ကိုယ်တော်ရှင်၏တရားတော်ကိုမလိုက်နာကြသော မာန်မာနကြီးသူတို့သည်ကွန်တော်မျိုးအား ထောင်ဖမ်းရန်တွင်းမားကိုတူးကြပါပြီ။
ယေရမိ 18:22 - Common Language Bible သူတို့၏အိမ်ရာများကိုတိုက်ခိုက်လုယက် ရန်ရုန်းရင်းဆန်ခတ်လူအုပ်အားအမှတ်မ ထင်စေလွှတ်တော်မူပါ။ သူတို့သည်ကြောက် လန့်တုန်လှုပ်လျက်ဟစ်အော်ရကြပါစေ သော။ သူတို့သည်ကျွန်တော်မျိုးလိမ့်ကျစေ ရန်တွင်းကိုတူးကြပါပြီ။ ကျွန်ုပ်အတွက် ထောင်ချောက်ကိုဆင်ကြပါပြီ။- Garrad Bible တပ် တစ် တပ် ကို ရှောင် တ ခင် ချဉ်း ဝင် စေ တော် မူ သည့် ကာ လ၊ ချင်း တို့ အိမ် များ မှ အော် ဟစ် သံ ကြား ရ ပါ စေ သော။ ထို သူ တို့ သည် အ ကျွန်ုပ် ကို ဖမ်း ဆီး ရန် တွင်း တူး၍၊ ခြေ ကို မိ ရန် ကျော့ ကွင်း ကို ဝှက် ထား ကြ လေ ပြီ။ Judson Bible စစ်တိုက်သော ရန်သူများကို သူတို့ရှိရာသို့ ချက်ချင်းရောက်စေတော်မူသောအခါ၊ သူတို့အိမ်သားများ အော်ဟစ်ကြပါစေသော။ အကြောင်းမူကား၊ အကျွန်ုပ်ကို ထောင်ခြင်းငှာ တွင်းကိုတူးကြပါပြီ။ အကျွန်ုပ်သွားရာလမ်း၌ ကျော့ကွင်းကို ဝှက်ထားကြပါပြီ။ မြန်မာ့စံမီသမ္မာကျမ်း ဓားပြတို့သည် သူတို့ကို ရုတ်တရက်ဝင်ရောက်တိုက်ခိုက်သဖြင့် သူတို့၏အိမ်သားများ အော်ဟစ်ကြရပါစေ။ အကြောင်းမူကား သူတို့သည် အကျွန်ုပ်ကိုဖမ်းဆီးရန် တွင်းကိုတူးကြပါပြီ။ ကျော့ကွင်းကိုထောင်ထားကြပါပြီ။ |
ကိုယ်တော်ရှင်၏တရားတော်ကိုမလိုက်နာကြသော မာန်မာနကြီးသူတို့သည်ကွန်တော်မျိုးအား ထောင်ဖမ်းရန်တွင်းမားကိုတူးကြပါပြီ။
မာန်မာနကြီးသူတို့သည်ကျွန်တော်မျိုးအတွက် ထောင်ချောက်ကိုထောင်ထားကြပါပြီ။ သူတို့သည်ကျွန်တော်မျိုးအားဖမ်းရန် လမ်းတွင်ပိုက်ကွန်ကိုဖြန့်၍ကျော့ကွင်းကို ထောင်ထားကြပါပြီ။
``ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ ဘုရားဖြစ်တော်မူ၏'' ဟုထာဝရဘုရားအား လျှောက်ထား၏။ အို ထာဝရဘုရား ကူမတော်မူရန်ကျွန်တော်မျိုးအော်ဟစ်သံကို ကြားတော်မူပါ၏။
ငါ၏အနီးသို့ကြည့်လိုက်သောအခါကူမ မည့်သူ တစ်စုံတစ်ယောက်မျှမရှိ။ ကာကွယ်စောင့်ရှောက်မည့်သူတစ်ယောက်မျှမရှိ။ အဘယ်သူမျှငါ့ကိုဂရုမစိုက်။
ကျွန်တော်မျိုးအားသတ်ဖြတ်လိုသူတို့သည် ကျော့ကွင်းများကိုထောင်ကြပါ၏။ ကျွန်တော်မျိုးအားဥပဒ်ပြုလိုသူတို့သည် ခြိမ်းခြောက်ပြောဆိုကြပါ၏။ သူတို့သည်ကျွန်တော်မျိုးအားလုပ်ကြံရန် အစဉ်မပြတ်ကြံစည်လျက်နေကြပါ၏။
အို ဂလ္လိမ်မြို့သူမြို့သားတို့၊ ကြွေးကြော်ကြ လော့။ အို လဲရှမြို့၊ ထိုကြွေးကြော်သံကိုနား ထောင်ကြလော့။ အာနသုတ်မြို့သူမြို့သား တို့၊ တုံ့ပြန်ပြောကြားကြလော့။-
