ထိုနောက်ထိုလူသည်ငါ့အားမြောက်မုခ်ပေါက်သို့ခေါ်ဆောင်သွား၏။ သူသည်ထိုမုခ်ပေါက်ကိုတိုင်းတာကြည့်ရာအခြားမုခ်ပေါက်များနှင့်အတူတူပင်ဖြစ်ကြောင်းတွေ့ရ၏။-
ယေဇကျေလ 47:2 - Common Language Bible ထိုလူသည်ငါ့အားမြောက်တံခါးဖြင့် ဗိမာန်တော်နယ်မြေမှထုတ်ဆောင်ကာအရှေ့ တံခါးသို့ခေါ်ယူသွား၏။ ထိုတံခါး၏ တောင်ဘက်တွင်ချောင်းငယ်တစ်ခုစီးဆင်း လျက်ရှိ၏။- Garrad Bible ထို အ ခါ၊ အ ပြင် သို့ မြောက် တံ ခါး ဖြင့်၊ ငါ့ ကို ခေါ် ဆောင် လျက်၊ အ ရှေ့ ဘက် အ ပြင် တံ ခါး ရောက် လှည့် ပတ် စေ၍၊ ထို တံ ခါး တောင် ဘက်၌ ရေ စိမ့် ထွက် သည် ကို ပြ ပြီး လျှင်၊ Judson Bible တစ်ဖန် မြောက်တံခါးလမ်းဖြင့် ငါ့ကိုထုတ်၍ ပြင်၌ဝိုင်းသွားလျက်၊ အရှေ့သို့မျက်နှာပြုသော ပြင်တံခါးလမ်းဝသို့ ရောက်သောအခါ၊ လက်ယာဘက်မှစီးသော ရေကိုငါမြင်၏။ မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ငါ့အား မြောက်ဘက်မုခ်ဆောင်မှ အပြင်ဘက်သို့ ခေါ်ဆောင်သွားပြီး အပြင်ဘက်အရှေ့မုခ်ဆောင်ကို လှည့်လည်ကြည့်ရှုစေ၏။ လက်ယာဘက်တွင် ရေများစီးဆင်းနေသည်ကို တွေ့ရ၏။ |
ထိုနောက်ထိုလူသည်ငါ့အားမြောက်မုခ်ပေါက်သို့ခေါ်ဆောင်သွား၏။ သူသည်ထိုမုခ်ပေါက်ကိုတိုင်းတာကြည့်ရာအခြားမုခ်ပေါက်များနှင့်အတူတူပင်ဖြစ်ကြောင်းတွေ့ရ၏။-
ထာဝရဘုရားကငါ့အား``ဤတံခါးကို ပိတ်ထားရမည်။ အဘယ်အခါ၌မျှဖွင့်ရ မည်မဟုတ်။ လူသားမှန်သမျှဤတံခါးကို အသုံးပြုခွင့်မရှိ။ အဘယ်ကြောင့်ဆိုသော် ဣသရေလအမျိုသားတို့၏ဘုရားသခင် ထာဝရဘုရားသည် ထိုတံခါးဖြင့်ဝင်တော် မူခဲ့သောကြောင့်တည်း။-
ထိုနောက်ထိုလူသည်ငါ့အားမြောက်မုခ်ပေါက် ကိုဖြတ်၍ ဗိမာန်တော်ရှေ့သို့ခေါ်ဆောင်သွား ရာငါရှာကြည့်သော် ထာဝရဘုရား၏ဗိမာန် တော်တွင်ကိုယ်တော်၏တောက်ပသောဘုန်း အသရေတော်နှင့်ပြည့်လျက်နေသည်ကို မြင်ရ၏။ ငါသည်မြေပေါ်သို့ပျပ်ဝပ်လိုက်၏။-
ထိုလူသည်ငါ့အားဗိမာန်တော်အဝင်တံခါး ဝသို့ခေါ်ဆောင်သွား၏။ တံခါးခုံအောက်မှ ရေသည်ယဇ်ပလ္လင်၏တောင်ဘက်ကိုဖြတ်ကာ ဗိမာန်တော်မျက်နှာမူရာအရှေ့ဘက်သို့ စီးဆင်းလျက်နေ၏။-
ထိုသူသည်ချောင်းအောက်ဘက်မှအရှေ့ဘက် သို့မိမိကူတံဖြင့်ကိုက်ငါးရာခြောက်ဆယ် တိုင်းပြီးနောက်ငါ့အားချောင်းကိုဖြတ်၍ လျှောက်သွားစေ၏။ ရေကားငါ၏ခြေ မျက်စိအထိသာရောက်လေသည်။-