တစ်ဖန်ဘုရားသခင်က``နေ့နှင့်ညဥ့်ကို ခွဲခြားရန်နှင့်နေ့ရက်၊ နှစ်၊ ပွဲတော်ရက်
ယေရမိ 10:2 - Common Language Bible ကိုယ်တော်က``သင်တို့သည်လူမျိုးခြားတို့၏ ကျင့်စဉ်ကိုမလိုက်မလျှောက်ကြနှင့်။ မိုးကောင်းကင်တွင်မြင်ရသည့်နိမိတ်လက္ခဏာ များ အတွက်လူမျိုးတကာတို့သည် ထိတ်လန့်ကြစေကာမူ၊သင်တို့မထိတ်မလန့် ကြနှင့်။ Garrad Bible ထာ ဝ ရ ဘု ရား က လူ မျိုး ခြား တို့ ကြောက် ရွံ့ သော၊ မိုး ကောင်း ကင် နိ မိတ် လ က္ခ ဏာ များ ကြောင့် ကြောက် ရွံ့ လျက်၊ ၎င်း တို့ အ လေ့ အ လာ ကို သင် လျက် မ နေ ကြ လင့်။ Judson Bible ထာဝရဘုရား မိန့်တော်မူသည်ကား၊ သာသနာပလူတို့၏ဘာသာဓလေ့၌ မကျင်လည်ကြနှင့်။ သာသနာပလူတို့ ထိတ်လန့်ကြောက်တတ်သော မိုးကောင်းကင်နိမိတ်တို့မှ မထိတ်လန့် မကြောက်ကြနှင့်။ မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားက “လူမျိုးခြားတို့၏နည်းလမ်းကို မသင်ယူကြနှင့်။ လူမျိုးခြားတို့သည် မိုးကောင်းကင်မှနိမိတ်လက္ခဏာတို့ကို ကြောက်လန့်တတ်ကြသကဲ့သို့ သင်တို့ မကြောက်လန့်ကြနှင့်။ |
တစ်ဖန်ဘုရားသခင်က``နေ့နှင့်ညဥ့်ကို ခွဲခြားရန်နှင့်နေ့ရက်၊ နှစ်၊ ပွဲတော်ရက်
အို ဣသရေလပြည်သားတို့၊သင်တို့အတွက် ထာဝရဘုရားပေးတော်မူသောဗျာဒိတ် တော်ကို နားထောင်ကြလော့။
သင်တို့သည်အခြားနိုင်ငံများကဲ့သို့လည်း ကောင်း၊ တိုင်းတစ်ပါးတွင်နေထိုင်သူများကဲ့ သို့လည်းကောင်း၊ သစ်ပင်များ၊ ကျောက်တုံး များကိုဝတ်ပြုရှိခိုးကြမည်ဟုကြံစည် ဆုံးဖြတ်ထားကြ၏။ သို့ရာတွင်ယင်း အကြံမထမြောက်ရ။
သင်တို့နေထိုင်ခဲ့ဖူးသောအီဂျစ်ပြည်ရှိ လူ တို့၏အလေ့အကျင့်များကိုသော်လည်းကောင်း၊ သင်တို့အားငါယခုပို့ဆောင်နေထိုင်စေမည့် ခါနာန်ပြည်ရှိလူတို့၏အလေ့အကျင့်များ ကိုသော်လည်းကောင်းမကျင့်ကြနှင့်။-
ထိုပြည်တွင်နေထိုင်သူတို့၏ဋ္ဌလေ့ထုံးစံများကိုမကျင့်သုံးနှင့်။ ထိုပြည်သို့သင်တို့ဝင်ရောက်နိုင်ရန် ငါသည်ထိုပြည်သားများကိုနှင်ထုတ်မည်။ ငါသည်သူတို့၏ဆိုးယုတ်သောအလေ့အကျင့်များကိုစက်ဆုပ်ရွံရှာ၏။-
``သင်တို့၏ဘုရားသခင်ထာဝရဘုရား ပေးသနားတော်မူသောပြည်သို့ရောက်ရှိကြ သောအခါ သင်တို့သည်ထိုပြည်တွင်နေထိုင် သည့် လူမျိုးတို့၏ရွံရှာဖွယ်သောအလေ့ အကျင့်များကိုမကျင့်ကြနှင့်။-
ငါသည်သင်တို့၏ဘုရားသခင်ထာဝရဘုရား ဖြစ်ကြောင်းကိုမိန့်ကြား၍ ယခုသင်တို့နေထိုင်ရာ ပြည်ရှိအာမောရိအမျိုးသားတို့ကိုးကွယ်သည့် ဘုရားများကိုမကိုးကွယ်ကြရန်သင်တို့အား ပညတ်ခဲ့၏။ သို့သော်လည်းသင်တို့သည်ငါ့စကား ကိုနားမထောင်ကြ'' ဟုမိန့်တော်မူ၏။