ဗာဗုလုန်မင်း၏အစေကိုမခံရန်အရှင့်အား ပြောဆိုကြသည့်ပရောဖက်တို့၏စကား ကိုနားထောင်တော်မမူပါနှင့်။ သူတို့သည် အရှင့်အားလိမ်လည်ပြောဆိုနေခြင်းဖြစ် ပါ၏။-
ဗာ ဗု လုန် ဘု ရင်၏ အ မှု ကို မ ထမ်း ကြ ရ ဟု၊ မု သာ ဟော ပြော သော ပ ရော ဖက် တို့ စ ကား ကို နား မ ထောင် ကြ လင့်။
သင်တို့သည် ဗာဗုလုန် ရှင်ဘုရင်၏အစေကို မခံရဟု၊ သင်တို့အားဟောပြောသော ပရောဖက်တို့၏စကားကို နားမထောင်ကြနှင့်။ သူတို့သည် မုသားစကားကို ဟောပြောတတ်ကြ၏။
‘သင်တို့သည် ဘေဘီလုံဘုရင်ကို အစေခံရမည်မဟုတ်’ဟု ဆိုသော ပရောဖက်တို့၏စကားကို နားမထောင်ကြနှင့်။ သူတို့သည် မဟုတ်မမှန်ပရောဖက်ပြုဟောပြောကြ၏။
သို့ရာတွင်ထာဝရဘုရားက``ပရောဖက်တို့ သည် ငါ၏နာမတော်ကိုအမှီပြု၍ လိမ်လည် ပြောဆိုနေကြခြင်းဖြစ်သည်။ ငါသည်သူတို့ ကိုမစေလွှတ်ခဲ့။ သူတို့အားအဘယ်သို့မျှ လည်းမမှာကြား။ အဘယ်ဗျာဒိတ်ကိုမျှ လည်းငါမပေးခဲ့။ သူတို့ဖော်ပြသည့်ဗျာဒိတ် ရူပါရုံတို့သည်ငါပြသည့်ရူပါရုံများ မဟုတ်။ သူတို့ကြိုတင်ဟောပြောမှုများ သည်အချည်းနှီးဟောပြောမှုများသာ လျှင်ဖြစ်၏။-
ထာဝရဘုရားက``ဤပရောဖက်တို့သည် ငါ မစေလွှတ်သော်လည်းထွက်သွားကြ၏။ သူတို့ အားအဘယ်ဗျာဒိတ်ကိုမျှငါမပေးသော် လည်း သူတို့သည်ငါ၏နာမတော်ကိုအမှီ ပြု၍ဟောပြောကြ၏။-
`ငါအိပ်မက်မက်သည်၊ ငါအိပ်မက်မက်သည်' ဟု မိမိတို့အိပ်မက်တွင်ငါ၏ဗျာဒိတ်တော်ကို ကြားရပါသည်ဟု ငါ့နာမတော်ကိုအမှီပြု ၍လိမ်လည်ဟောပြောသည့်ပရောဖက်တို့၏ စကားကိုငါသိ၏။-
ထိုနောက်ငါသည်ဟာနနိအား``ဟာနနိ၊ နားထောင်လော့။ ထာဝရဘုရားသည်သင့် အားစေလွှတ်တော်မူသည်မဟုတ်။ သင်သည် ဤပြည်သူတို့အားမုသားစကားကို ယုံကြည်အောင်ပြုလျက်နေသည်ဖြစ်၍၊-
ဗာဗုလုန်ဘုရင်သည်အရှင့်ကိုသော်လည်းကောင်း၊ ဤပြည်ကိုသော်လည်းကောင်းတိုက်ခိုက်လိမ့်မည် မဟုတ်ဟု ဟောပြောခဲ့ကြသည့်အရှင်၏ပရော ဖက်များကားအဘယ်မှာရှိပါသနည်း။-
