အမ္မုန်တပ်မတော်နှင့်မောဘတပ်မတော်တို့ သည် ဧဒုံတပ်မတော်ကိုတိုက်ခိုက်ချေမှုန်း ဖျက်ဆီးပြီးလျှင် အချင်းချင်းပြန်၍ကြမ်း ကြုတ်စွာတိုက်ခိုက်ကြလေသည်။-
ယေရမိ 13:14 - Common Language Bible ထိုနောက်ငါသည်အိုးများကိုတစ်ခုနှင့် တစ်ခုထိခိုက်၍ကွဲစေသကဲ့သို့ သူတို့ အားကြီးငယ်မရွေးဖျက်ဆီးမည်။ အဘယ် သနားကြင်နာ၊ ကရုဏာစိတ်ကမျှငါ့ ကိုသူတို့အားသတ်ဖြတ်မှုမှဆီးတား လိမ့်မည်မဟုတ်'' ဟုမိန့်တော်မူ၏။ Garrad Bible ယစ် မူး ခြင်း နှင့် ငါ ပြည့် စေ လျက်၊ သား နှင့် အ ဘ၊ လူ အ ချင်း ချင်း တို့ ကို၊ ငါ ကိုင် ဆောင်၍၊ စာ နာ ခြင်း၊ ညှာ တာ ခြင်း၊ သ နား ခြင်း ကင်း လျက်၊ ထို သူ တို့ ကို ငါ ဖျက် ဆီး မည် ဟု၊ ထာ ဝ ရ ဘု ရား မိန့် တော် မူ ကြောင်း၊ ဆင့် ဆို လော့ ဟူ၍ တည်း။ Judson Bible ညီအစ်ကိုချင်း၊ သားအဘချင်းတို့ကို ငါထိခိုက်စေမည်။ ငါသည် ကရုဏာမရှိ၊ မနှမြော၊ မကယ်မဘဲ၊ ထိုသူတို့ကို ဖျက်ဆီးမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း သူတို့အချင်းချင်းကိုသာမက သားအဖချင်းကိုပင် ကွဲပြားစေမည်။ မသနား၊ မညှာတာ၊ မစာနာဘဲ သူတို့ကိုဖျက်ဆီးမည်’ဟူ၍ မိန့်တော်မူ၏”ဟု ဆင့်ဆိုလော့။ |
အမ္မုန်တပ်မတော်နှင့်မောဘတပ်မတော်တို့ သည် ဧဒုံတပ်မတော်ကိုတိုက်ခိုက်ချေမှုန်း ဖျက်ဆီးပြီးလျှင် အချင်းချင်းပြန်၍ကြမ်း ကြုတ်စွာတိုက်ခိုက်ကြလေသည်။-
သင်သည်လူမျိုးတကာတို့ကိုသံလှံတံဖြင့် အုပ်စိုးလိမ့်မည်။ သူတို့အားမြေအိုးကိုခွဲသကဲ့သို့ အစိတ်စိတ်အမြွှာမြွှာဖြစ်စေလိမ့်မည်' ဟု မိန့်တော်မူပါ၏'' ဟူ၍ဆို၏။
သစ်ပင်များမှအကိုင်းအခက်တို့သည်ကျိုး ကျခြောက်သွေ့လျက်ရှိသဖြင့် အမျိုးသမီး များသည်လာ၍ထင်းခွေကြလေသည်။ လူတို့ သည်အသိတရားမရှိကြသဖြင့် သူတို့၏ ဖန်ဆင်းတော်မူရှင်ဘုရားသခင်သည်သူတို့ အားသနားကြင်နာကရုဏာထားတော်မူ လိမ့်မည်မဟုတ်။
``ယေရုရှလင်မြို့သားတို့၊သင်တို့အား အဘယ်သူသနားမည်နည်း။ သင်တို့အတွက်အဘယ်သူဝမ်းနည်း ပူဆွေးမည်နည်း။ အဘယ်သူသည်လမ်းတွင်ရပ်လျက်သင်တို့၏ ကျန်းမာမှုကိုမေးမြန်းမည်နည်း။
သင်တို့သည်ငါ့အားပစ်ပယ်ကြလေပြီ။ သင်တို့သည်ငါ့အားကျောခိုင်းကြလေပြီ။ ငါသည်အမျက်ဒေါသချုပ်တည်းမှုကို ငြီးငွေ့ပြီဖြစ်သဖြင့် လက်တော်ကိုဆန့်၍သင်တို့အားဖျက်ဆီးလေပြီ'' ဟုထာဝရဘုရားမိန့်တော်မူ၏။
ထာဝရဘုရားက``သင်သည်ငိုကြွေးမြည် တမ်းလျက်နေသည့် အိမ်သို့မဝင်ရ။ မည်သူ အတွက်မျှလည်းဝမ်းနည်းပူဆွေးမှုမဖြစ် နှင့်၊ မသနားနှင့်။ ငါသည်သူတို့အားငြိမ်း ချမ်းသာယာမှုကိုပေးတော့မည်မဟုတ်။ မေတ္တာကရုဏာကိုလည်းပြတော့မည် မဟုတ်။-
