ထာဝရဘုရားက``ငါသည်ထိတ်လန့်၍အော် ဟစ်သော အသံကိုကြားရ၏။ ထိုအသံသည်ငြိမ်းချမ်းသာယာသည့်အသံ မဟုတ်။ ကြောက်လန့်၍အော်ဟစ်သည့်အသံဖြစ်၏။
ငါသည် ထိတ်လန့်ခြင်းစကားသံကို ကြားရ၏။ ငြိမ်သက်ခြင်းမရှိ။ ကြောက်ရွံ့ဖွယ်သော အကြောင်းသာ ရှိ၏။
ထာဝရဘုရားက “ကြောက်ရွံ့အော်ဟစ်သံကို ကြားရ၏။ ငြိမ်သက်ခြင်းမရှိ၊ ကြောက်ရွံ့ခြင်းအတိသာရှိ၏။
ထိုကာလ၌သူတို့သည်ပင်လယ်မြည်ဟည်းသံ ကဲ့သို့ ကျယ်စွာဣသရေလပြည်တွင်ကြွေးကြော် ကြလိမ့်မည်။ ထိုပြည်ကိုကြည့်ရှုကြလော့။ ယင်း သည်မှောင်အတိ၊ ဆင်းရဲဒုက္ခအတိဖြစ်၍နေလိမ့် မည်။ အလင်းကားအမှောင်တွင်ကွယ်ပျောက် သွားလေတော့သတည်း။
ငါတို့သည်ကြောက်လန့်တုန်လှုပ်လျက်စိတ် သောကရောက်ရကြ၏။ မိမိတို့ကိုမတရား ပြုသူများလက်မှကယ်တော်မူရန် ဘုရားသခင်အားတမ်းတကြပါသော်လည်း အလွန် ဝေးကွာနေလျက်အချည်းနှီးပင်ဖြစ်ပါ၏။
လူတို့သည်တိုက်ခိုက်လုယက်ရန်သဲကန္တာရရှိ ကုန်းမြင့်များကိုဖြတ်၍လာလေပြီ။ ဤပြည်တစ်ခုလုံးကိုဖျက်ဆီးချေမှုန်းပစ်ရန် ငါသည်စစ်ပွဲကိုဖြစ်ပွားစေလေပြီ။ အဘယ်သူမျှငြိမ်းချမ်းစွာမနေမထိုင် ရကြ။
သင်တို့သည်ညည်းတွားအော်ဟစ်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော်ထာဝရဘုရား သည်သူတို့၏နိုင်ငံများကို အမျက်တော် ဖြင့်ဖျက်ဆီးကာသူတို့၏ငြိမ်းချမ်းသာ ယာသည့်ပြည်ကိုယိုယွင်းပျက်စီးလျက် နေစေတော်မူလေပြီ။
ဣသရေလပြည်သားများနှင့်ယုဒပြည် သားတို့အားထာဝရဘုရားဤသို့မိန့် တော်မူ၏။
သို့ရာတွင်ထာဝရဘုရားက``ငါမြင်ရ သည်ကား အဘယ်သို့နည်း။ သူတို့သည်ကြောက်လန့်၍နောက်သို့ဆုတ်ခွာ နေကြ၏။ သူတို့၏စစ်သူရဲများသည်အရေးရှုံးနိမ့်ကြ လေပြီ။ သူတို့သည်ကြောက်အားကြီး၍၊ နောက်သို့လှည့်မကြည့်ဘဲအစွမ်းကုန်လျင် မြန်စွာ ပြေးကြလေကုန်၏'' ဟုမိန့်တော်မူ၏။
ထာဝရဘုရားက``မြောက်အရပ်ရှိနိုင်ငံတစ် ခုမှ လူတို့သည် ချီတက်လာကြလိမ့်မည်။ ရပ် ဝေးမှအင်အားကြီးမားသည့်လူမျိုးသည် စစ်တိုက်ရန်ပြင်ဆင်လျက်နေ၏။-
