ယောယဒသည်မင်းကြီးနှင့်တကွပြည်သူ အပေါင်းတို့အား ထာဝရဘုရား၏လူမျိုး တော်ဖြစ်ကြစေရန်ကိုယ်တော်နှင့်ပဋိညာဉ် ဖွဲ့စေလေသည်။ မင်းကြီးနှင့်ပြည်သူတို့ကို လည်းအပြန်အလှန်ပဋိညာဉ်ဖွဲ့စေ၏။-
ယေရမိ 11:2 - Common Language Bible ``ဤပဋိညာဉ်တော်တွင်ပါရှိသည့်အချက် အလက်များကိုနားထောင်လော့။ ဣသရေလ အမျိုးသားတို့၏ဘုရားသခင်ငါထာဝရ ဘုရားသည် ထိုပဋိညာဉ်ပါအချက်အလက် များကိုမလိုက်နာသူမှန်သမျှအား ကျိန်စာ သင့်စေတော်မူမည်ဖြစ်ကြောင်းယုဒပြည် သားတို့နှင့်ယေရုရှလင်မြို့သားတို့အား ပြောကြားလော့။- Judson Bible သင်သည် ယုဒပြည်သူ၊ ယေရုရှလင်မြို့သားတို့အား၊ ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရား၏ အမိန့်တော်ကို ဟောပြောဆင့်ဆိုရမည်မှာ၊ ယနေ့ ဖြစ်သည်နှင့်အညီ၊ နို့နှင့်ပျားရည်စီးသော ပြည်ကိုငါပေးမည်ဟု၊ သင်တို့၏ဘိုးဘေးများ၌ ငါကျိန်ဆိုသော သစ္စာကတိကို စောင့်ရသောအခွင့် ရှိစေခြင်းငှာ၊ သင်တို့သည် ငါ၏လူဖြစ်၍၊ ငါသည်လည်း သင်တို့၏ ဘုရားဖြစ်မည်အကြောင်း၊ ငါ့စကားကို နားထောင်၍၊ ငါမှာထားသမျှအတိုင်း ကျင့်ကြလော့ဟု၊ သံမီးဖိုတည်းဟူသော အဲဂုတ္တုပြည်မှ သင်တို့၏ဘိုးဘေးများကို နုတ်ဆောင်သောအခါ သူတို့၌ ငါထားသော ပဋိညာဉ်တရားစကားကို နားမထောင်သောသူသည် ကျိန်တော်မူခြင်းကိုခံစေဟု မိန့်တော်မူလျှင်၊ ငါက၊ အို ထာဝရဘုရား၊ အာမင်ဟု လျှောက်၏။ မြန်မာ့စံမီသမ္မာကျမ်း ဤပဋိညာဉ်၌ပါရှိသောအချက်တို့ကို နားထောင်၍ ယုဒပြည်သူ၊ ဂျေရုဆလင်မြို့သားတို့အား ဆင့်ဆိုလော့။ |
ယောယဒသည်မင်းကြီးနှင့်တကွပြည်သူ အပေါင်းတို့အား ထာဝရဘုရား၏လူမျိုး တော်ဖြစ်ကြစေရန်ကိုယ်တော်နှင့်ပဋိညာဉ် ဖွဲ့စေလေသည်။ မင်းကြီးနှင့်ပြည်သူတို့ကို လည်းအပြန်အလှန်ပဋိညာဉ်ဖွဲ့စေ၏။-
ယောယဒသည်မင်းကြီးနှင့်တကွပြည်သူ အပေါင်းတို့အား ဘုရားသခင်၏လူမျိုး တော်ဖြစ်ကြစေရန် မိမိနှင့်အတူပါဝင် ၍ကိုယ်တော်နှင့်ပဋိညာဉ်ဖွဲ့စေ၏။-
``အမျက်တော်ပြေစေရန်ယခုငါသည် ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရားနှင့်ပဋိညာဉ်ပြုရန်အကြံ ရှိ၏။-
သူသည်ဘုရင့်ကျောက်တိုင် အနီးတွင်ရပ်လျက်``အကျွန်ုပ်သည်ကိုယ်တော် ၏စကားတော်ကိုနားထောင်ပါမည်။ ကိုယ် တော်၏တရားတော်နှင့်ပညတ်တော်တို့ကို စိတ်ရောကိုယ်ပါစောင့်ထိန်းပါမည်။ ကျမ်း စောင်တော်တွင်ရေးထားသည့်အတိုင်းပဋိ ညာဉ်တော်ဆိုင်ရာပြဋ္ဌာန်းချက်များကို လိုက်နာကျင့်သုံးပါမည်'' ဟုထာဝရ ဘုရားနှင့်ပဋိညာဉ်ပြုတော်မူ၏။-
သင်တို့သည်ငါ၏စကားကိုနားထောင်၍၊ ငါ ၏ပဋိညာဉ်ကိုစောင့်ထိန်းလျှင်ငါပိုင်သော လူမျိုးဖြစ်ကြလိမ့်မည်။ ဤကမ္ဘာမြေကြီး အလုံးစုံကိုငါပိုင်တော်မူသည်။ သို့သော် သင်တို့သည်ငါရွေးကောက်တော်မူသော သူများဖြစ်ရကြမည်။-
ထိုအခါထာဝရဘုရားက ငါ့အား``ယုဒ မြို့များနှင့်ယေရုရှလင်လမ်းများသို့သွား လော့။ ထိုအရပ်တို့တွင်ငါ၏ဗျာဒိတ်တော်ကို ကြေညာကာ၊ ပဋိညာဉ်တော်တွင်ပါရှိသည့် အချက်အလက်များကိုနားထောင်လိုက်နာ ကျင့်သုံးရန်သူတို့အားပြောကြားလော့။-