ငါသည်သင်နှင့်အတူရှိ၍သင်သွားရာ အရပ်၌သင့်ကိုစောင့်ရှောက်မည်။ သင့်ကိုဤ ပြည်သို့တစ်ဖန်ပို့ဆောင်ဦးမည်။ ငါသည်သင့် အားထားသောကတိအတိုင်းအကောင်အထည် မပေါ်မီသင့်ကိုစွန့်ပစ်၍မထား'' ဟုမိန့်တော် မူ၏။
ယေရမိ 16:15 - Common Language Bible ယင်းသို့ကျိန်ဆိုမည့်အစားလူတို့သည်ငါ့ အားဣသရေလပြည်သားတို့ကိုမြောက် ပြည်မှလည်းကောင်း၊ သူတို့အားငါကွဲလွင့် စေရာအခြားပြည်အပေါင်းမှလည်းကောင်း ပြန်လည်ခေါ်ဆောင်လာသည့်အသက်ရှင် တော်မူသောဘုရားသခင်အဖြစ်ဖြင့် တိုင်တည်ကျိန်ဆိုကြလိမ့်မည်။ ငါသည် သူတို့အားမိမိတို့ပိုင်သောပြည်၊ သူတို့ ဘိုးဘေးများအားငါပေးအပ်ခဲ့သည့် ပြည်သို့ပြန်လည်ခေါ်ဆောင်လာတော်မူ မည်'' ဟုမိန့်တော်မူ၏။ Judson Bible ဣသရေလ အမျိုးသားတို့ကို မြောက်ပြည်မှစ၍၊ နှင်ထုတ်ဖူးသော ပြည်ရှိသမျှတို့မှ နုတ်ဆောင်သော ထာဝရဘုရား အသက်ရှင်တော်မူသည်ဟူ၍ ကျိန်ဆိုရသောကာလသည် နောက်တစ်ဖန်ရောက်လိမ့်မည်။ သူတို့ဘိုးဘေးတို့အား ငါပေးသောပြည်သို့ သူတို့ကို တစ်ဖန်ငါဆောင်ခဲ့ဦးမည်။ မြန်မာ့စံမီသမ္မာကျမ်း မြောက်ဘက်အရပ်သို့လည်းကောင်း၊ အပြည်ပြည်သို့လည်းကောင်း နှင်ထုတ်ခံရသော အစ္စရေးအမျိုးသားတို့ကို ပြန်လည်ခေါ်ဆောင်လာသောထာဝရဘုရားသည် အသက်ရှင်တော်မူသည်ဟု ပြောဆိုရမည့်အချိန် ရောက်လာမည်။ ငါသည် သူတို့၏ဘိုးဘေးတို့အား ပေးခဲ့သောပြည်သို့ သူတို့ကိုပြန်လည်ခေါ်ဆောင်လာမည်’ဟု မိန့်တော်မူ၏။ |
ငါသည်သင်နှင့်အတူရှိ၍သင်သွားရာ အရပ်၌သင့်ကိုစောင့်ရှောက်မည်။ သင့်ကိုဤ ပြည်သို့တစ်ဖန်ပို့ဆောင်ဦးမည်။ ငါသည်သင့် အားထားသောကတိအတိုင်းအကောင်အထည် မပေါ်မီသင့်ကိုစွန့်ပစ်၍မထား'' ဟုမိန့်တော် မူ၏။
ကျွန်တော်မျိုးတို့၏ဘုရားသခင်ထာဝရ ဘုရား၊ ကျွန်တော်မျိုးတို့အားကယ်မူပါ၏။ ကိုယ်တော်ရှင်၏သန့်ရှင်းမြင့်မြတ်သည့်နာမ တော်ကို ထောမနာပြုနိုင်ကြစေရန်လည်းကောင်း၊ ကိုယ်တော်၏ကျေးဇူးတော်ကိုချီးမွမ်းနိုင် ကြစေရန်လည်းကောင်း ကျွန်တော်မျိုးတို့အားလူမျိုးတကာတို့ အထဲမှ ပြန်လည်ခေါ်ဆောင်တော်မူပါ။
ထာဝရဘုရားသည်မိမိ၏လူမျိုးတော်ဣသ ရေလအမျိုးသားတို့အား တစ်ဖန်ကရုဏာသက် တော်မူပြန်၏။ မိမိပိုင်ဆိုင်သူများအဖြစ်ဖြင့် ရွေးချယ်တော်မူလိမ့်မည်။ ကိုယ်တော်သည်သူ တို့အားမိမိတို့နေရင်းပြည်၌ပြန်လည်နေ ထိုင်ခွင့်ပြုတော်မူလိမ့်မည်။ လူမျိုးခြားများ သည်သူတို့နှင့်အတူလာရောက်နေထိုင် ကြလိမ့်မည်။-
