အသတ်မခံရဘဲကျန်ရှိနေသူတို့ကိုဗာဗု လုန်ပြည်သို့ခေါ်ယူသွားပြီးလျှင် ပေရသိ အင်ပါယာနိုင်ငံပေါ်ထွန်းချိန်တိုင်အောင် မိမိ နှင့်မိမိ၏သားမြေးများထံကျွန်ခံစေလေ သည်။-
ယေရမိ 25:11 - Common Language Bible ဤပြည်တစ်ခုလုံးသည်ယိုယွင်းပျက်စီးလျက် ကျန်ရစ်ကာ ရှုမြင်ရသူတို့ထိတ်လန့်ဖွယ်ရာ ဖြစ်လိမ့်မည်။ ပတ်ဝန်းကျင်ရှိလူမျိုးအပေါင်း တို့သည်လည်း အနှစ်ခုနစ်ဆယ်တိုင်တိုင်ဗာ ဗုလုန်ဘုရင်၏အစေကိုခံရကြလိမ့်မည်။- Garrad Bible ပြည် လုံး ကျွတ် ဆိတ် ညံ ရာ အံ့ ဖွယ် သ ရဲ ဖြစ် နေ စဉ်၊ ထို လူ မျိုး များ သည် ဗာ ဗု လုန် ဘု ရင် ၏ အ မှု ကို၊ နှစ် ပေါင်း ခု နစ် ဆယ် တိုင် တိုင် ထမ်း ကြ ရ မည်။ Judson Bible ဤပြည်တစ်လျှောက်လုံးသည် လူဆိတ်ညံရာ၊ အံ့ဩဖွယ်ရာဖြစ်လိမ့်မည်။ ဤလူမျိုးတို့သည် အနှစ်ခုနစ်ဆယ်ပတ်လုံး ဗာဗုလုန်ရှင်ဘုရင်၏အမှုကို ဆောင်ရွက်ရကြလိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း တိုင်းပြည်တစ်ပြည်လုံးသည် ပြိုပျက်ရာ၊ လူသူကင်းမဲ့ရာ ဖြစ်လိမ့်မည်။ ဤပြည်သူပြည်သားတို့သည် ဘေဘီလုံဘုရင်ကို အနှစ်ခုနစ်ဆယ် အစေခံရလိမ့်မည်။ |
အသတ်မခံရဘဲကျန်ရှိနေသူတို့ကိုဗာဗု လုန်ပြည်သို့ခေါ်ယူသွားပြီးလျှင် ပေရသိ အင်ပါယာနိုင်ငံပေါ်ထွန်းချိန်တိုင်အောင် မိမိ နှင့်မိမိ၏သားမြေးများထံကျွန်ခံစေလေ သည်။-
ငါသည်ထိုစပျစ်ဥယျာဉ်ကိုပေါင်းပင်များ နှင့်ပြည့်နှက်နေစေမည်။ စပျစ်ခက်တို့ကိုရှင်း လင်း၍မြေကိုတူးဆွ၍ပေးလိမ့်မည်မဟုတ်။ ဆူးပင်အမျိုးမျိုးကိုပေါက်စေမည်။ ထိုဥယျာဉ် အပေါ်သို့မိုးမရွာစေရန် မိုးတိမ်များကိုပင် ငါပိတ်ပင်ဆီးတားမည်'' ဟုမြွက်ဆို၏။
ထိုနောက်ငါသည်ဗာဗုလုန်ဘုရင်နှင့်ပြည်သူ တို့အား မိမိတို့ကူးလွန်သည့်အပြစ်အတွက် ဆုံးမမည်။ သူတို့၏ပြည်ကိုဖျက်ဆီးကာ ထာဝစဉ်ယိုယွင်းပျက်စီးလျက်နေစေမည်။-
ခြင်္သေ့သည်မိမိ၏ဂူကိုစွန့်ပစ်သကဲ့သို့ ထာဝရဘုရားသည်မိမိလူမျိုးတော်အား စွန့်ပစ်တော်မူလေပြီ။ ကြောက်မက်ဖွယ်ကောင်း သည့်စစ်မက်အန္တရာယ်နှင့်ထာဝရဘုရား ၏အမျက်တော်ကြောင့် သူတို့၏ပြည်သည် သဲကန္တာရအဖြစ်သို့ပြောင်းလဲသွားလေ ပြီ။
