``ယဇ်ပလ္လင်ပေါ်တွင်နေ့စဉ်မပြတ်တစ်နှစ် သားသိုးကလေးနှစ်ကောင်ကိုပူဇော်ရမည်။-
ယေဇကျေလ 46:15 - Common Language Bible နံနက်၌ထာဝရဘုရားအားသိုးငယ်၊ မုန့်ညက်နှင့်သံလွင်ဆီတို့ကိုအစဉ်အမြဲ ဆက်ကပ်ကြစေ'' ဟုမိန့်တော်မူ၏။ Garrad Bible ဆက် မြဲ မီး ရှို့ ရာ သ က္ကာ အ ဖြစ် သိုး သား ငယ် ကို၊ ဆီ ပါ သော ဘော ဇဉ် သ က္ကာ နှင့် တ ကွ၊ နံ နက် တိုင်း ဆက် ကပ် ကြ စေ ဟု မိန့် တော် မူ ၏။ Judson Bible ထိုသို့မီးရှို့ရာယဇ်ကို နံနက်တိုင်း အစဉ်မပြတ် ပူဇော်စရာဖို့ သိုးသငယ်ကိုလည်းကောင်း၊ ဘောဇဉ်ပူဇော်သကာနှင့် ဆီကိုလည်းကောင်း ပြင်ဆင်ရမည်။ မြန်မာ့စံမီသမ္မာကျမ်း မီးရှို့ရာယဇ်အဖြစ် သိုးသငယ်တစ်ကောင်၊ ဘောဇဉ်ပူဇော်သက္ကာနှင့် ဆီတို့ကိုလည်း နံနက်တိုင်း အစဉ်ပူဇော်ရမည်’ဟု မိန့်တော်မူ၏။ |
``ယဇ်ပလ္လင်ပေါ်တွင်နေ့စဉ်မပြတ်တစ်နှစ် သားသိုးကလေးနှစ်ကောင်ကိုပူဇော်ရမည်။-
ငါစံရာတဲတော်တံခါးဝ၌ဤမီးရှို့ရာ ယဇ်ကို၊ ငါ၏ရှေ့တော်တွင်သားစဉ်မြေးဆက် ပူဇော်ရမည်။ ထိုနေရာတွင်ငါသည်ငါ၏ လူမျိုးတော်နှင့်တွေ့ဆုံစကားပြောမည်။-
ဤသကာသည်နေ့စဉ်အကုန်အစင်မီးရှို့ပူ ဇော်ရသောသကာဖြစ်၏။ ဤသကာသည်သိနာ တောင်ပေါ်တွင်ဦးစွာပူဇော်ခဲ့သောသကာဖြစ်၍ ယင်းရနံ့ကိုထာဝရဘုရားနှစ်သက်တော် မူ၏။-
ယဇ်ပုရောဟိတ်မင်းတို့သည်နေ့စဉ်ဦးစွာပထမ မိမိတို့ကိုယ်ပိုင်အပြစ်များအတွက်လည်းကောင်း၊ ထိုနောက်လူတို့၏အပြစ်များအတွက်လည်းကောင်း ယဇ်ပူဇော်ကြရလေသည်။ ကိုယ်တော်မူကားဤသို့ ပြုရန်မလို။ အဘယ်ကြောင့်ဆိုသော်မိမိအသက် ကိုတင်လှူပူဇော်စဉ်အခါက တစ်ကြိမ်တည်း အပြီးအပိုင်ယဇ်ပူဇော်ခဲ့ပြီးဖြစ်သော ကြောင့်တည်း။-
အကယ်၍ဝင်တော်မူသည်ဆိုပါမူကမ္ဘာ လောကကိုဖန်ဆင်းတော်မူချိန်မှအစပြု၍ အဖန်တလဲလဲအသေခံတော်မူရမည်သာ ဖြစ်ပေသည်။ ယခုမူကားကပ်ကမ္ဘာကုန်ဆုံး ခါနီးအချိန်၌အပြီးအပိုင်တစ်ကြိမ်တည်း ကြွလာ၍ မိမိအသက်ကိုပူဇော်ကာအပြစ် ဒုစရိုက်ကိုသုတ်သင်ပယ်ရှင်းတော်မူ၏။-