ကောင်းကျိုးကိုဆိုးကျိုးဖြင့်ပေးချေသင့်ပါ မည်လော။ သို့ပါလျက်သူတို့သည်ကျွန်တော် မျိုးလိမ့်ကျစေရန်တွင်းကိုတူးကြပါပြီ။ ကျွန်တော်မျိုးသည်အထံတော်သို့လာ၍သူ တို့အားအမျက်တော်နှင့်ဆက်ဆံတော်မမူ ရန် သူတို့ကိုယ်စားအဘယ်သို့ပြန်ကြား လျှောက်ထားခဲ့သည်ကိုအောက်မေ့သတိရ တော်မူပါ။-
ကျွန်တော်မျိုးသည်လူတို့တီးတိုးပြောဆိုနေသံကို ကြားရပါ၏။ သူတို့သည်ကျွန်တော်မျိုးအား``နေရာတိုင်းတွင် ထိတ်လန့်ကြောက်ရွံ့ဖွယ်ကောင်းသူ'' ဟု နာမည်ပေးပြီးလျှင်``သူ့အကြောင်းကို အာဏာပိုင်တို့အားသတင်းပေးကြကုန်အံ့၊'' ဟုဆိုကြပါ၏။ ကျွန်တော်မျိုး၏ရင်းနှီးသောမိတ်ဆွေများပင်လျှင် ကျွန်တော်မျိုးပြိုလဲသည်ကိုစောင့်မျှော်နေကြ ပါ၏။ သူတို့က``သူ့အားငါတို့လှည့်စား၍ ရကောင်းရပေလိမ့်မည်။ အငိုက်ဖမ်း၍လက်စားချေနိုင်လိမ့်မည်'' ဟု ဆိုကြပါ၏။
ထိုသူသည်ကရုဏာကင်းမဲ့စွာထာဝရ ဘုရား ဖျက်ဆီးတော်မူသောမြို့များကဲ့သို့ဖြစ်ပါ စေသော။ မမွေးမဖွားမီကာလကပင်ငါ့ကိုမသတ်ခဲ့ သဖြင့် သူသည်နံနက်ချိန်၌ဝေဒနာနှင့်ဟစ်အော် သံများ ကိုလည်းကောင်း၊ မွန်းတည့်ချိန်၌တိုက်ပွဲဝင်ရန်အချက် ပေးသံများ ကိုလည်းကောင်းကြားရပါစေသော။ အကယ်၍သူသည်ငါ့ကိုသတ်ခဲ့ပါမူ ငါ့မိခင်၏ဝမ်းသည်ငါ၏သင်္ချိုင်းဖြစ်ပါ လိမ့်မည်။
သားဖွားဝေဒနာခံရသောအမျိုးသမီး ၏အသံ၊ သားဦးကိုဖွားမြင်သည့်အမျိုးသမီးဟစ် အော်သံနှင့် တူသည့်အသံတစ်ခုကိုငါကြား၏။ ထိုအသံမှာမောဟိုက်၍လက်တုန်နေသော ယေရုရှလင်မြို့၏အသံပင်ဖြစ်ပေသည်။ သူက``ငါသည်အမင်္ဂလာရှိ၏။ သူတို့သည် ငါ့အားသတ်ရန်လာကြလေပြီဆို၏။''
``ငါ၏လူမျိုးတော်အထဲ၌ ဆိုးညစ်သူများရှိ၏။ သူတို့သည်ထောင်ချောက်ဖြင့်ငှက်ဖမ်းသူများကဲ့သို့လူကိုဖမ်းရန်ချောင်းမြောင်းကြ၏။-
ထာဝရဘုရားက မိမိလူမျိုးတော်အား``သင် တို့သည်လျှော်တေကိုဝတ်၍ပြာထဲ၌လူးလှိမ့် ကြလော့။ တစ်ဦးတည်းသောသားအတွက် ငိုကြွေး မြည်တမ်းသကဲ့သို့ဝမ်းနည်းပက်လက်ငိုကြွေး ကြလော့။ အဘယ်ကြောင့်ဆိုသော်သင်တို့အား သုတ်သင်ဖျက်ဆီးရန်လာသူသည် ရုတ်တရက် ဝင်ရောက်တိုက်ခိုက်မည်ဖြစ်သောကြောင့်တည်း။-
ခံတပ်မြို့များ၊ မြင့်မားသည့်ရဲတိုက်များ ကိုတိုက်ခိုက်နေသူ၊ စစ်သူရဲတို့၏တံပိုး ခရာသံများ၊ ညာသံများဖြင့်ဆူညံနေ သောနေ့ဖြစ်ပေသည်။
ထိုနောက်ဖာရိရှဲတို့သည်ထွက်သွားပြီးလျှင် ကိုယ်တော်အားအဘယ်သို့ပရိယာယ်ဆင်၍ မေးမြန်းရမည်ကိုဆွေးနွေးတိုင်ပင်ကြ၏။-