သူတို့၏အရှက်လုံရန်ခါးမှပေါင်အထိရှည် သောအတွင်းခံဘောင်းဘီတိုများချုပ်ပေး ရမည်။-
ယေဇကျေလ 44:17 - Common Language Bible သူတို့သည်မုခ်ပေါက်မှဗိမာန်တော်၏တံတိုင်း အတွင်းသို့ ဝင်သောအခါပိတ်ချောထည်ကို ဝတ်ဆင်ရကြမည်။ တံတိုင်းအတွင်းရှိဝင်း ထဲ၌သော်လည်းကောင်း၊ ဗိမာန်တော်ထဲ၌ သော်လည်းကောင်း တာဝန်ထမ်းဆောင်နေစဉ် မည်သည့်သိုးမွေးထည်ကိုမျှမဝတ်မဆင် ရကြ။- Garrad Bible အ တွင်း တံ တိုင်း တံ ခါး ဖြင့် ဝင်၍၊ ထို တံ ခါး ဝ နှင့် တံ တိုင်း အ တွင်း တွင်၊ အ မှု တော် ကို ဆောင် ရွက် ကြ စဉ်၊ သိုး ချည် အ ဝတ် ကို မ ဝတ် ဘဲ၊ ပိတ် သင်္ကန်း ကို ဝတ် ဆင် ရ မည့် ပြင်၊ Judson Bible သူတို့သည် အတွင်းတံတိုင်းတံခါး အတွင်းသို့ ဝင်သောအခါ၊ ပိတ်အဝတ်ကိုသာ ဝတ်ရကြမည်။ အတွင်းတံတိုင်း တံခါးအတွင်း၌ အမှုတော်ကိုဆောင်ရွက်စဉ်၊ သိုးမွေးအဝတ်ကို မဝတ်ရကြ။ မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် အတွင်းဝင်းတံခါးသို့ ဝင်သောအခါ ချည်ချောထည်ကို ဝတ်ရမည်။ အတွင်းဝင်းတံခါး၌ဖြစ်စေ၊ အိမ်တော်တွင်း၌ဖြစ်စေ အမှုတော်ထမ်းဆောင်သောအခါ သိုးမွေးထည်ကို မဝတ်ရ။ |
သူတို့၏အရှက်လုံရန်ခါးမှပေါင်အထိရှည် သောအတွင်းခံဘောင်းဘီတိုများချုပ်ပေး ရမည်။-
အာရုန်နှင့်သူ၏သားတို့သည်ငါစံတော်မူ ရာတဲတော်ထဲသို့ဝင်သည့်အခါ၌ဖြစ်စေ၊ သန့်ရှင်းရာဌာန၌ယဇ်ပုရောဟိတ်အမှုကို ဆောင်ရန်ပလ္လင်နားသို့ချဉ်းကပ်သည့်အခါ၌ ဖြစ်စေ၊ အရှက်ပေါ်၍အသက်မသေစေအံ့ ငှာထိုဘောင်းဘီတိုများကိုဝတ်ဆင်ရမည်။ ဤပညတ်ကိုအာရုန်နှင့်သူ၏အဆက် အနွယ်တို့အမြဲစောင့်ထိန်းရမည်။
ထိုနောက်ဗိမာန်တော်တံတိုင်းအတွင်းရှိဝင်း သို့ဝင်၍မိမိ၏သန့်စင်မှုအတွက်ယဇ်ကို ပူဇော်ရမည်။ သို့မှသာလျှင်သူသည်ဗိမာန် တော်တွင်ပြန်၍အမှုတော်ထမ်းဆောင်နိုင် မည်။ ဤကားငါအရှင်ထာဝရဘုရား မိန့်တော်မူသောစကားဖြစ်၏။
ထိုနောက်ထာဝရဘုရားသည် အောက်ပါညွှန် ကြားချက်များကိုပေးတော်မူ၏။ အာရုန်သည် အလွန်သန့်ရှင်းရာဌာနတော်ထဲသို့မဝင်မီ ရေချိုး၍ယဇ်ပုရောဟိတ်ဝတ်စုံများဖြစ် သောပိတ်ချောဝတ်ရုံ၊ ဘောင်းဘီ၊ ခါးစည်း နှင့်ဗောင်းထုပ်များကိုဝတ်ဆင်ရမည်။
သူသည်ဝတ်ဆင်ရန်တောက်ပဖြူစင်သောပိတ် ချောထည်ကိုရရှိထားပြီ'' ဟုဆို၏။ (ထိုပိတ် ချောထည်ကားဘုရားသခင်လူစုဝင်တို့၏ မွန်မြတ်သည့်အကျင့်များကိုဆိုလိုသတည်း။)
ထိုပလ္လင်၏ပတ်လည်တွင်အခြားပလ္လင်နှစ်ဆယ့်လေး ခုကိုငါတွေ့မြင်ရ၏။ ထိုပလ္လင်များအပေါ်တွင် အကြီးအကဲနှစ်ဆယ့်လေးပါးထိုင်လျက်နေ၏။ သူတို့သည်ဝတ်ဖြူစင်ကြယ်များကိုဝတ်လျက်ရွှေ သရဖူများကိုဆောင်းထားကြ၏။-