင်း၏အဆက်အနွယ်ထံသို့လည်း ကောင်းပြန်လာမည့်အချိန်ကျရောက်လိမ့် မည်။ ထိုအခါသူတို့သည်ထာဝရဘုရား အားကြောက်ရွံ့ရိုသေကြလိမ့်မည်။ ကိုယ် တော်သည်လည်းသူတို့အားကောင်းချီး မင်္ဂလာကိုချပေးတော်မူလိမ့်မည်။
ထိုကာလ၌တောင်တို့သည်စပျစ်ဥယျာဉ် များနှင့် ဖုံးလွှမ်းလျက်ရှိလိမ့်မည်။ တောင်ကုန်းမှန်သမျှတို့တွင်လည်းကျွဲနွားများ ကိုမြင်ရလိမ့်မည်။ ယုဒပြည်တစ်ခုလုံး၌ရေအလုံအလောက် ရရှိကြလိမ့်မည်။ စမ်းရေသည်ထာဝရဘုရား၏ဗိမာန်တော်မှ စီးဆင်းလာလျက်ရှိတ္တိမ်ချိုင့်ဝှမ်းကိုစိုပြေစေ လိမ့်မည်။
သင်တို့တွင်ဂျုံစပါးမကျန်မရှိတော့ဘဲ စပျစ်ပင်များ၊ သဖန်းပင်များနှင့်သံလွင် ပင်များလည်းအသီးမသီးကြသေး။ သို့ ရာတွင်ငါသည်ယခုမှစ၍သင်တို့အား ကောင်းချီးပေးမည်'' ဟုမိန့်တော်မူပါ၏။
``သူတို့သည်မိမိတို့ကောက်ပဲသီးနှံများ ကိုငြိမ်းချမ်းစွာစိုက်ပျိုးရကြလိမ့်မည်။ သူ တို့၏စပျစ်ပင်များသည်အသီးများ သီးလိမ့်မည်။ မြေကြီးသည်ကောက်ပဲသီး နှံများကိုဆောင်လျက်မိုးသည်လည်းအမြောက် အမြားရွာသွန်းလိမ့်မည်။ ကြွင်းကျန်နေသူ ငါ၏လူမျိုးတော်အားဤကောင်းချီးမင်္ဂ လာအပေါင်းကိုငါပေးမည်။-
သင်တို့သည်လည်းယခုအခါဝမ်းနည်းလျက် ရှိကြ၏။ သို့သော်လည်းသင်တို့နှင့်တစ်ဖန်ငါ ပြန်၍တွေ့ဦးမည်ဖြစ်သဖြင့် သင်တို့သည် ဝမ်းမြောက်ကြလိမ့်မည်။ သင်တို့၏ဝမ်းမြောက် ခြင်းကိုအဘယ်သူမျှမနုတ်မယူနိုင်။''
သို့တည်းမဟုတ်သင်သည်ကိုယ်တော်၏ ကရုဏာထားတော်မူခြင်း၊ စိတ်ရှည်တော်မူ ခြင်း၊ သည်းခံတော်မူခြင်းတို့ကိုမထီမဲ့ မြင်ပြုပါသလော။ ဘုရားသခင်သည်သင့် အားနောင်တရစေရန်လမ်းပြပို့ဆောင် လျက်ရှိတော်မူသည်ဖြစ်၍ ကိုယ်တော် ကရုဏာထားကြောင်းကိုသင်ဧကန် အမှန်ပင်သိ၏။-
ကိုယ်တော်သည်သူတို့၏မျက်ရည်ရှိသမျှကို သုတ်တော်မူမည်။ နောက်တစ်ဖန်သေခြင်း၊ ဝမ်းနည်း ပူဆွေးခြင်း၊ ငိုကြွေးခြင်း၊ နာကျင်ခြင်းတို့သည် ရှိကြတော့မည်မဟုတ်။ ရှေးအရာတို့သည် ပျောက်ကွယ်သွားပြီ'' ဟုဆို၏။
အဘယ်ကြောင့်ဆိုသော်ပလ္လင်တော်အလယ် တွင်ရှိတော်မူသော သိုးသူငယ်တော်သည် သူတို့အားစောင့်ထိန်းကြည့်ရှု၍ အသက် စမ်းရေရှိရာအရပ်သို့ပို့ဆောင်တော်မူမည် ဖြစ်သောကြောင့်တည်း။ ဘုရားသခင်သည် လည်းသူတို့၏မျက်ရည်ရှိသမျှကိုသုတ် တော်မူလိမ့်မည်'' ဟုဆို၏။