ထိုဘဏ္ဍာတို့သည်ဗာဗုလုန်မြို့သို့ယူဆောင် သွားပြီးလျှင် ယင်းတို့အားငါတစ်ဖန်ဂရု စိုက်သည့်အချိန်တိုင်အောင်ထိုမြို့တွင်ရှိနေ လိမ့်မည်။ ထိုနောက်ငါသည်ထိုဘဏ္ဍာများကို ဤဌာနတော်သို့ပြန်လည်ပို့ဆောင်မည်။ ဤ ကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏'' ဟုမိန့်တော်မူကြောင်း ဆင့်ဆိုပြောကြားလေသည်။
သူ၏နိုင်ငံပျက်သုဉ်းချိန်မရောက်မချင်း လူမျိုးတကာတို့သည်သူ၏အစေကိုလည်း ကောင်း၊ သူ၏သားနှင့်မြေးတို့၏အစေကို လည်းကောင်းခံရကြလိမ့်မည်။ ထိုနောက်သူ ၏လူမျိုးသည်တန်ခိုးကြီးမားသည့်လူမျိုး များနှင့်ဘုရင်တို့၏အစေကိုခံရကြလိမ့် မည်။
ဣသရေလအမျိုးသားတို့၏ဘုရားသခင် အနန္တတန်ခိုးရှင်ထာဝရဘုရားသည် လူမျိုး တကာတို့အပေါ်သို့သံထမ်းပိုးကိုတင် တော်မူမည်ဖြစ်၍ ထိုသူတို့သည်ဗာဗုလုန် ဘုရင်နေဗုခဒ်နေဇာ၏အစေကိုခံရကြ လိမ့်မည်ဟုမိန့်တော်မူလေပြီ။ ထာဝရဘုရား ကတောတိရစ္ဆာန်များအားပင်လျှင်နေဗုခဒ် နေဇာ၏အစေကိုခံစေမည်ဟုမိန့်တော်မူ လေပြီ'' ဟုပြောကြားရန်စေခိုင်းတော်မူ၏။-
``ထာဝရဘုရားက`ဗာဗုလုန်မြို့၏သက်တမ်း အနှစ်ခုနစ်ဆယ်စေ့သောအခါ ငါသည်သင် တို့အားပြန်လည်ကြည့်ရှုမည်။ ငါ၏ကတိတော် ရှိသည့်အတိုင်းသင်တို့၏ပြည်သို့ပြန်လည် ပို့ဆောင်မည်။-
ထာဝရဘုရား၏ပြင်းထန်သောအမျက် တော် အရှိန်ကြောင့် မြေသြဇာကောင်းသောပြည်သည်သဲကန္တာရ ဖြစ်လျက်၊ မြို့များသည်လည်းယိုယွင်းပျက်စီး၍နေလေပြီ။
(ကမ္ဘာမြေကြီးတစ်ခုလုံးသည် တောကန္တာရ အဖြစ်သို့ရောက်ရှိရလိမ့်မည်ဖြစ်သော်လည်း အကုန်အစင်ပျက်ပြုန်းသွားရလိမ့်မည်မ ဟုတ်ကြောင်း ထာဝရဘုရားမိန့်ကြားထား တော်မူ၏။)
ထိုနောက်သူတို့အား`ဣသရေလအမျိုးသားတို့ ၏ဘုရားသခင်အနန္တတန်ခိုးရှင် ငါထာဝရ ဘုရားသည်မိမိ၏အစေခံဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာကိုဤအရပ်သို့ခေါ်ဆောင် လာမည်။ ငါမြှုပ်ထားသည့်ဤကျောက်တုံး များအပေါ်တွင်သူ၏ရာဇပလ္လင်ကိုတည် ၍သူ၏တဲတော်ကိုငါဖြန့်မည်။-
