ဇိအုန်မြို့သူမြို့သားအပေါင်းတို့အား ကြွေးကြော်သီဆိုစေကြလော့။ ဣသရေလအမျိုးသားတို့၏ ဘုရားသခင်သည်ကြီးမြတ်တော်မူ၍၊ မိမိလူမျိုးတော်အလယ်၌ကျိန်းဝပ်တော် မူ၏။''
ယေဇကျေလ 48:8 - Common Language Bible ယုဒပြည်အရှေ့နယ်စပ်မှအနောက်နယ်စပ်အတွင်း အထူးနယ်မြေတစ်ခုရှိရမည်။ ထိုနယ်မြေသည်အနံရှစ်မိုင်ရှိ၍အလျားမှာဣသရေလအနွယ်တို့အားခွဲဝေပေးသည့်နယ်မြေတို့၏အလျားအတိုင်းဖြစ်ရမည်။ ဗိမာန်တော်သည်ထိုနယ်မြေတွင်ရှိရမည်။ Garrad Bible ယု ဒ နယ် စပ် တ ရှောက်၊ အ ရှေ့ ဘက် မှ အ နောက် ဘက် တိုင် အောင်၊ တ နွယ် နွယ်၏ ဝေ ပုံ အ လျား နှင့် အ မျှ။ အ နံ အ တောင် နှစ် သောင်း ငါး ထောင် ကျယ်။ အ လယ် တွင် သန့် ရှင်း ရာ ဌာ န တော် ပါ ရှိ သော တ စု ကို၊ သင်္ဃိ က အ ဖြစ် အ လှူ ဆက် ကြ ရ မည်။ Judson Bible ယုဒခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် သင်တို့ပူဇော်ရသော မြေကွက်ရှိရမည်။ ထိုမြေအနံကား၊ ကျူလုံးအပြန် နှစ်သောင်းငါးထောင်၊ အလျားကား အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် ခရိုင်အလျားနှင့် ညီရမည်။ ထိုမြေအတွင်း၌ သန့်ရှင်းရာဌာနရှိရမည်။ မြန်မာ့စံမီသမ္မာကျမ်း ယုဒနယ်နိမိတ်နှင့်ကပ်လျက် အရှေ့ဘက်မှ အနောက်ဘက်တစ်လျှောက်သည် သင်တို့ပေးလှူရမည့် အလှူမြေဖြစ်၏။ ဤမြေသည် အနံအတောင်နှစ်သောင်းငါးထောင်၊ အလျားမှာ မျိုးနွယ်တစ်နွယ်ရသောဝေစုအတိုင်း အရှေ့ဘက်မှ အနောက်ဘက်ခြမ်းတိုင်အောင် အလျားတူရမည်။ ဤမြေ၏အလယ်ဗဟိုတွင် သန့်ရှင်းရာဌာနရှိရမည်။ |
ဇိအုန်မြို့သူမြို့သားအပေါင်းတို့အား ကြွေးကြော်သီဆိုစေကြလော့။ ဣသရေလအမျိုးသားတို့၏ ဘုရားသခင်သည်ကြီးမြတ်တော်မူ၍၊ မိမိလူမျိုးတော်အလယ်၌ကျိန်းဝပ်တော် မူ၏။''
ဗိမာန်တော်၊ ယဇ်ပုရောဟိတ်များ၊ လေဝိအနွယ်ဝင်များနှင့်မြို့အတွက်သတ်မှတ်ထားသောမြေယာ၏အရှေ့ဘက်နှင့်အနောက်ဘက်တို့တွင် ကျန်ရှိနေသောမြေယာကိုနန်းစံနေဆဲမင်းသားကပိုင်ဆိုင်သည်။ ထိုမြေယာသည်အရှေ့ဘက်တွင်အရှေ့နယ်နိမိတ်သို့လည်းကောင်း၊ အနောက်ဘက်တွင်မြေထဲပင်လယ်သို့လည်းကောင်းရောက်၍၊ ဤမြေယာမြောက်ဘက်၌ရှိသောယုဒ၏နယ်မြေနှင့်တောင်ဘက်၌ရှိသောဗင်္ယာမိန်၏နယ်မြေစပ်ကြားတွင်ရှိသတည်း။
မြို့ကိုကာရံထားသည့်မြို့ရိုးအလျားစုစုပေါင်းမှာကိုက်တစ်သောင်းရှစ်ဆယ်ဖြစ်၏။ ထိုမြို့ကိုယခုမှအစပြု၍``ထာဝရဘုရားဤတွင်စံတော်မူသည်'' ဟုသမုတ်လိမ့်မည်။ ပရောဖက်ယေဇကျေလစီရင်ရေးထားသောအနာဂတ္တိကျမ်းပြီး၏။
ထာဝရဘုရားအတွက်ဆက်ကပ်ထားသည့်နယ်မြေသည်အလျားရှစ်မိုင်၊ အနံခြောက်မိုင်ရှိရမည်။-
ဘုရားသခင်၏ဗိမာန်တော်သည်ရုပ်တုများ နှင့်မည်သို့သဘောတူညီချက်ရှိနိုင်ပါအံ့ နည်း။ ငါတို့သည်အသက်ရှင်တော်မူသော ဘုရားသခင်၏ဗိမာန်တော်ဖြစ်ကြ၏။ ဘုရားသခင်က၊ ``ငါသည်ငါ၏လူစုတော်တွင်ကျိန်းဝပ်မည်။ သူတို့ထံတွင်စံတော်မူမည်။ ငါသည်သူတို့၏ဘုရားဖြစ်၍သူတို့သည် လည်း ငါ၏လူစုတော်ဖြစ်လိမ့်မည်''
လူ့ဇာတိအဖြစ်နှင့်လောကတွင်သက်တော် ထင်ရှားရှိတော်မူစဉ်အခါက ခရစ်တော်၌ ဘုရားဇာတိတော်အပြည့်အဝကိန်းအောင်း တော်မူပေသည်။-
ထိုမြို့တော်ထဲတွင်ဗိမာန်တော်ကိုငါမတွေ့ရ။ အဘယ်ကြောင့်ဆိုသော်ထိုမြို့၏ဗိမာန်တော်သည် အနန္တတန်ခိုးရှင်ထာဝရအရှင်ဘုရားသခင် နှင့်သိုးသူငယ်တို့ဖြစ်သောကြောင့်တည်း။-
ငါသည်ပလ္လင်တော်မှကျယ်စွာသောအသံကို ကြားရ၏။ ထိုအသံက``ယခုအခါ၌ဘုရား သခင်သည်လူသားတို့ထံတွင်ကျိန်းဝပ်တော် မူပြီ။ ကိုယ်တော်သည်သူတို့နှင့်အတူနေတော် မူမည်။ ထိုသူတို့သည်ကိုယ်တော်၏လူစုတော် ဖြစ်ကြလိမ့်မည်။ ဘုရားသခင်ကိုယ်တော်တိုင် ပင်လျှင်သူတို့နှင့်အတူရှိနေတော်မူ၍သူ တို့၏ဘုရားဖြစ်မည်။-
ဘုရားသခင်၏ကျိန်ဆဲခြင်းကိုခံရသည့်အရာ တစ်စုံတစ်ရာမျှ ထိုမြို့တွင်ရှိလိမ့်မည်မဟုတ်။ ဘုရားသခင်နှင့်သိုးသူငယ်တော်၏ပလ္လင်တော် သည် ထိုမြို့တွင်ရှိ၍ကိုယ်တော်၏အစေခံတို့ သည်ကိုယ်တော်အားဝတ်ပြုကိုးကွယ်ကြလိမ့် မည်။-