ယေရုရှလင်မြို့သားတို့၊ သင်တို့အားရန်သူ များဝိုင်းရံလျက်ရှိကြ၏။ ဤမြို့မှထွက် ခွာရန်သင်တို့၏ဥစ္စာပစ္စည်းများကိုစုသိမ်း ကြလော့။-
အို ဝိုင်း ထား ခြင်း ကို ခံ ရ သော မြို့၊ ထာ ဝ ရ ဘု ရား က၊ ယ ခု ကာ လ ငါ သည်၊ ဤ ပြည် သူ ပြည် သား တို့ ကို ပစ် လိုက်၍၊ ဒု က္ခ ခံ စား ရ သည့် တိုင် အောင်၊ ရန် ပြု လိမ့် မည် ဟု မိန့် တော် မူ သော ကြောင့်၊ ကိုယ့် အ ထုပ် အ ပိုး ကို မြေ ပေါ် က ချီ သွား လော့။
အို ရဲတိုက်၌နေသောသူ၊ မြေပေါ်မှာရှိသော သင်၏ဥစ္စာပရိကံများကို စုသိမ်းလော့။
အို ဝိုင်းထားခံရသောသူ၊ မြေကြီးပေါ်မှ သင့်ပစ္စည်းကိုစုသိမ်းလော့။
အို ယေရုရှလင်မြို့၊ သင်သည်လွင်ပြင်ပေါ်မှ ကျောက်ဆောင်ကြီးသဖွယ်ချိုင့်ဝှမ်းများအ ထက်တွင်မြင့်မားစွာရပ်တည်လျက်ရှိ၏။ သို့ သော်ငါထာဝရဘုရားသည်သင့်အားတိုက် ခိုက်တော်မူမည်။ သင်သည်မိမိအားအဘယ် သူမျှမတိုက်မခိုက်နိုင်။ သင်၏ခံတပ်များ ကိုလည်းမဖြိုမခွင်းနိုင်ဟုဆိုချေသည်။-
ဗင်္ယာမိန်ပြည်သားတို့၊ ဘေးမဲ့လုံခြုံရာသို့ပြေး ကြလော့။ ယေရုရှလင်မြို့မှထွက်သွားကြလော့။ တေကောရွာ၌တံပိုးခရာကိုမှုတ်ကြလော့။ ဗေသက္ကရင်ရွာတွင်အချက်ပြမီးရှူးတိုင်ကို မြှောက်တင်ကြလော့။ ဘေးအန္တရာယ်နှင့်ပျက်စီး ခြင်းသည်မြောက်အရပ်မှရောက်ရှိလာတော့ မည်။-
ထ၍ထွက်ခွာကြလော့။ ဤပြည်သည်သင်တို့ လုံခြုံစွာနေထိုင်ရာအရပ်မဟုတ်တော့ပြီ။ သင်တို့၏ဒုစရိုက်အပြစ်ကြောင့်ဤပြည် သည်ပျက်စီးရလိမ့်မည်။
``ပရောဖက်ဒံယေလဟောကြားခဲ့သည့်ထိတ်လန့် စက်ဆုတ်ဖွယ်ကောင်းသည့်အရာသည်မရှိအပ်သည့် အရပ်တွင်ရှိနေသည်ကိုသင်တို့မြင်ကြလိမ့်မည်။ (စာဖတ်သူသည်ဤအချက်ကိုသတိပြုအပ်၏။)-
သူတို့သည်သင်တို့၏ဘုရားသခင်ထာဝရ ဘုရား ပေးသနားတော်မူမည့်ပြည်တွင်မြို့ ရှိသမျှကိုတိုက်ခိုက်သဖြင့် သင်တို့လုံခြုံ ပြီဟုစိတ်ချရသောမြင့်မားခိုင်ခံ့သည့် မြို့ရိုးတို့သည်ပြိုကျကုန်လိမ့်မည်။