ယုဒဘုရင်၏နန်းတော်တွင်ကျန်ရှိသမျှ သောအမျိုးသမီးတို့ကို ဗာဗုလုန်ဘုရင် ၏မှူးမတ်များထံသို့ထုတ်ဆောင်သွားကြ လိမ့်မည်။ သူတို့သည်ဤသို့ထွက်ခွာသွား ကြရစဉ်၊ `မင်းကြီး၏အချစ်ဆုံးမိတ်ဆွေများသည် သူ့အားလှည့်စား၍၊သူ့အပေါ်၌သြဇာလွှမ်းမိုး ကြ၏။ ယခုအခါ၊မင်းကြီး၏ခြေတို့သည်ရွှံ့နွံတွင် ကျွံလျက်နေပြီဖြစ်၍၊ ထိုမိတ်ဆွေများသည်သူ့အားစွန့်ပစ်ကြလေပြီ' ဟုဆိုကြလိမ့်မည်'' ဟုလျှောက်ထား၏။
သင်၏ပရောဖက်များသည်မုသားစကားမှ တစ်ပါး သင့်အားအခြားမည်သည့်စကားကိုမျှ မပြောတတ်ကြပါ။ သူတို့ဟောပြောသမျှသည်သင့်ကို လှည့်စားခြင်းသာဖြစ်၏။ သင်၏အပြစ်ကိုအဘယ်ခါမျှမဖော်ပြသဖြင့် သင်သည်နောင်တရစရာမလိုဟုထင်မှတ်စေခဲ့ သည်။
``သင်တို့တွင်စပျစ်ရည်နှင့် အရက်လှိုင်လှိုင် ပေါများလိမ့်မည်ဟုငါဟော၏' ဟူ၍လိမ် လည်လှည့်ဖြားပြောဆိုတတ်သောပရောဖက် မျိုးကိုဤသူတို့နှစ်သက်ကြ၏။
လူတို့သည်နတ်ရုပ်များ၊ ရုပ်တုများ၊ ဗေဒင် ဆရာများကိုမေးမြန်းစုံစမ်းကြ၏။ သို့ ရာတွင်သူတို့ရရှိသည့်အဖြေများမှာ အနက်အဋ္ဌိပ္ပါယ်ကင်းမဲ့သည့်မုသားစကား များဖြစ်၏။ အချို့သောသူတို့သည်အိပ်မက် များကိုအနက်ဖွင့်ကြ၏။ သို့ရာတွင်သူတို့ သည်သင်တို့အားလမ်းမှားသို့သာလျှင် ပို့ဆောင်ပေးတတ်၏။ သူတို့အထဲမှရရှိ သည့်နှစ်သိမ့်မှုမှာလည်းအချည်းနှီးသာ လျှင်ဖြစ်ပေသည်။ ထို့ကြောင့်လူတို့သည် လမ်းလွဲသည့်သိုးများကဲ့သို့လှည့်လည် သွားလာလျက်နေရကြ၏။ ဦးစီးခေါင်း ဆောင်မရှိသဖြင့် ဒုက္ခရောက်လျက်ရှိ ကြ၏။
``သိုးရေခြုံဝံပုလွေသားရဲနှင့်တူသောမိစ္ဆာ ပရောဖက်တို့ကိုသတိနှင့်ရှောင်ကြလော့။-
ခွေးဖြစ်သူ၊ အကျင့်ဆိုးကိုကျင့်သောသူ၊ ကိုယ် ခန္ဓာကိုလှီးဖြတ်ရမည်ဟုဆိုသောသူများ ကိုသတိနှင့်ရှောင်ကြလော့။-
ချစ်ဆွေတို့၊ ဝိညာဉ်တော်ခံယူရရှိသည်ဟု ဆိုသူတိုင်းကိုမယုံကြနှင့်။ သူတို့ခံယူရရှိ သည်ဆိုသောဝိညာဉ်တော်သည် ဘုရားသခင် ၏ထံတော်မှဆင်းသက်လာသည့်ဝိညာဉ်တော် ဟုတ်မဟုတ်စစ်ဆေးကြည့်ရှုကြလော့။ အဘယ် ကြောင့်ဆိုသော်မိစ္ဆာပရောဖက်များသည် နေရာ တကာသို့ရောက်ရှိနေကြသောကြောင့်ဖြစ်၏။-