စစ်မက်အန္တရာယ်၊ အစာငတ်မွတ်ခေါင်းပါး ခြင်းဘေးနှင့်အနာရောဂါဘေးဖြင့်မသေ ဘဲ ကျန်ရှိနေသူယုဒဘုရင်ဇေဒကိ၊ သူ၏ မှူးမတ်များနှင့်ပြည်သူတို့ကိုမူကား မိမိ တို့ကိုသတ်လိုသူရန်သူများနှင့်နေဗုခဒ် နေဇာ၏လက်တွင်အဖမ်းခံရစေမည်။ နေ ဗုခဒ်နေဇာသည်လည်းသူတို့အားကွပ်မျက် စေလိမ့်မည်။ အဘယ်သူကိုမျှအသက်ချမ်း သာပေးလိမ့်မည်မဟုတ်။ အဘယ်သူကိုမျှ သနားကရုဏာပြလိမ့်မည်မဟုတ်။ ဤ ကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
ထိုအမျက်တော်ရည်ကိုသောက်ကြသောအခါ သူတို့သည်ငါစေလွှတ်သည့်စစ်မက်အန္တရာယ် ကြောင့် မူးယစ်ယိမ်းယိုင်ကာရူးသွပ်၍သွားကြ လိမ့်မည်'' ဟုမိန့်တော်မူ၏။
သူတို့သည်မြင်းခွာသံများနှင့်မြင်းရထား ဘီးလည်သံများကိုကြားရကြလိမ့်မည်။ ဖခင်များသည်မိမိတို့သားသမီးများကို ပြန်မကြည့်ကြ။ သူတို့၏လက်များသည်လည်းအားလျော့၍ တွဲကျလျက်ရှိလိမ့်မည်။
``သို့ဖြစ်၍မောဘပြည်ကိုစပျစ်ရည်သဖွယ် သွန်မှောက်မည့်လူတို့အား ငါစေလွှတ်မည့်အချိန် ကာလကျရောက်လာလိမ့်မည်။ သူတို့သည်ထို ပြည်၏စပျစ်ရည်အိုးများကိုသွန်မှောက်ကာ အစိတ်စိတ်အမြွှာမြွှာခွဲပစ်ကြလိမ့်မည်။-
သို့ဖြစ်၍ငါသည်ဤလူတို့ရှေ့တွင်ခလုတ် များချထားသဖြင့် ခြေချော်၍လဲစေမည်။ ဖခင်များနှင့်သားများသည်လည်းကောင်း မိတ်ဆွေများနှင့်အိမ်နီးချင်းများသည် လည်းကောင်းသေရကြလိမ့်မည်'' ဟု မိန့်တော်မူ၏။
လူကြီးလူငယ်တို့သည်လမ်းများပေါ်တွင် လဲ၍သေရကြပါ၏။ ပျိုရွယ်သူအမျိုးသားအမျိုးသမီးများသည် ရန်သူ၏ဋ္ဌားဘေးသင့်၍သေရကြပါ၏။ ကိုယ်တော်ရှင်သည်အမျက်ထွက်တော်မူသောနေ့၌ သနားညှာတာခြင်းမရှိဘဲ သူတို့ကိုကွပ်မျက်တော်မူပါ၏။
ဤကားထာဝရဘုရားမိန့်တော်မူသော စကားဖြစ်၏။ ငါအရေးယူဆောင်ရွက်ရမည့် အချိန်ကျပြီ။ ငါသည်သင်၏အပြစ်များ ကိုလျစ်လူရှုလိမ့်မည်မဟုတ်။ သနားကြင် နာမည်မဟုတ်။ ကရုဏာထားမည်မဟုတ်။ သင်ပြုခဲ့သည့်အမှုအတွက်အပြစ်ဒဏ် ခံရမည်'' ဟူ၍တည်း။ ဤကားအရှင်ထာဝရ ဘုရားမိန့်တော်မူသောစကားဖြစ်၏။
``အို ဣသရေလနိုင်ငံ၊ သင်ပျက်သုဉ်းရာအချိန် ကျပြီ။ သင်ပြုခဲ့သောအမှုများအတွက် ငါ သည်သင့်အားတရားစီရင်ပြီဖြစ်၍ သင်သည် ငါ၏အမျက်တော်ဒဏ်ကိုခံရလိမ့်မည်။ သင် ပြုခဲ့သည့်စက်ဆုပ်ဖွယ်ရာအမှုအပေါင်း၏ အကျိုးဆက်ကိုသင့်အားငါပေးဆပ်မည်။-