သို့ရာတွင်ငါသည်သူတို့အားယင်းသို့ဆွဲ ထုတ်ပြီးနောက်ကရုဏာပြမည်။ ထိုလူမျိုး အသီးသီးကိုမိမိတို့ပိုင်သည့်နယ်မြေသို့ လည်းကောင်း၊ မိမိတို့၏ပြည်သို့လည်းကောင်း ပြန်လည်ပို့ဆောင်မည်။-
``ငါသည်ငါ၏လူမျိုးတော်အားကွဲလွင့်စေ ခဲ့သည့်တိုင်းပြည်များမှသိမ်း၍ သူတို့၏ ပြည်သို့ပြန်လည်ပို့ဆောင်မည်။ သူတို့သည် သားသမီးများစွာထွန်းကားလျက်လူ ဦးရေတိုးကြလိမ့်မည်။-
ထာဝရဘုရားက``လူတို့သည်ငါ့အား ဣသရေလပြည်သားတို့ကို အီဂျစ်ပြည် မှထုတ်ဆောင်လာသည့်အသက်ရှင်တော်မူ သောဘုရားသခင်အဖြစ်ဖြင့် တိုင်တည် ကျိန်ဆိုမှုမပြုကြတော့မည့်အချိန် ကျရောက်လာလိမ့်မည်။-
သူတို့သည်ယင်းသို့ကျိန်ဆိုမည့်အစား၊ ငါ့ အားဣသရေလပြည်သားတို့ကိုမြောက် ဘက်ပြည်မှလည်းကောင်း၊ သူတို့အားငါကွဲ လွင့်စေရာအခြားပြည်အပေါင်းမှလည်း ကောင်း ပြန်လည်ခေါ်ဆောင်လာသည့်အသက် ရှင်တော်မူသောဘုရားသခင်အဖြစ်ဖြင့် တိုင်တည်ကျိန်ဆိုကြလိမ့်မည်။ ထိုနောက်သူ တို့သည်မိမိတို့ကိုယ်ပိုင်ပြည်တွင်နေထိုင် ရကြလတ္တံ့'' ဟုမိန့်တော်မူ၏။
သူတို့ကိုကြည့်ရှုစောင့်ရှောက်၍ဤပြည်သို့ ပြန်လည်ခေါ်ဆောင်လာမည်။ ငါသည်သူတို့ အားဖြို၍မပစ်ဘဲတည်ဆောက်၍ပေးမည်။ ဆွဲနုတ်၍မပစ်ဘဲစိုက်ပျိုး၍ပေးမည်။-
သင်တို့သည်အမှန်ပင်ငါ့ကိုတွေ့ရှိကြလိမ့် မည်ဟူ၍လည်းကောင်း၊ ငါသည်လည်းသင်တို့ အားမိမိတို့ပြည်သို့ပြန်လည်ပို့ဆောင်ပေး မည်ဟူ၍လည်းကောင်းငါဆို၏။ ငါသည်သင် တို့အားမိမိကွဲလွင့်စေခဲ့သည့်နိုင်ငံတကာ အရပ်တကာတို့မှပြန်လည်စုသိမ်းမည်။ ထို နောက်သင်တို့အားသုံ့ပန်းအဖြစ်ငါအဖမ်း ခံစေခဲ့ရသည့်ပြည်သို့ပြန်လည်ပို့ဆောင် မည်။ ဤကားငါထာဝရဘုရားမြွက်ဟ သည့်စကားဖြစ်၏' ဟူ၍လည်းမိန့်တော် မူ၏။
ဣသရေလသည်ယုဒနှင့်ပေါင်း၍လူတို့ နှင့်အတူမြောက်အရပ်မှ သင်တို့ဘိုးဘေး များအားငါအပိုင်ပေးအပ်ခဲ့သည့်ပြည် သို့လာရောက်ကြလိမ့်မည်'' ဟုပြောကြား စေတော်မူ၏။
``ငါ၏ကျွန်ယာကုပ်၊မကြောက်ကြနှင့်။ ဣသရေလပြည်သားတို့ထိတ်လန့်တုန်လှုပ်မှု မဖြစ်ကြနှင့်။ သုံ့ပန်းများအဖြစ်နှင့်သင်တို့နေရကြသော ပြည်၊ ထိုဝေးလံသောပြည်မှသင်တို့အား ငါကယ်ဆယ်မည်။ သင်တို့သည်ပြန်လာ၍ငြိမ်းချမ်းစွာနေထိုင် ရကြလိမ့်မည်။ သင်တို့သည်ဘေးမဲ့လုံခြုံမှုကိုရရှိကြ လိမ့်မည်။ အဘယ်သူမျှသူတို့အားချောက်လှန့် ရလိမ့်မည်မဟုတ်။ ဤကားငါထာဝရဘုရားမြွက်ဟသည့်စကား ဖြစ်၏။
