``ဥပုသ်နေ့ကိုစောင့်ထိန်းလော့။ ထိုနေ့ကိုနေ့ ထူးနေ့မြတ်အဖြစ်သတ်မှတ်လော့။-
ယေရမိ 17:21 - Common Language Bible ဤကားထာဝရဘုရားအမိန့်တော်ဖြစ်၏။ ဥပုသ်နေ့၌အဘယ်ဝန်ထုပ်ဝန်ပိုးကိုမျှမ သယ်မဆောင်ရကြ။ ယေရုရှလင်မြို့တံခါး များကိုဖြတ်၍၊- Garrad Bible ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် မှာ၊ နာ ခံ နား ထောင် ခြင်း မ ပြု ဘဲ၊ နား မ ထောင်၊ အ ဆုံး အ မ ကို မ နာ မ ယူ သည့် တိုင် အောင်၊ စိတ် ခဲ ယဉ်း သော သင် တို့၏ ဘိုး ဘေး များ အား၊ ဥ ပုသ် နေ့ ကို သီး သန့် စောင့် ရှောက် ကြ လော့ ဟု၊ ငါ မိန့် မှာ ခဲ့ သည့် အ တိုင်း ပင်၊ ကိုယ် ကို သ တိ မူ လျက် ဥ ပုသ် နေ့ ၌ ဝန် ထမ်း ခြင်း၊ ယေ ရု ရှ လင် မြို့ တံ ခါး များ ဖြင့် ဆောင် သွင်း ခြင်း၊ ကိုယ့် အိမ် များ မှ ထုတ် ယူ ခြင်း များ ကို မ ပြု ဘဲ၊ မည် သည့် အ မှု အ ရေး ကို မျှ မ လုပ် မ ဆောင် ကြ နှင့်။ Judson Bible ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဥပုသ်နေ့၌ ဝန်ကိုမထမ်းမရွက်၊ ယေရုရှလင်မြို့တံခါးဖြင့် မဆောင်မသွင်းမည်အကြောင်း၊ သတိပြုကြလော့။ မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားက သင်တို့ကိုယ်သင်တို့ သတိပြုကြလော့။ ဥပုသ်နေ့၌ ဝန်ထုပ်များ မသယ်ဆောင်ရ။ ဂျေရုဆလင်မြို့တံခါးကို ဖြတ်၍ မယူဆောင်လာရ။ |
``ဥပုသ်နေ့ကိုစောင့်ထိန်းလော့။ ထိုနေ့ကိုနေ့ ထူးနေ့မြတ်အဖြစ်သတ်မှတ်လော့။-
ဥပုသ်နေ့ကိုအလွဲသုံးစားမပြုဘဲကောင်း စွာစောင့်ထိန်းသူတို့နှင့် အဘယ်မကောင်းမှု ကိုမျှမပြုသူတို့ကိုကောင်းချီးပေးမည်'' ဟုမိန့်တော်မူ၏။
ထာဝရဘုရားက``အကယ်၍သင်တို့သည် ဥပုသ်နေ့ကိုသန့်ရှင်းမြင့်မြတ်သည့်နေ့အ ဖြစ်ထားရှိလျက်၊ ထိုနေ့၌ကိုယ်ကျိုးရှာလုပ် ငန်းများကိုရှောင်ရှားကြမည်ဆိုလျှင်လည်း ကောင်း၊ အကယ်၍သင်တို့သည်မိမိနှစ်သက် သောခရီးသွားခြင်း၊ နှစ်သက်သောအလုပ် လုပ်ခြင်း၊ သို့မဟုတ်အကျိုးမရှိသောစကား များကိုပြောဆိုခြင်းတို့ကိုရှောင်ကြဉ်၍၊ ငါ၏ မြင့်မြတ်သန့်ရှင်းသည့်နေ့တော်ကိုနှစ်သက် လျက် တန်ဖိုးထားကာရိုသေလေးစားကြ မည်ဆိုလျှင်လည်းကောင်း၊-