ထာဝရဘုရားက မိမိလူမျိုးတော်အား``သင် တို့သည်လျှော်တေကိုဝတ်၍ပြာထဲ၌လူးလှိမ့် ကြလော့။ တစ်ဦးတည်းသောသားအတွက် ငိုကြွေး မြည်တမ်းသကဲ့သို့ဝမ်းနည်းပက်လက်ငိုကြွေး ကြလော့။ အဘယ်ကြောင့်ဆိုသော်သင်တို့အား သုတ်သင်ဖျက်ဆီးရန်လာသူသည် ရုတ်တရက် ဝင်ရောက်တိုက်ခိုက်မည်ဖြစ်သောကြောင့်တည်း။-
ရန်သူများသည်မြောက်ဘက်ရှိဒန်မြို့သို့ တိုင်အောင်ရောက်ရှိလာကြရာ သူတို့၏မြင်း များနှာမှုတ်သံကိုငါတို့ကြားရကြ၏။ သူတို့၏မြင်းများဟီလိုက်သောအခါ၌ တစ်တိုင်းတစ်ပြည်လုံးတုန်လှုပ်၍သွား၏။ သူတို့သည်ငါတို့ပြည်နှင့်တကွ ငါတို့ ပြည်တွင်ရှိသမျှသောအရာများ၊ ငါတို့ မြို့နှင့်မြို့သူမြို့သားများအားသုတ်သင် ဖျက်ဆီးရန်လာရောက်ကြလေပြီ'' ဟုဆို ကြ၏။
နားထောင်ကြလော့။ အလွန်ဝေးသော တစ်တိုင်းတစ်ပြည်တွင်ငါ၏အမျိုးသား များ ဟစ်အော်နေသံကိုငါကြားရ၏။ ``ထာဝရဘုရားသည်ဇိအုန်မြို့တွင် ရှိတော်မမူတော့ပြီလော။ ဇိအုန်မြို့၏ဘုရင်သည်ထိုမြို့တွင်မရှိတော့ ပြီလော'' သူတို့၏ဘုရင်ထာဝရဘုရားက``သင်တို့သည် အဘယ်ကြောင့်ရုပ်တုများနှင့်၊ ငါ၏အမျက်တော်ကိုလှုံ့ဆော်ပေးကြသနည်း'' ဟုမိန့်တော်မူ၏။
``ငါတို့သည်ဆုံးပါးပျက်စီးလျက်၊လုံးဝ အသရေပျက် ရကြလေပြီတကား။ ငါတို့၏အိမ်ရာများသည်ပြိုပျက်သွားပြီဖြစ်၍ ငါတို့သည်မိမိတို့ပြည်ကိုစွန့်ခွာရကြပေတော့မည်'' ဟူ၍ဇိအုန်မြို့သားတို့ငိုကြွေးမြည်တမ်းသံကို နားထောင်ကြလော့ဟုဆိုကြ၏။
သင်တို့ပျော်ပွဲရွှင်ပွဲများကိုမသာပွဲအဖြစ် သို့ပြောင်းပစ်မည်။ သင်တို့တက်ကြွရွှင်မြူးသော တေးသံတို့ကိုငိုကြွေးသံများဖြစ်သွားစေ မည်။ သင်တို့သည်ဆံပင်များကိုရိတ်ပြီးလျှော် တေအဝတ်ကိုဝတ်ရလိမ့်မည်။ တစ်ဦးတည်း သောသားသေဆုံးသဖြင့်ရတက်ပွားရသည့် မိဘပမာဖြစ်ရကြမည်။ နေဝင်သည့်တိုင် ထိုနေ့တာသည်ဆိုးဝါးလှမည်။
သူတို့သည်ပြည့်ရှင်မင်းများကိုမထီမဲ့မြင်ပြုကြ၏။ မှူးကြီးမတ်ရာတို့ကိုပြက်ရယ်ပြုကြ၏။ သူတို့အားအဘယ်ခံတပ်မျှမတားမဆီးနိုင်။ သူတို့သည်မြေကတုတ်များကိုဖို့လုပ်၍ခံတပ်တို့ကိုတိုက်ခိုက်သိမ်းယူကြလေသည်။-
ငါသည်ကြောက်မက်ဖွယ်ကောင်း၍အငြိမ်မနေတတ်သူဗာဗုလုန်အမျိုးသားတို့အားတန်ခိုးကြီးမားလာစေမည်။ သူတို့သည်အခြားနိုင်ငံများကိုနှိမ်နင်းရန် ကမ္ဘာမြေပြင်ကိုဖြတ်၍ချီတက်လာကြလိမ့်မည်။-