``သင်တို့သည်ငါ၏လူမျိုးတော်ဖြစ်သောကြောင့် သားရဲများကိုက်သတ်သောတိရစ္ဆာန်၏အသား ကိုမစားရ။ ထိုအသားကိုခွေးတို့အားကျွေး လော့။
ယေဇကျေလ 44:31 - Common Language Bible ယဇ်ပုရောဟိတ်တို့သည်အလိုအလျောက် ဖြစ်စေ၊ သားရဲကိုက်၍သေသောငှက်သို့မ ဟုတ်တိရစ္ဆာန်၏အသားကိုဖြစ်စေမစား ရကြ'' ဟုမိန့်တော်မူ၏။ Garrad Bible လေ သ တ္တ ဝါ၊ မြေ သ တ္တ ဝါ၊ စ သည် တို့ အ နက်၊ အို သေ၊ နာ သေ၊ သား ရဲ ကိုက် သေ အ ကောင် ကို၊ ပ ရော ဟိတ် တို့ မ စား ကြ ရ။ Judson Bible ငှက်ဖြစ်စေ၊ သားဖြစ်စေ၊ အလိုလိုသေသောအကောင်၊ သားရဲကိုက်၍ သေသောအကောင်ကို ယဇ်ပုရောဟိတ်မစားရ။ မြန်မာ့စံမီသမ္မာကျမ်း ငှက်ဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ အလိုလိုသေလျှင်၊ သို့မဟုတ် သားရဲကိုက်၍သေလျှင် ယဇ်ပုရောဟိတ်တို့မစားရ။ |
``သင်တို့သည်ငါ၏လူမျိုးတော်ဖြစ်သောကြောင့် သားရဲများကိုက်သတ်သောတိရစ္ဆာန်၏အသား ကိုမစားရ။ ထိုအသားကိုခွေးတို့အားကျွေး လော့။
သို့ရာတွင်``အရှင်ထာဝရဘုရား၊ ကျွန်တော် မျိုးသည်အဘယ်အခါ၌မျှ မိမိကိုယ်ကို မညစ်ညမ်းစေခဲ့ဘူးပါ။ ကလေးအရွယ်မှ စ၍အဘယ်အခါ၌မျှ အလိုအလျောက် သေသောတိရစ္ဆာန်၏အသားကိုသော်လည်း ကောင်း၊ သားရဲများကိုက်၍သေသည့်တိရစ္ဆာန် ၏အသားကိုသော်လည်းကောင်း မစားခဲ့ ဘူးပါ။ ကျွန်တော်မျိုးသည်မသန့်စင်ဟု ယူဆသည့်အစားအစာကိုအဘယ်အခါ ၌မျှမစားခဲ့ဘူးပါ'' ဟုလျှောက်၏။
ထိုအသေကောင်၏အသားကိုစားသူသည် မိမိအဝတ်ကိုဖွပ်လျှော်ရမည်။ သူသည်ည ဦးတိုင်အောင်မသန့်ရှင်းဘဲရှိလိမ့်မည်။ ထို အသေကောင်ကိုသယ်ဆောင်မိသူသည် မိမိ အဝတ်ကိုဖွပ်လျှော်ရမည်။ သို့သော်သူသည် ညဦးတိုင်အောင်မသန့်ရှင်းဘဲရှိလိမ့်မည်။
ဣသရေလအမျိုးသားဖြစ်စေ၊ လူမျိုးခြား သားဖြစ်စေ၊ ဋ္ဌမ္မတာအလျောက်သေသော တိရစ္ဆာန်၏အသား သို့မဟုတ်သားရဲကိုက် သတ်၍သေသောတိရစ္ဆာန်၏အသားကိုစား လျှင် မိမိအဝတ်ကိုဖွပ်လျှော်၍ရေချိုးရ မည်။ သူသည်ညဦးတိုင်အောင်စောင့်ဆိုင်း ပြီးမှ ဘာသာရေးထုံးနည်းအရသန့်စင် လာလိမ့်မည်။-
သူသည်သဘာဝအလျောက်သေသော တိရစ္ဆာန်သို့မဟုတ်သားရဲကိုက်သတ်၍သေ သောတိရစ္ဆာန်၏အသားကိုမစားရ။ ယင်း သို့စားလျှင်သူသည်မသန့်စင်ချေ။ ငါသည် ထာဝရဘုရားဖြစ်တော်မူ၏။
အစားအစာတစ်စုံတစ်ရာစားသောက်မှု အတွက်ကြောင့်ယုံကြည်ခြင်းမခိုင်မာသေး သူကိုအကျိုးမနည်းစေနှင့်။ အစားအစာ မှန်သမျှသည်စားသင့်သောအရာဖြစ်သော် လည်းထိုအစားအစာများကိုစားသုံး ခြင်းဖြင့်သူတစ်ပါးတို့အားမှောက်မှား စေသူ၌အဆိုးဖြစ်၏။-
ထို့ကြောင့်အသားကိုစားခြင်းသည်ညီအစ်ကို အားမှောက်မှားလမ်းလွဲစေမည်ဆိုပါက ငါ သည်ငါ့ညီအစ်ကိုအားမမှောက်မှားလမ်း မလွဲစေရန်အသားကိုမစားဘဲနေမည်။
``အလိုအလျောက်သေသောတိရစ္ဆာန်၏အသား ကိုမစားရ။ သင်တို့နှင့်တစ်ရပ်တည်းနေထိုင် သောလူမျိုးခြားတို့အား ထိုအသားကိုစား ခွင့်ပြုနိုင်၏။ သို့မဟုတ်ထိုအသားကိုလူမျိုး ခြားတို့အားရောင်းခွင့်ရှိသည်။ သင်တို့ကိုမူ ကား သင်တို့၏ဘုရားသခင်ထာဝရဘုရား ပိုင်တော်မူ၏။ သင်တို့သည်ကိုယ်တော်၏ လူမျိုးတော်ဖြစ်ကြ၏။ ``သိုးကလေးသို့မဟုတ်ဆိတ်ကလေးကို ယင်း၏အမိနို့ရည်၌မချက်မပြုတ်ရ။''