ထိုမှတစ်ပါးလည်းကိုယ်တော်က ``သင်တို့ကြား သည့်အရာကိုဂရုစိုက်၍နားထောင်ကြလော့။ သင်တို့သည်သူတစ်ပါးအားစစ်ကြောသောတင်း တောင်းပမာဏအတိုင်း ဘုရားသခင်သည်သင် တို့အားစစ်ကြောတော်မူလိမ့်မည်။ ထိုထက်မက ပို၍ပြင်းထန်စွာစစ်ကြောတော်မူလိမ့်မည်။-
``သို့ဖြစ်၍သင်တို့မည်သို့မည်ပုံကြားနာသည် ကိုသတိပြုကြလော့။ ရှိသူအားထပ်၍ပေး လိမ့်မည်။ မရှိသူထံမှရှိသည်ဟုထင်ရသော အရာရှိသမျှကိုပင်သိမ်းယူလိမ့်မည်'' ဟု မိန့်တော်မူ၏။
သို့ဖြစ်၍သင်တို့သည်မိမိတို့ကိုကိုယ်လည်း ကောင်း၊ သင်တို့လက်သို့ သန့်ရှင်းသောဝိညာဉ်တော် ပေးအပ်ထားသည့်သိုးစုကိုလည်းကောင်းစောင့် ရှောက်ကြည့်ရှုကြလော့။ ဘုရားသခင်၏အသင်း တော်ကိုသိုးထိန်းသဖွယ်စောင့်ထိန်းကြည့်ရှုကြ လော့။ ကိုယ်တော်သည်မိမိသားတော်အသေခံ သောအားဖြင့် ထိုအသင်းတော်ကိုမိမိပိုင်ဆိုင် ရာဖြစ်စေတော်မူသည်။-
သင်တို့သည်ထာဝရဘုရားကိုစွန့်ပယ်၍ အခြားသောဘုရားများကိုဝတ်မပြုမ ကိုးကွယ်မိစေရန်သတိပြုလော့။-
``ထာဝရဘုရားသည်သိနာတောင်ပေါ်တွင် မီးထဲကသင်တို့အားမိန့်မြွက်တော်မူသော အခါ၌ သင်တို့သည်ကိုယ်တော်၏ပုံသဏ္ဌာန် တော်ကိုလုံးဝမမြင်ရကြ။ သို့ဖြစ်၍သင် တို့သည်ယောကျာ်းသို့မဟုတ်မိန်းမသဏ္ဌာန်၊ တိရစ္ဆာန်သို့မဟုတ်ငှက်သဏ္ဌာန်၊ တွားတတ်သော သတ္တဝါသို့မဟုတ်ငါးသဏ္ဌာန်နှင့်တူသော ရုပ်တုကိုထုလုပ်၍အပြစ်မပြုမိစေ ရန်အထူးသတိပြုကြလော့။-
သင်တို့၏ဘုရားသခင်ထာဝရဘုရားက သင်တို့နှင့်ပြုထားသောပဋိညာဉ်ကိုမမေ့ ရန်သတိပြုလော့။ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် မီးလျှံနှင့်တူသော ဘုရား၊ ပြိုင်ဘက်ကိုလုံးဝလက်မခံသော ဘုရားဖြစ်သောကြောင့် ကိုးကွယ်ရန်အတွက် မည်သည့်ရုပ်တုကိုမျှမထုလုပ်နှင့်ဟူသော ပညတ်ကိုစောင့်ထိန်းကြလော့။''
သင်တို့သည်သတိရှိကြလော့။ သင်တို့ကိုယ် တိုင်မြင်ခဲ့သမျှတို့ကို တစ်သက်လုံးမမေ့ စေရန်သတိပြုကြလော့။-
သို့ဖြစ်၍သင်တို့၏ဘုရားသခင်ထာဝရ ဘုရားကိုချစ်မြတ်နိုးရန်သတိမူကြ လော့။-