ငါသည်သင့်အားချမ်းသာပေးလိမ့်မည်မဟုတ်၊ အဘယ်သို့မျှလည်းကရုဏာပြလိမ့်မည်မ ဟုတ်။ သင်ပြုခဲ့သည့်စက်ဆုပ်ဖွယ်ရာအမှုများ အတွက် ငါသည်သင့်ကိုဒဏ်ပေးမည်။ သို့မှသာ လျှင်ငါသည်ထာဝရဘုရားဖြစ်ကြောင်းသင် သိရှိလိမ့်မည်'' ဟုမိန့်တော်မူ၏။
ငါသည်သင့်အားချမ်းသာပေးလိမ့်မည်မဟုတ်။ အဘယ်သို့မျှလည်းကရုဏာပြလိမ့်မည်မ ဟုတ်။ သင်ပြုခဲ့သည့်စက်ဆုပ်ဖွယ်ရာအမှုများ အတွက်သင့်ကိုဒဏ်ပေးမည်။ သို့မှသာလျှင် ငါသည်ထာဝရဘုရားဖြစ်ကြောင်းကိုလည်း ကောင်း၊ သင့်အားဒဏ်ပေးသူသည်ငါပင်ဖြစ် ကြောင်းကိုလည်းကောင်းသင်သိလိမ့်မည်'' ဟူ၍ဖြစ်၏။
သူတို့သည်သစ်ခက်ကိုနှာခေါင်းတွင်ကပ်လျက် ငါ့အားစော်ကားကြပုံကိုကြည့်လော့။ ငါ၏အမျက်ဒဏ်ကိုသူတို့သည်အပြည့်အဝခံရကြလိမ့်မည်။ ငါသည်သူတို့အားချမ်းသာပေးလိမ့်မည်မဟုတ်။ အဘယ်သို့မျှလည်းကရုဏာပြလိမ့်မည်မဟုတ်။ သူတို့သည်ငါ့ထံသို့အစွမ်းကုန်အော်ဟစ်၍ဆုတောင်းပတ္ထနာပြုကြမည်ဖြစ်သော်လည်း ငါသည်နားညောင်းလိမ့်မည်မဟုတ်'' ဟုမိန့်တော်မူ၏။
သို့ရာတွင်ငါသည်သူတို့ကိုသနားမည် မဟုတ်။ ချမ်းသာပေးလိမ့်မည်မဟုတ်။ ထိုသူ တို့သူတစ်ပါးအားပြုကြသည်အတိုင်း သူတို့အားငါပြုမည်'' ဟုမိန့်တော်မူ၏။
ထိုနောက်ဘုရားသခင်ကအခြားသူတို့ အား``ထိုသူ၏နောက်သို့လိုက်၍မြို့တွင်း တစ်လျှောက်တွင်သတ်ဖြတ်ကြလော့။ မည်သူ့ ကိုမျှချမ်းသာမပေးနှင့်။ မည်သူ့ကိုမျှ မသနားမညှာတာနှင့်။-
သူ၏သားသမီးတို့သည်ပြည့်တန်ဆာမ ၏သားသမီးများဖြစ်လာကြသောကြောင့် ငါသည်သူတို့အားသနားကြင်နာမည် မဟုတ်။-
(ထာဝရဘုရားက၊``ငါသည်ကမ္ဘာမြေကြီး ပေါ်တွင်အဘယ်သူ့ကိုမျှသနားတော့မည် မဟုတ်ပါ။ ငါကိုယ်တိုင်ပင်လူအပေါင်းတို့ ကို သူတို့၏ဘုရင်များ၏လက်သို့ပေးအပ် မည်။ ထိုဘုရင်တို့သည်ကမ္ဘာမြေကြီးကို ပျက်ပြုန်းစေကြမည်ဖြစ်သော်လည်း ငါ သည်ကယ်တင်ပေးလိမ့်မည်မဟုတ်'' ဟု မိန့်တော်မူ၏။)
``ညီအစ်ကိုချင်းတစ်ယောက်ကိုတစ်ယောက်သေစေ ရန်အပ်ကြလိမ့်မည်။ မိဘတို့သည်သားသမီးများ သေစေရန်အပ်ကြလိမ့်မည်။ သားသမီးတို့သည်လည်း မိဘများကိုတော်လှန်၍သတ်ဖြတ်စေကြလိမ့်မည်။-
လူတို့သည်ညီအစ်ကိုချင်းအားသေစေရန်အပ် ကြလိမ့်မည်။ အဖသည်လည်းသားအားသေစေ ရန်အပ်လိမ့်မည်။ သားသမီးတို့သည်မိဘများ ကိုတော်လှန်၍သတ်ဖြတ်စေကြလိမ့်မည်။-
ထာဝရဘုရားသည်ထိုသို့ပြုသောသူ ကိုအပြစ်လွှတ်တော်မူလိမ့်မည်မဟုတ်။ ထာဝရဘုရားသည်ထိုသူအားပြင်းထန် စွာအမျက်တော်ထွက်သဖြင့် သူသည်ဤ ကျမ်းတွင်ရေးထားသောဘေးဒဏ်အပေါင်း ကိုခံရလျက်ဆုံးပါးပျက်စီးရလိမ့်မည်။-
ဗင်္ယာမိန်နယ်၊ ဂိဗာမြို့ရှိရှောလု၏ကင်းသမား တို့သည် ဖိလိတ္တိအမျိုးသားတို့ကစဥ့်ကရဲ ထွက်ပြေးကြသည်ကိုမြင်ကြ၏။-