ထိုလူသည်တံတိုင်းအတွင်းဝင်းကိုတိုင်းတာကြည့်ရာအလျားပေတစ်ရာခုနစ်ဆယ်၊ အနံပေတစ်ရာခုနစ်ဆယ်ရှိသည်ကိုတွေ့ရ၏။ ဗိမာန်တော်သည်အနောက်ဘက်တွင်ရှိ၍ ဗိမာန်တော်ရှေ့၌ယဇ်ပလ္လင်ရှိ၏။-
အ လျား ကို အ တောင် တစ် ရာ၊ အ နံ ကို အ တောင် တစ် ရာ တိုင်း သည့် အ လျောက်၊ စ တု ရန်း ဖြစ် သော၊ ထို တံ တိုင်း အ တွင်း၊ ဗိ မာန် တော် ဦး၌၊ ပူ ဇော် ရာ ပ လ္လင် တော် ရှိ ၏။
ထိုအခါ တံတိုင်းကိုတိုင်း၍ အလျား အတောင်တစ်ရာ၊ အနံ အတောင်တစ်ရာ စတုရန်းရှိ၏။ ယဇ်ပလ္လင်သည် အိမ်တော်ရှေ့မှာ တည်၏။
ထို့နောက် သူသည် စတုရန်းပုံဝင်းကိုတိုင်းရာ အလျားအတောင်တစ်ရာ၊ အနံအတောင်တစ်ရာရှိ၏။ အိမ်တော်ရှေ့တွင် ယဇ်ပလ္လင်ရှိ၏။
ထာဝရဘုရားစံတော်မူရာတဲတော်တံခါး ဝရှေ့တွင် မီးရှို့ရာယဇ်ပလ္လင်ကိုနေရာချထား ၏။ ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း သူသည်မီးရှို့ရာယဇ်ကိုလည်းကောင်း၊ ဘောဇဉ် ပူဇော်သကာကိုလည်းကောင်းပလ္လင်ပေါ်တွင် ပူဇော်လေ၏။-
ဗိမာန်တော်တံတိုင်းအတွင်းရှိဝင်းသို့ရောက်နိုင်သော မြေမျက်နှာပြင်မြင့်သည့်နေရာတွင်မုခ်ပေါက်တစ်ခုရှိ၏။ ထိုလူသည်အတွင်းမုခ်ဦးပေါက်နှင့်အပြင်မုခ်ဦးပေါက်အကွာအဝေးကိုတိုင်းတာကြည့်ရာ တစ်ရာခြောက်ဆယ့်ရှစ်ပေရှိသည်ကိုတွေ့ရ၏။
အရှေ့ဘက်မှာကဲ့သို့ပင်တံတိုင်းအပြင်ဝင်းကိုဖြတ်၍ ဤမြောက်ဘက်မုခ်ပေါက်နှင့်တည့်တည့်၌တံတိုင်းအတွင်းရှိဝင်းသို့ဝင်ရန်မုခ်ပေါက်တစ်ခုရှိလေသည်။ ထိုသူသည်မုခ်ပေါက်နှစ်ခု၏အကွာအဝေးကိုတိုင်း၍ကြည့်ရာ တစ်ရာခုနစ်ဆယ်ပေရှိသည်ကိုတွေ့ရ၏။
ဤအရပ်၌လည်းတံတိုင်းအတွင်းဝင်းသို့ဝင်ရာမုခ်ပေါက်တစ်ခုရှိ၏။ ထိုသူသည်ဤမုခ်ပေါက်နှင့်ပထမမုခ်ပေါက်အကွာအဝေးကိုတိုင်းတာကြည့်ရာ ပေတစ်ရာခုနစ်ဆယ်ရှိသည်ကိုတွေ့ရ၏။
ထိုလူသည်ဗိမာန်တော်အပြင်ပိုင်းကိုတိုင်း တာ၍ကြည့်၏။ ယင်းသည်အလျားပေတစ် ရာခုနစ်ဆယ်ရှိ၏။ ဗိမာန်တော်ကျောဘက် မှနေ၍မြေလွတ်ကိုဖြတ်ကာအနောက် ဘက်ဗိမာန်တော်အစွန်းဆုံးအပိုင်းအထိ ပေတစ်ရာခုနစ်ဆယ်ရှိ၏။-