ကိုယ်တော်က``အချင်းလူသား၊ ထိုအခြင်းအရာကိုမြင်သလော။ ထိုထက်ပင်ပို၍စက်ဆုပ်ဖွယ်ကောင်းသောအမှုတို့ကိုသင်မြင်ရလိမ့်မည်'' ဟုမိန့်တော်မူ၏။-
ကိုယ် တော် က လည်း၊ အ ချင်း လူ့ သား၊ ထို အ ရာ ကို မြင် ပြီ လော။ ထို ထက် ရွံ ရှာ ဖွယ် အ မှု များ ကို မြင် ရ ဦး မည် ဟု မိန့် ဆို လျက်၊ ဗိ မာန် တော် အ တွင်း ထဲ သို့၊ ငါ့ ကို ဆောင် သွား တော် မူ သော်၊
အချင်းလူသား၊ ထိုအမှုကိုမြင်ပြီလော။ တစ်ဖန် လှည့်၍သွားဦးလော့။ ထိုမျှမက သာ၍ကြီးစွာသော စက်ဆုပ်ရွံရှာဖွယ်အမှုတို့ကို မြင်လိမ့်မည်ဟု မိန့်တော်မူလျက်၊
တစ်ဖန် ငါ့အား “အချင်းလူသား၊ သင်မြင်ပြီမဟုတ်လော။ ဆက်သွားလျှင် ပို၍ဆိုးဝါးသော စက်ဆုပ်ရွံရှာဖွယ်တို့ကို သင်မြင်ရဦးမည်”ဟု မိန့်တော်မူ၏။
အရှင်ထာဝရဘုရားမိန့်တော်မူသည် မှာ``သင်တို့သည်ဆိုးညစ်စက်ဆုပ်ဖွယ်သော အမှုအပေါင်းကိုပြုလျက် ဗိမာန်တော်ကို ညစ်ညမ်းစေသဖြင့် ငါသည်အသက်ရှင် တော်မူသောဘုရားဖြစ်သည်နှင့်အညီ သင်တို့အားသနားညှာတာမှုမရှိဘဲ သုတ်သင်ပစ်မည်။-
ငါ့အားဗိမာန်တော်မြောက်တံခါးသို့ခေါ်ဆောင်သွားတော်မူ၏။ ထိုနောက်တမ္မုဇနတ်ဘုရားကွယ်လွန်သဖြင့် ငိုကြွေးနေကြသောအမျိုးသမီးတို့ကိုပြတော်မူ၏။
သို့ဖြစ်၍ကိုယ်တော်သည်ငါ့အား ဗိမာန်တော်အတွင်းတံတိုင်းသို့ခေါ်ဆောင်သွားတော်မူ၏။ ဗိမာန်တော်အဝင်ဝအနီးယဇ်ပလ္လင်နှင့်ဆင်ဝင်စပ်ကြား၌ လူနှစ်ဆယ့်ငါးယောက်ခန့်ရှိ၏။ သူတို့သည်ဗိမာန်တော်ကိုကျောခိုင်းလျက်အရှေ့ဘက်သို့မျက်နှာမူလျက် ထွက်ပြူလာသောနေမင်းအားရှိခိုးနေကြ၏။
ဘုရားသခင်ကငါ့အား``အချင်းလူသား၊ ထိုသူတို့ပြုနေသည့်အမှုကိုသင်မြင်သလော။ ဤအရပ်တွင်ဣသရေလအမျိုးသားတို့ပြုနေကြသည့်စက်ဆုပ်ဖွယ်ရာများကိုကြည့်လော့။ သူတို့သည်ငါ့အားသန့်ရှင်းရာဌာနတော်နှင့်ဝေးသည်ထက်ဝေးအောင်နှင်ထုတ်လျက်နေကြ၏။ သင်သည်ထိုအရာတို့ထက်ပို၍ရှက်ကြောက်ဖွယ်ကောင်းသည့်အရာတို့ကိုမြင်ရလိမ့်မည်'' ဟု မိန့်တော်မူ၏။
ကိုယ်တော်သည်ငါ့အား``အထဲသို့ဝင်၍ထိုသူတို့ပြုနေကြသည့်ဆိုးညစ်စက်ဆုပ်ဖွယ်သောအမှုတို့ကိုကြည့်လော့'' ဟုမိန့်တော်မူလျှင်၊-
ဆိုးညစ်သူများ၊ အယောင်ဆောင်လှည့်စားသူ များသည်ဆိုးယုတ်သည်ထက်ပိုမိုယုတ်စွာပြု ကျင့်လာကြလိမ့်မည်။ သူတို့သည်သူတစ်ပါး တို့အားလှည့်စား၍မိမိတို့ကိုယ်တိုင်လည်း အလှည့်စားခံရလိမ့်မည်။-