ဣသရေလပြည်သားများနှင့်ယုဒပြည် သားတို့အားထာဝရဘုရားဤသို့မိန့် တော်မူ၏။
ဣ သ ရေ လ နှင့် ယု ဒ လူ မျိုး ကို ရည် လျက်၊ ထာ ဝ ရ ဘု ရား မိန့် တော် မူ ချက် ကား၊ တုန် လှုပ် ခြင်း အ သံ ကို ငါ တို့ ကြား ရ ၏။ ချမ်း သာ မဲ့ လျက် ကြောက် မက် ဖွယ် ဖြစ် သည် တ ကား ဟု ဆို ကြ ရာ ၌၊
ဣသရေလအမျိုးနှင့် ယုဒအမျိုးကို ရည်မှတ်၍ ထာဝရဘုရားမိန့်တော်မူသောစကားဟူမူကား၊
ဤသည်ကား အစ္စရေးလူမျိုး၊ ယုဒလူမျိုးတို့နှင့်ပတ်သက်၍ ထာဝရဘုရားမိန့်တော်မူသောစကားဖြစ်၏။
အဘယ်ကြောင့်ဆိုသော်ငါ၏လူမျိုးတော် ဣသရေလအမျိုးသားများနှင့်ယုဒအမျိုး သားများအား ငါပြန်လည်ထူထောင်ပေးမည့် အချိန်ကျရောက်လာတော့မည်ဖြစ်သောကြောင့် တည်း။ ငါသည်သူတို့ကိုမိမိတို့ဘိုးဘေးများ အား ငါပေးအပ်ခဲ့သည့်ပြည်သို့ပြန်လည်ခေါ် ဆောင်ခဲ့မည်ဖြစ်၍ သူတို့သည်ထိုပြည်ကိုတစ် ဖန်ပြန်၍ပိုင်ဆိုင်ရကြပေတော့အံ့။ ဤကား ငါထာဝရဘုရားမြွက်ဟသည့်စကား ဖြစ်၏'' ဟုမိန့်တော်မူ၏။
ထာဝရဘုရားက``ငါသည်ထိတ်လန့်၍အော် ဟစ်သော အသံကိုကြားရ၏။ ထိုအသံသည်ငြိမ်းချမ်းသာယာသည့်အသံ မဟုတ်။ ကြောက်လန့်၍အော်ဟစ်သည့်အသံဖြစ်၏။