သူသည်ထပ်မံ၍ကိုက်ငါးရာခြောက်ဆယ် တိုင်းလိုက်သောအခါ ငါဖြတ်ကူး၍မရ သောမြစ်တစ်စင်းသို့ရောက်လာ၏။ ရေအလွန် နက်သဖြင့်ငါသည်ခြေထောက်၍မမီဘဲ လက်ပစ်ကူးရလေသည်။-
အ တောင် တစ် ထောင် ရောက် တိုင်း တာ ပြန် သော်၊ ရေ နက် ပြီ ဖြစ် သော ကြောင့်၊ မ ဖော့ မ ကူး ဘဲ ဖြတ် သွား၍ မ ရ အောင် မြစ် ဖြစ် သော ထို ရေ ကို ငါ မ ဖြတ် နိုင် ချေ၊
တစ်ဖန် အတောင်တစ်ထောင်စေ့အောင် တိုင်းသောအခါ မကူးနိုင်သောမြစ် ဖြစ်လေ၏။ ရေထသောကြောင့် နင်း၍မကူးနိုင်၊ ခြေထောက်၍ မမီဘဲ ကူးရသောမြစ်ဖြစ်၏။
တစ်ဖန် အရှည်အတောင်တစ်ထောင်ကိုထပ်တိုင်းပြန်ရာ ရေအလွန်နက်သောကြောင့် ငါသည် မြစ်ကိုဖြတ်မကူးနိုင်။ မြစ်သည် ဖြတ်ကူး၍မရတော့ဘဲ လက်ပစ်ကူးရသောအနေအထားသို့ ရောက်လေ၏။
ဘုရားသခင်၏သန့်ရှင်းမြင့်မြတ်သည့် ဇိအုန်တောင်တော်ပေါ်၌ ဘေးအန္တရာယ်ဖြစ်စေသည့်အရာသို့မဟုတ် ဆိုးညစ်သည့်အရာတစ်စုံတစ်ခုမျှ ရှိလိမ့်မည်မဟုတ်။ ပင်လယ်များသည်ရေနှင့်ပြည့်လျက်နေသကဲ့သို့၊ ထိုပြည်တော်သည်လည်းထာဝရဘုရားအား သိကျွမ်းမှုအသိပညာနှင့်ပြည့်ဝ၍နေလိမ့် မည်။
ထို့နောက်သူသည်နောက်ထပ်ကိုက်ငါးရာ ခြောက်ဆယ်တိုင်းပြန်၏။ ထိုနေရာတွင်ရေ သည်ငါ၏ဒူးဆစ်အထိရောက်ရှိလာ၏။ နောက်ကိုက်ငါးရာခြောက်ဆယ်အကွာတွင် ရေသည်ငါ၏ခါးအထိရောက်ရှိ၏။-
ပင်လယ်တို့သည်ရေနှင့်ပြည့်လျက်နေသကဲ့% သို့ ကမ္ဘာမြေကြီးသည်လည်း ဘုရားသခင်၏% ဘုန်းအသရေတော်ကိုသိကျွမ်းမှုဖြင့်ပြည့်% လျက်နေလိမ့်မည်။
ထိုနောက်သတ္တမကောင်းကင်တမန်တံပိုးခရာ မှုတ်လိုက်သောအခါ``ကမ္ဘာလောကကိုအုပ်စိုး သောအာဏာသည် ငါတို့အရှင်နှင့်ကိုယ်တော် ၏မေရှိယလက်ထဲသို့ရောက်လာလေပြီ။ ကိုယ်တော်သည်ကမ္ဘာအဆက်ဆက်စိုးစံတော် မူလိမ့်မည်'' ဟုကောင်းကင်မှကျယ်စွာပြော သောအသံများကိုကြားရ၏။-
ထိုနောက်ငါကြည့်လိုက်သောအခါ အဘယ် သူမျှမရေမတွက်နိုင်သောလူအုပ်ကြီး ကိုတွေ့ရ၏။ သူတို့သည်ဘာသာစကား အမျိုးမျိုးကိုပြောဆိုသော လူမျိုးအနွယ် ခပ်သိမ်းတို့မှလာရောက်ကြသူများဖြစ် ကြ၏။ သူတို့သည်ဝတ်လုံဖြူများကိုဝတ် လျက်စွန်ပလွန်ခက်များကိုကိုင်ကာ ပလ္လင် တော်နှင့်သိုးသူငယ်တော်၏ရှေ့တွင်ရပ် လျက်နေကြ၏။-