ငါထာဝရဘုရားသည်သူတို့၏ဘုရား ဖြစ်လိမ့်မည်။ ငါ၏အစေခံဒါဝိဒ်ကဲ့သို့ သောဘုရင်သည်လည်း သူတို့၏ဘုရင် ဖြစ်လိမ့်မည်။ ဤကားငါမိန့်တော်မူသော စကားဖြစ်၏။-
ယေဇကျေလ 45:7 - Common Language Bible နန်းစံနေဆဲမင်းသားအတွက်မြေယာတစ် ကွက်ကိုလည်းဖယ်ထားရမည်။ ယင်းသည်သန့် ရှင်းမြင့်မြတ်သည့်နယ်မြေ၏အနောက်ဘက် နယ်နိမိတ်မှအနောက်ဘက်သို့လားသော်မြေ ထဲပင်လယ်အထိ၊ အရှေ့ဘက်သို့လားသော် တိုင်းပြည်၏အရှေ့နယ်နိမိတ်အထိဖြစ်ရ မည်။ ယင်း၏အလျားသည်ဣသရေလအမျိုး နွယ်တစ်နွယ်အတွက်သတ်မှတ်ထားသည့်နယ် မြေ၏အလျားအတိုင်းဖြစ်ရမည်။- Garrad Bible ပြည့် ရှင် မင်း အ ရာ တော် ကို၊ သီး သန့် သော ဝ တ္ထု ကံ မြေ နှင့်၊ မြို့ တော် ဆင် ခြေ ဖုံး များ၊ အ ရှေ့ အ နောက် နှစ် ဘက်၌၊ အ နောက် စွန်း မှ အ ရှေ့ စွန်း အ ထိ၊ အ နွယ် နွယ်၏ ဝေ ပုံ အ လျား နှင့် အ မျှ ဆက် ထား ကြ ရ မည်။ Judson Bible သန့်ရှင်းသောမြေကွက်နှင့် မြို့တော် နယ်နိမိတ် အနောက်ဘက်တစ်လျှောက်လုံးတစ်ပိုင်း၊ အရှေ့ဘက်တစ်လျှောက်လုံးတစ်ပိုင်းသည် မင်းသားအဖို့ ဖြစ်ရမည်။ မြန်မာ့စံမီသမ္မာကျမ်း မင်းသားပိုင်ရာမြေသည် သန့်ရှင်းရာမြေနှင့် မြို့ပိုင်မြေတို့၏တစ်ဖက်တစ်ချက်တွင်ရှိရမည်။ သန့်ရှင်းရာမြေနှင့် မြို့ပိုင်မြေမှ အနောက်ဘက်နယ်နိမိတ်နှင့် အရှေ့ဘက်နယ်နိမိတ်အထိရောက်၍ အရှေ့နှင့်အနောက် နှစ်ဖက်စလုံး မျိုးနွယ်တစ်နွယ်၏အမွေမြေနှင့်ထိစပ်ပြီး အလျားတူရမည်။ |
ငါထာဝရဘုရားသည်သူတို့၏ဘုရား ဖြစ်လိမ့်မည်။ ငါ၏အစေခံဒါဝိဒ်ကဲ့သို့ သောဘုရင်သည်လည်း သူတို့၏ဘုရင် ဖြစ်လိမ့်မည်။ ဤကားငါမိန့်တော်မူသော စကားဖြစ်၏။-
ငါ၏အစေခံဒါဝိဒ်ကဲ့သို့သောဘုရင် သည်သူတို့၏ဘုရင်ဖြစ်လိမ့်မည်။ သူတို့ အားလုံးသိုးထိန်းတစ်ပါးတည်း၏လက် အောက်၌စုစည်းကြလျက် ငါ၏ပညတ် တော်တို့ကိုသစ္စာရှိစွာစောင့်ထိန်း၍ငါ ၏အမိန့်ကိုနာခံကြလိမ့်မည်။-
ဗိမာန်တော်၊ ယဇ်ပုရောဟိတ်များ၊ လေဝိအနွယ်ဝင်များနှင့်မြို့အတွက်သတ်မှတ်ထားသောမြေယာ၏အရှေ့ဘက်နှင့်အနောက်ဘက်တို့တွင် ကျန်ရှိနေသောမြေယာကိုနန်းစံနေဆဲမင်းသားကပိုင်ဆိုင်သည်။ ထိုမြေယာသည်အရှေ့ဘက်တွင်အရှေ့နယ်နိမိတ်သို့လည်းကောင်း၊ အနောက်ဘက်တွင်မြေထဲပင်လယ်သို့လည်းကောင်းရောက်၍၊ ဤမြေယာမြောက်ဘက်၌ရှိသောယုဒ၏နယ်မြေနှင့်တောင်ဘက်၌ရှိသောဗင်္ယာမိန်၏နယ်မြေစပ်ကြားတွင်ရှိသတည်း။
ဣသရေလအမျိုးသားတို့သည်တိုင်းပြည် တစ်ပြည်လုံးကိုခွဲဝေပြီးသောအခါ နုန် ၏သားယောရှုအတွက်မြေယာတစ်ခုကို သတ်မှတ်ပေးကြသည်။-