ဗိမာန်တော်တံတိုင်းအတွင်းရှိဝင်းသို့ရောက်နိုင်သော မြေမျက်နှာပြင်မြင့်သည့်နေရာတွင်မုခ်ပေါက်တစ်ခုရှိ၏။ ထိုလူသည်အတွင်းမုခ်ဦးပေါက်နှင့်အပြင်မုခ်ဦးပေါက်အကွာအဝေးကိုတိုင်းတာကြည့်ရာ တစ်ရာခြောက်ဆယ့်ရှစ်ပေရှိသည်ကိုတွေ့ရ၏။
အောက် တံ ခါး အ တွင်း ပေါက် မှ၊ အ တွင်း တံ တိုင်း ရောက်၊ အ ရှေ့ မျက် နှာ၊ မြောက် မျက် နှာ ကို၊ အ တောင် တစ် ရာ စီ တိုင်း ၏။
ထိုနောက်၊ အောက်တံခါးဦးမှသည် အတွင်း တံတိုင်းပြင်ဘက်ဦးတိုင်အောင် တိုင်း၍၊ အရှေ့မျက်နှာ၌ အတောင်တစ်ရာကွာ၏။
အောက်မုခ်ဆောင်ရှေ့မှ အတွင်းဝင်းရှေ့ထိ အကျယ်ကိုတိုင်းရာ အတောင်တစ်ရာရှိ၏။ အရှေ့ဘက်နှင့် မြောက်ဘက်တို့တွင်လည်း အတောင်တစ်ရာစီကျယ်၏။
အရှေ့ဘက်မှာကဲ့သို့ပင်တံတိုင်းအပြင်ဝင်းကိုဖြတ်၍ ဤမြောက်ဘက်မုခ်ပေါက်နှင့်တည့်တည့်၌တံတိုင်းအတွင်းရှိဝင်းသို့ဝင်ရန်မုခ်ပေါက်တစ်ခုရှိလေသည်။ ထိုသူသည်မုခ်ပေါက်နှစ်ခု၏အကွာအဝေးကိုတိုင်း၍ကြည့်ရာ တစ်ရာခုနစ်ဆယ်ပေရှိသည်ကိုတွေ့ရ၏။
ဤအရပ်၌လည်းတံတိုင်းအတွင်းဝင်းသို့ဝင်ရာမုခ်ပေါက်တစ်ခုရှိ၏။ ထိုသူသည်ဤမုခ်ပေါက်နှင့်ပထမမုခ်ပေါက်အကွာအဝေးကိုတိုင်းတာကြည့်ရာ ပေတစ်ရာခုနစ်ဆယ်ရှိသည်ကိုတွေ့ရ၏။
ထိုလူသည်တံတိုင်းအတွင်းဝင်းကိုတိုင်းတာကြည့်ရာအလျားပေတစ်ရာခုနစ်ဆယ်၊ အနံပေတစ်ရာခုနစ်ဆယ်ရှိသည်ကိုတွေ့ရ၏။ ဗိမာန်တော်သည်အနောက်ဘက်တွင်ရှိ၍ ဗိမာန်တော်ရှေ့၌ယဇ်ပလ္လင်ရှိ၏။-