ယခုအခါ၌ပင်လျှင်သင်တို့၏ပြည်သည် ယိုယွင်းပျက်စီးကာလူသူဆိတ်ညံလျက် ရှိ၏။ ထာဝရဘုရားသည်သင်တို့၏ယုတ် မာဆိုးညစ်သည့်အကျင့်များကိုသည်းခံ တော်မမူနိုင်သဖြင့် ထိုပြည်သည်လူတို့ ရှေ့၌စက်ဆုပ်ရွံရှာဖွယ်ဖြစ်၍နေလေပြီ။ လူတို့သည်လည်းထိုပြည်၏အမည်နာမ ကိုကျိန်စာအဖြစ်အသုံးပြုကြလေပြီ။-
အရှင်ထာဝရဘုရားပေးတော်မူသောဤ ဗျာဒိတ်တော်ကိုဣသရေလပြည်ယေရု ရှလင်မြို့တွင် ယခုနေထိုင်လျက်ရှိသော လူတို့အတွက်ဖြစ်ကြောင်းပြောကြားလော့။ ထိုသူတို့သည်တုန်လှုပ်လျက်အစားအစာ ကိုစားရကြလိမ့်မည်။ ကြောက်လန့်တုန်လှုပ် လျက်ရေကိုသောက်ရကြလိမ့်မည်။ လူတိုင်း ပင်တရားလက်လွတ်ပြုကျင့်ကြသည်ဖြစ် ၍ သူတို့၏ပြည်ကိုငါသည်ပြောင်တလင်း ဖြစ်စေမည်။-
မည်သည့်လူနှင့်တိရစ္ဆာန်မျှထိုပြည်ကို ဖြတ်သန်းသွားလာလိမ့်မည်မဟုတ်။ အနှစ် လေးဆယ်တိုင်တိုင်ထိုပြည်တွင်နေသူရှိ လိမ့်မည်မဟုတ်။-
ငါသည်လက်ကိုဆန့်၍သူတို့၏ပြည်ကို ဖျက်ဆီးမည်။ ဣသရေလအမျိုးသားတို့ နေထိုင်ရာအရပ်မှန်သမျှကိုချမ်းသာ မပေးဘဲ တောင်ဘက်တောကန္တာရမှသည် မြောက်ဘက်ဒိဗလတ်မြို့သို့တိုင်အောင်လူ သူဆိတ်ညံရာအရပ်ဖြစ်စေမည်။ ထိုအခါ ငါသည်ထာဝရဘုရားဖြစ်ကြောင်းကို လူ အပေါင်းတို့သိရှိလာကြလိမ့်မည်'' ဟု မိန့်တော်မူ၏။
သူ၏နန်းစံပထမနှစ်၌ငါဒံယေလသည် ကျမ်းစာတော်များကိုလေ့လာကာပရော ဖက်ယေရမိအား ဘုရားသခင်မိန့်တော်မူ သည်အတိုင်းအနှစ်ခုနစ်ဆယ်တိုင်တိုင် ယေရုရှလင်မြို့ပျက်စီးရမည်အကြောင်း ကိုစဉ်းစားဆင်ခြင်လျက်နေ၏။-
ငါသည်သင်တို့၏ပြည်ကိုလုံးဝဖျက်ဆီးပစ် သဖြင့် သင်တို့၏ပြည်ကိုသိမ်းပိုက်သောရန်သူ တို့ပင်လျှင်ထိတ်လန့်ကြလိမ့်မည်။-
သို့ရာတွင်ထိုပြည်သူပြည်သားတို့၏ အပြစ်ဒုစရိုက်ကြောင့် သူတို့နေထိုင်ရာ အရပ်များသည်ပျက်သုဉ်းရကြလိမ့်မည်။
ထိုနောက်ကောင်းကင်တမန်က``အို အနန္တတန်ခိုး ရှင်ထာဝရဘုရား၊ ယေရုရှလင်မြို့နှင့်ယုဒ မြို့တို့အားကိုယ်တော်ရှင်အမျက်ထွက်တော် မူသည်မှာ ယခုအနှစ်ခုနစ်ဆယ်ရှိပါပြီ။ ထိုမြို့အားကရုဏာမပြဘဲအဘယ်မျှ ကြာနေတော်မူပါဦးမည်နည်း'' ဟုလျှောက်၏။
ကိုယ်တော်က``ပြည်သူများနှင့်ယဇ်ပုရော ဟိတ်တို့သည်နှစ်ပေါင်းခုနစ်ဆယ်ပတ်လုံး၊ ပဉ္စမလနှင့်သတ္တမလတို့တွင်အစာရှောင် ၍ဝမ်းနည်းကြေကွဲသည့်အမှတ်လက္ခဏာ ကိုပြခဲ့ကြသည်မှာငါ့အားဂုဏ်ပြုချီး ကူးရန်မဟုတ်။-