အဘယ်ကြောင့်ဆိုသော်ငါ၏လူမျိုးတော် ဣသရေလအမျိုးသားများနှင့်ယုဒအမျိုး သားများအား ငါပြန်လည်ထူထောင်ပေးမည့် အချိန်ကျရောက်လာတော့မည်ဖြစ်သောကြောင့် တည်း။ ငါသည်သူတို့ကိုမိမိတို့ဘိုးဘေးများ အား ငါပေးအပ်ခဲ့သည့်ပြည်သို့ပြန်လည်ခေါ် ဆောင်ခဲ့မည်ဖြစ်၍ သူတို့သည်ထိုပြည်ကိုတစ် ဖန်ပြန်၍ပိုင်ဆိုင်ရကြပေတော့အံ့။ ဤကား ငါထာဝရဘုရားမြွက်ဟသည့်စကား ဖြစ်၏'' ဟုမိန့်တော်မူ၏။
ငါသည်ထိုသူတို့ကိုမြောက်အရပ်မှ ခေါ်ဆောင်ခဲ့မည်။ ကမ္ဘာမြေကြီးအစွန်အဖျားများမှစုသိမ်း ခဲ့မည်။ သူတို့နှင့်အတူမျက်မမြင်များ၊ခြေမစွမ်း မသန် သူများသည်လည်းကောင်း၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊သားဖွားရန် နေ့စေ့လစေ့အမျိုးသမီးများသည်လည်း ကောင်း လိုက်ပါလာကြလိမ့်မည်။ သူတို့သည်လူမျိုးကြီးအဖြစ်ဖြင့် ပြန်လာကြလိမ့်မည်။
ငါသည်ဒေါသအမျက်ချောင်းချောင်းထွက် ၍ထိုသူတို့အားကွဲလွင့်စေခဲ့သည့်တိုင်း နိုင်ငံများမှပြန်လည်စုသိမ်းမည်။ ထိုနောက် သူတို့ကိုဤအရပ်သို့ပြန်လည်ခေါ်ဆောင် ကာဘေးမဲ့လုံခြုံစွာနေထိုင်စေမည်။-
ဣသရေလပြည်သားတို့အားမိမိတို့ ပြည်သို့ငါပြန်လည်ပို့ဆောင်မည်။ သူတို့ သည်ကရမေလတောင်ထိပ်နှင့်ဗာရှန်ဒေသ တွင်စိုက်ပျိုးသည့်အသီးအနှံများကိုစား ရကြလိမ့်မည်။ ဧဖရိမ်နှင့်ဂိလဒ်နယ်မြေ များတွင်ပေါက်ရောက်သမျှသောအသီး အနှံများကိုအဝစားရကြလိမ့်မည်။-
ငါသည်သင်တို့အားအတိုင်းတိုင်းအပြည် ပြည်မှစုသိမ်းကာ သင်တို့နေရင်းပြည်သို့ ပြန်ခေါ်ခဲ့မည်။-
ထိုအခါငါ၏လူမျိုးတော်သည်ငါ့အား မိမိတို့၏ဘုရားသခင်ထာဝရဘုရား ဖြစ်တော်မူကြောင်းသိရှိကြလိမ့်မည်။ အ ဘယ်ကြောင့်ဆိုသော်ငါသည်ယခင်ကသူ တို့အားဖမ်းဆီးခေါ်ဆောင်ခြင်းကိုခံစေ တော်မူခဲ့သော်လည်း ယခုအခါ၌တစ် ယောက်မကျန်ပြန်လည်စုသိမ်းကာမိမိ တို့ပြည်သို့ပို့ဆောင်တော်မူသောကြောင့် တည်း။-
ထာဝရဘုရားက``ထိုအခါငါသည်ယုဒ ပြည်နှင့် ယေရုရှလင်မြို့ကိုပြန်လည်ကောင်းစားလာစေမည်။
ငါသည်ငါ၏လူမျိုးတော်ကိုနေရင်း ပြည်သို့ ပြန်လည်ဆောင်ယူလာမည်။ သူတို့သည်ပြိုလဲနေသောမြို့များကို ပြန်လည်တည်ဆောက်ကြ၍ ထိုမြို့များ၌ပြန်လည်နေထိုင်ခွင့်ရကြ လိမ့်မည်။ စပျစ်ခြံများကိုစိုက်ပျိုး၍စပျစ်ရည် သောက်ခွင့်ရကြလိမ့်မည်။ ဥယျာဉ်များကိုစိုက်ပျိုးကြ၍ ကိုယ်တိုင်စိုက်သောသီးနှံတို့ကိုကိုယ်တိုင် စားရသောအခွင့်ရကြလိမ့်မည်။
ငါသည်ငါ၏လူမျိုးတော်ကိုငါပေးခဲ့သော နေရင်းပြည်၌ပင်နေထိုင်စေမည်။ အဘယ်သူမျှသူတို့ကိုနောက်တစ်ဖန် ဆွဲနုတ်ခြင်းမခံစေရ'' ဟု သင်တို့၏ဘုရားသခင်ထာဝရဘုရား မိန့်တော်မူပြီ။ ပရောဖက်အာမုတ်စီရင်ရေးသားသော အနာဂတ္တိကျမ်းပြီး၏။