ယောယကိမ်သည်ဘေးတော်ဘိုးတော်တို့၏ လမ်းစဉ်ကိုလိုက်၍ ထာဝရဘုရားအားပြစ် မှား၏။
ယေရမိ 26:23 - Common Language Bible သူတို့သည်ဥရိယအားအီဂျစ်ပြည်မှ ယောယကိမ်မင်းထံသို့ပြန်လည်ခေါ်ဆောင် လာလေလျှင် မင်းကြီးသည်သူ့ကိုသတ်၍ ပြည်သူတို့၏သင်္ချိုင်းတွင်ပစ်ထားစေ၏။) Garrad Bible ဥ ရိ ယ ကို အိ ဂျစ် ပြည် မှ ခေါ် ယူ လျက်၊ ယော ယ ကိမ် မင်း ထံ ပို့ သွင်း ကြ ရာ၊ ထို မင်း သည် ဓား ဖြင့် ကွပ် မျက်၍၊ လူ ယုတ် တို့ သင်္ချိုင်း တွင် ပစ် ချ လေ ၏။ Judson Bible ထိုသူတို့သည် ဥရိယကို အဲဂုတ္တုပြည်မှ ယောယကိမ်မင်းထံသို့ ပို့ဆောင်သဖြင့်၊ မင်းကြီးသည် ဥရိယကို ဓားနှင့်သတ်၍၊ အသေကောင်ကို ဆင်းရဲသားတို့၏သင်္ချိုင်း၌ ပစ်ထားလေ၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုသူတို့သည် ဥရိယအား အီဂျစ်ပြည်မှ ယောယကိမ်မင်းကြီးထံသို့ ဖမ်းဆီးခေါ်ဆောင်လာခဲ့ကြ၏။ ရှင်ဘုရင်သည် သူ့ကိုဓားဖြင့်ကွပ်မျက်၍ သူ၏ကိုယ်ခန္ဓာကို အများပြည်သူသင်္ချိုင်း၌ ပစ်ထားလေ၏။ |
ယောယကိမ်သည်ဘေးတော်ဘိုးတော်တို့၏ လမ်းစဉ်ကိုလိုက်၍ ထာဝရဘုရားအားပြစ် မှား၏။
``ငါသည်သင်တို့ကိုဆုံးမပါသော်လည်း အကျိုးမရှိ။ သင်တို့သည်ပဲ့ပြင်သွန်သင်မှုကို လက်မခံလိုကြ။ အမျက်ပြင်းစွာထွက်သည့် ခြင်္သေ့သဖွယ် သင်တို့သည်မိမိတို့ပရောဖက် များကိုသတ်ဖြတ်ကြလေပြီ။-
``သို့ရာတွင်သင်မူကားတစ်ကိုယ်ကောင်းစိတ်နှင့် မိမိအကျိုးရှိမှုကိုသာလျှင်စိတ်ဝင်စား၏။ အပြစ်မဲ့သူတို့ကိုသတ်ဖြတ်၍မိမိ၏ အမျိုးသား တို့အားပြင်းပြင်းထန်ထန်နှိပ်စက်ညှင်းပန်း၏။''
မြည်းသေကိုမသာချသကဲ့သို့သူ့အားဆွဲယူ သွားကာ ယေရုရှလင်မြို့တံခါးပြင်သို့ပစ်ထုတ်လိုက်ကြ လိမ့်မည်'' ဟူ၍ဖြစ်သည်။
သို့ရာတွင်အကယ်၍ငါ့အားသတ်မည်ဆို လျှင် သင်တို့နှင့်ဤမြို့သူမြို့သားအပေါင်း တို့သည် အပြစ်မဲ့သူတစ်ဦးကိုသတ်သည့် အတွက်အပြစ်သင့်ကြလိမ့်မည်ဖြစ်ကြောင်း အသေအချာသိမှတ်ကြလော့။ အဘယ် ကြောင့်ဆိုသော်ငါ့ကိုစေလွှတ်၍ သင်တို့အား ဤစကားများကိုပြောဆိုစေသောအရှင် မှာထာဝရဘုရားပင်ဖြစ်သောကြောင့် တည်း'' ဟုဆို၏။
သို့ဖြစ်၍သင်၏သားမြေးများသည်အဘယ် အခါ၌မျှ ဒါဝိဒ်မင်း၏ရာဇပလ္လင်၌ မင်းအဖြစ်ကိုရရှိကြလိမ့်မည်မဟုတ်ဟု ငါထာဝရဘုရားမြွက်ဆို၏။ သင်၏အလောင်း ကိုလည်းနေ့အခါနေပူ၍ညဥ့်အခါ ဆီး နှင်းထိရာအရပ်တွင်ပစ်ထုတ်ထားကြ လိမ့်မည်။-
သူသည်အရွယ်ရောက်၍သန်စွမ်းသောအခါ၊ အခြားခြင်္သေ့များနှင့်အတူအစာရှာရန် လှည့်လည်လျက်၊ သားကောင်ဖမ်းသည့်အတတ်ကိုသင်ယူ ကာ လူသားစားခြင်္သေ့ဖြစ်လာ၏။
ယုဒအမျိုးသားတို့သည်သခင်ယေရှုနှင့် ပရောဖက်တို့ကိုသတ်ဖြတ်၍ငါတို့ကိုညှဉ်း ဆဲသူများ၊ ဘုရားသခင်နှစ်သက်တော်မမူ သောသူများ၊ လူအပေါင်းတို့၏ရန်သူများ ဖြစ်ကြ၏။-
သူတို့သည်ခဲနှင့်ပေါက်ခြင်း၊ လွှနှင့်တိုက်ဖြတ် ခြင်း၊ ဋ္ဌားနှင့်ခုတ်သတ်ခြင်းတို့ကိုခံကြရ၏။ သူတို့သည်ဆင်းရဲနွမ်းပါးလျက်အနှိပ်အစက် ကိုခံ၍မတရားအနိုင်အထက်ပြုခြင်းကို ခံကာ၊ သိုးရေဆိတ်ရေတို့ကိုဝတ်၍သွားလာ ကြရ၏။-
သို့ရာတွင်သူတို့ဟောပြောကြေညာသည့် အလုပ်ပြီးစီးသောအခါ၌ တွင်းနက်ကြီး ထဲမှသားရဲသည်တက်လာ၍သူတို့အား တိုက်ခိုက်အောင်မြင်သတ်ဖြတ်ပစ်လိမ့်မည်။-